• အပျံသင်စငှက်ငယ်လေး

    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...

  • ကော်ဖီခါးခါး

    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။

  • ကျနော်နှင့် နတ်စိမ်းများ

    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။

  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး

    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..

Saturday, 27 November 2010

0

နုတ်ခမ်းထက်က ဓါးသွားများ




ဓါးသွားထက်က ပျားရည်လား..
ရတယ်လေ..နုတ်ခမ်းတစ်ခု လုံး
သွေးချင်းချင်းနီသွားပါစေ..ငါရအောင် ယူမယ်
သို့သော်လည်း..
ဓါးသွားနဲ့ တူတဲ့ နုတ်ခမ်းပါးပါးလေးတွေတော့
ကျွန်တော်ကြောက်ပါတယ်..
ညာနေတာ မသိခင် အညာခံမိနေတာကတော့
ငါမသိလို့..
ညာနေတာ သိသိကြီးနဲ့ အညာခံနေရင်တော့..
ငါက အသုံးမကျတဲ့ကောင်..
သွားပါတော့
မင်းလွတ်ရာဆီကို..
(စိတ်ထဲ ရှိတာ ပေါက်ကရ တွေချရေးတာ..)

Friday, 26 November 2010

0

တန်ဖိုးမဲ့တဲ့ ငါ့ဘဝ



ရယ်သံတွေနဲ့ ငါဘ၀ 
ဒီတစ်ညတော့ ကျော်နိုင်ပ့ါမလား..
လှိုက်မောစွာငါငိုကြွေး  လိုက်တိုင်းမှာ..
ရယ်သံတွေက ပိုကျယ်လာတယ်..။
ဘ၀ဆိုတာ ငါမသိ..
အချစ်ဆိုတာ နတ္တိဖြစ်နေတဲ့  လူတွေကြားမှာ.
နေစဉ်နှင်အမျှ ငါလှုပ်ရှားနေရတော့..
ငါဘ၀မှာလည်း..အချစ်မဲ့ခဲ့ပြန်ပြီ...။
နုတ်ခမ်းတစ်စုံက ကြွေလာတဲ့ အပြုံးတိုင်းကလည်း..
ငါအတွက် တော့ သူမရဲ့ မဲ့ပြုံတွေပဲလား.....
ငါသံသယနဲ့ ငါရောထွေး..
ငါဘ၀နဲ့ ငါ လည်းရောထွေးပြစ်လိုက်တယ်..
နောက် ဆုံးရလာတာက
ဖိုးသုံးညပေါ့...
 ထားလိုက်ပါတော့ ထားလိုက်တော့နော်..
ငါဘ၀နဲ့ ငါ..မင်းဘ၀နဲ့ မင်းပဲလေ..
တကယ်တော့ ကွာ.
လူ့ဘ၀ဆိုတာလည်း လာတော့လည်း ဖိုးသုည..
ပြန်တော့ လည်းဖိုးသုည..မထူးပါဘူး...
မသေခင်ဒီခနမှာတော
ငါကိုယ်ငါ တန်ဖိုးတစုံတရာ တော့ 
တင်ပါရစေဦး....


0

အိပ်မက်တွေနဲ့ ည


လေညင်းတွေ...
တစ်နေ့ထက်တစ်နေ့
ဒီလိုနဲ့ ခြောက်သွေ့စွာ ရင့်ရော်
လေလွင့်တာထက်
ခါးသီးတာက ပိုတယ်
တိုက်ခါစနဲ့ မတူအောင် သူတိုက်ခတ်ပုံက
တူးတူးခါးခါးပါပဲ။

ညတွေ....
အိပ်ပျော်ဖို့အတွက် တစ်ညလုံးရင်းလိုက်ရသူတွေ
တစ်ရေးနိုးခြင်းအတွက် အိပ်မက်တွေနဲ့
ဆွေးမြေ့စွာ ရင်းလိုက်ရသူတွေ

တကယ်
တကယ်ပဲ
အိပ်မရခြင်းကို ဆုံးရှုံးပြီး ညတွေကို အိပ်မက်တွေနဲ့ ရင်းရသူတွေလည်းရှိတယ်။

မိုးစက်တွေကျတိုင်း
မျက်ရည်တစ်စက် လွင့်ချင်တဲ့စိတ်ကို တင်းတော့
နှလုံးသွေးတွေ တစ်စိမ့်စိမ့် ကြွေတယ်။

အဲ့ဒီလို
အိပ်မရခြင်းကို
မြတ်နိုးသူတွေက အိပ်မက်မက်သူတွေပဲ။

ချစ်သူ... 
အိပ်မက်များကင်းစွာနဲ့
နင် ပျော် အောင် အိပ်ပါ...။

ချစ်တဲ့
ကိုယ်

Thursday, 25 November 2010

0

အကောင်းဆုံးနဲ့ အဆိုးဆုံး




ကျုပ်တို့ လူ့လောက မှာအကောင်းနဲ့ အဆိုးဆိုတာ ဘယ်တော့ မှ တစ်ခုထဲ မသွားပါဘူး..
အကောင်း တစ်ခုဖြစ်လာပြီဆိုရင် အဆိုးတစ်ခုလည်း ဒွန်တွဲလာတတ်တယ်..
ဒါက လောက ဓမ္မတာပဲ..
ဗိုလ်ချုပ်ပြောခဲ့တဲ့စကားလေးတခွန်းရှိတယ်..
I hopefor the best, but I prepared for the worst.
ဆိုတာလေး..ဘယ်လောက် ကောင်းလည်း..ဘယ်တော့မှ ..မရိုးဘူး..အဲစကားလေးက ..
အခု ကျုပ်တို့ လူမျိုး(တချို့)တွေ တွေးနေတယ်..ဘာလည်းဆိုတော့
အစိုးရ လုပ်တာ အကောင်းကော အဆိုးကော အဆိုးပဲ..ဘယ်တော့မှ အကောင်းမပြောတတ်ဘူး..
နောက် နိုင်ငံရေးသမားတွေ ပြောတယ်..ကောင်းတာကော ဆိုးတာကော..အစိုးရကိုမကောင်းပြောတာနဲ့
လုံးဝအမှန်ပဲ..
ဒါတွေတင်ပဲလား..
အခုဒေါ်အောင်ဆန်းစုကြည်လွတ် လာတယ်....နိုင်ငံရေးတရားတွေဟောတယ်..
ကောင်းတာကော ဆိုးတာကော..ဟေးဟားပဲ..ဒို့အရေးပဲ..
ကဲ ဗျာ..ကျုပ်ပြောမယ်..ရွေးကောက်ပွဲတရားတာကော မတရားတာအသာထား..
အရပ်ဖတ်က လူတွေ ပါသွားတယ်..ဘယ်လောက် ၀မ်းသာဖို့ကောင်းလည်း..
အရင်ကဆို လုံးဝရှိခဲ့တာမဟုတ်ဘူး..အခုဆိုရင် နည်းပေမယ်..ပါသွားတယ်..ဒါက အဆိုးထဲက ကောင်းပဲ...
အဲလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်တယ်..ကောင်းတာမကောင်းတာအသာထား..သူမဘေးမှာရှိနေသူတွေက ဆူချင်
ပူချင်သူက ခပ်များများရယ်..ဆူလိုက်ပူလိုက်လို့ 88ဖြစ်စဉ်ပြန်ဖြစ်..ဘယ်လိုဖြစ်မလည်း..သူတို့မသိဘူး..
ဘေးကနေတိုက်ပေးနေတဲ့ကောင်တွေကလည်း..တိုက်ပေးတိုင်းကောင်းတာမဟုတ်ပါဘူးလို့ ပြောပါရစေ..
နောက် အခုအစိုးရ ကောင်းတာကော ဆိုးတာကောရှိတာပဲ..ဒါလည်းလူတိုင်းသိတယ်..
ခင်ဗျားတို့ မြင်သမျှမကောင်းတာကြီးပဲ..သူတို့မှာလည်းကောင်းတာတွေတပုံကြီးရှိသေးတယ်..
နောက် ဗိုလ်ချုပ်မိန်းခွန်းတွေပြန်ပြောတယ်....သူပြောတဲ့ မိန်းခွန်း..မူရင်းဆိုလိုရင်း ထက် ခင်ဗျားတို့ လိုရာစွဲတွေးနေတာတွေများတော့ ဘယ်တော့မှမကောင်းမြင်မှာမဟုတ်ဘူး..သေချာတယ်..
ဗိုလ်ချုပ်ပြောခဲ့တဲ့စစ်ရေးအမြင်တွေ နိုင်ငံရေးအမြင်တွေ စီးပွားရေးအမြင်တွေအခုအချိန်ထိသစ်လွင်နေတုန်းပဲ..
တစ်နိုင်ငံလုံးအခြေခံပညာတတ်မြောက်ရေး..သူပြောခဲ့တာ..အနှစ်နှစ်ဆယ်ဆိုရင် ရပါပြီတဲ့..
ကျုပ်တို့ လုပ်နိုင်ခဲ့တာအနှစ်လေးဆယ်မှ.
ဒါက အစိုးရမကောင်းလို့ လို့..အတင်းပြောမနေနဲ့ ခင်ဗျားတို့ မှာလည်းအပြစ်ရှိတာပဲ..
သူတစ်ခုထဲမဟုတ်ဘူး..
ဒါတွေတင်လားဆိုတော့ မဟုတ်သေးဘူး..အများကြီးကျန်သေးတယ်...
နောက်ဆုံးပြောချင်တာက တွေးပါ..တွေးပါ..ဘယ်တော့မှ အလွယ်တကူ ခေါင်းခါခေါင်းညိတ်မလုပ်ပါနဲ့ လို့ပဲ..ပြောချင်တယ်ဗျာ..
(တကယ်တော့ အကောင်းဆုံးတစ်ခုဖြစ်လာဖို့ဆိုတာ အဆိုးဆုံးတစ်ခုကမိမိအတွက် အကြိုးမရှိတဲ့အရာတစ်ခုပေးဆပ်လိုက်ရတယ်ဆိုရင် အဲအခြေအနေက ကောင်းဆုံးပဲ..
မိမိမှာ အချိန်တွေပိုနေတယ်....ဆိုရင် အချိန်ပေးလိုက်..ငွေတွေပိုနေတယ်ဆိုရင်ငွေပေးလိုက်..
ပြီးရင်မိမိအတွက် အရေးကြီးတာတွေပြန်ယူနိုင်ဖို့လိုတယ်..
နောက် အကောင်းဆုံးတစ်ခုတော့ဖြစ်လာတယ်..ဒါက မိမိအတွက် အသုံးမကျတဲ့အရာ..ပေးလိုက်ရတဲ့အဆိုးဆုံးက မိမိအတွက်အရေးကြီးတဲ့အရာဆိုရင် အဲဒါက
အဆိုးဆုံးအခြေအနေပဲ..)

Tuesday, 23 November 2010

1

တောင်းပန်လွှာ


ကျွန်တော် တောင်းပန်ပါတယ်..
လူတိုင်းကိုပေါ့..
ကျွန်တော် ဘလော့နဲ့ ပတ်သပ်ပြန်မကြည်နိုင်သေးတာ တော်တော်ကြာသွားပြီ..
တစ်ပတ်လောက်ရှိသွားပြီထင်တယ်..
ကျောင်းကလည်း စာတန်းတစ်ခု ခိုင်းထားတယ်...မနက်ဖြန်ဆို ထပ်ရမယ်ဗျ..
နောက် မကွေးနဲ့ ဆိုင်တဲ့ ဆိုဒ်လေးတစ်ခု(သီးသန့်လေး)ဆောက်နေလို့ပါ..
အဲဒါကလည်းတစ်ဖတ်နဲ့..
ဆိုဒ်ဆိုလို့ အထင်ကြီးနဲ့ ဗျ..ဟီးဟီး..Localhostကိုဆန်းသုံးရင်းနဲ့ Forumဆောက်ဖြစ်လိုက်တာ..
အဲဒါမှ မကွေးနဲ့ ဆိုင်တဲ့ အထူးသဖြင့် မကွေးမြသလွန်စောင်းတန်းမှာ ရှိတဲ့ မြသလွန်ဘုရားသမိုင်းပန်းချီကားတွေစောင့်နေတာဗျာ..
သူငယ်ချင်းကလည်း မအားသေးတော့ လုပ်မပေးနိုင်သေးဘူး.
နောက် ကျွန်တော်ကိုယ်တိုင်လည်းစာ တန်းက တစ်ဖတ်နဲ့ မအားသေးလို့ ကောင်းကောင်းမလုပ်နိုင်သေးလို့
အဲကောင်လေးကိုမွန်းမံနေရင်က ကြာနေတာပါ..
အခုလိုဘလော့ရောက်လာတဲ့ မိတ်ဆွေတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်..
တကယ်အနူးအညွတ်ကျေးဇူးတင်ပါတယ်..
နောက် အခုလက်ရှိဗျာ..တစ်ခုပေါ့..
မျက်လုံးကလည်း အာရုံတအားစိုက်မှကောင်းကောင်းမြင်လာတာလည်းပါတယ်..
မျက်မှန်လည်းမတပ်ချင်သေးလို့ ဆိုင်ကိုမသွားဘူး..ပေကပ်နေတာ (ဟီးဟီး..)
အားလုံးကိုတောင်းပန်ပါတယ်..နောက်လည်းလာလည်ပါဦးလို့.....

Tuesday, 9 November 2010

0

ငါ့ဘ၀နဲ့ငါ..




ဘ၀ဆိုတဲ့ငါ့တိုက်ပွဲ
ရန်သူက ဘယ်မှာလည်း..
အချိန်တွေက ငါ့ရန်သူလား..
ငါ့ဘ၀ ငါ့ဇာတ်ခုန်မှာတော့
ငါကမင်းသားပဲ..
တွေကြပြီဆိုရင်တော့ဖြင့်
ပ၀ါမကူ ရေမရှူစတမ်း..
ငါလဲရင် မင်းနိုင်မှာပဲ..
မင်းလဲရင်တော့ ငါနိုင်မှာပေါ့..
အချိန်တွေကြာလာတာနဲ့..
ငါ..အရှုံးများလာမှာပဲ..
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ..
ငါဘ၀မှာ..
ငါ့မာနာနဲ့ ငါ့သိက္ခာ..
အဖတ်ဆည်နိုင်ရင်ကျေနပ်ပါပြီ....

Sunday, 7 November 2010

0

မင်္ဂလာပါ နံနက်ခင်းလေး..ရေ...


မင်္ဂလာနံနက်ခင်းတစ်ခုတော့ ဖြစ်လာခဲ့ပါပြီ....
ယုံကြည်ချက်တစ်ခု အတွက် ငါတို့ တတွေအလုပ်လုပ်နေကြပြီ....
တိုက်ပွဲတစ်ခုဆိုရင် ဒါက စည်းကမ်းရှိတဲ့  တရားမျှတိုက်ပွဲတစ်ခု ...
ဒီတိုက်ပွဲ တစ်ခု အောင်မြင်ဖို့ ငါတို့ အားလုံးတာဝန်တစ်ခုပဲ..
ဘယ်ကောင်တွေ ဘယ်လိုပြောပြောငါယုံတယ်..
ငါတို့ ယုံကြည်ရာ ငါတို့ လုပ်ကြစို့လား..
ဒီလိုနနံနက်မှာတော့..သတင်းစာတွေဖတ်ရတာလည်း..အားရစရာကောင်းပေစွ...
ကျွန်တော်သက်တမ်းတစ်လျောက်..ဒီလောက် အားရတဲ့ သတင်းတစ်ခု ဒါက ပထမဆုံးပဲ..
ကိုယ်တိုင်ဝင်မနွဲနေပေမယ့်..ကိုယ်တိုင်နွဲနေရသလို ပဲ..
လူတွေကလည်း...တက်ကြွနေတယ်..ညကတဲ့ က ရင်ခုန်စွာနဲ့ မျှော်လင့်နေတဲ့ သတင်းတွေပါပဲ..
မနက်မြန်မြန်ရောက်ပါစေနဲ့ ....အခုတော့ ငါမျှော်လင့်သလို ဖြစ်လာခဲ့ပြီ..
တစ်ခုပဲ စိတ်ထဲ မကောင်းတယ်..ကိုယ်တိုင် ကိုယ်နဲ့အရင်းနှီးဆုံး လူတစ်ယောက်ကို ရအောင် မစည်းရုံးနိုင်ခဲ့တာပါ..
ဘယ်လိုက ဘယ်လို သူ့ခေါင်းထဲ ဒီလို စိတ်တွေဝင်နေသလဲတော့ မသိခဲ့ဘူး..
သဘောထားလည်းကွဲ လွဲ နေခဲ့ပြီ.....
သူတို့ ယုံကြည်ရာကတော့.ဒီတိုက်ပွဲတရားမမျှတဘူးတဲ့ ....သူယုံကြည်ရတဲ့ သူတစ်ယောက်မှ ရှိဘူးတဲ့..
တကယ်တော့ ကွာ..ဘယ်သူတစ်ဦးတစ်ယောက်ဆိုပြီး..ပုဂ္ဂလိက
တစ်ယောက်ယောက်ကိုပဲယုံကြည်နေတယ်ထင်ပါရဲ..
တစ်ကယ်တော့ သူမှမဟုတ်ဘူးလေ..လူတိုင်လည်း..သူနေရာရောက်ရင် လုပ်နိုင်မယ်လို့တော့ မဆိုလိုပေမယ့်..
တချို တ၀က်ကတော့ သူထက်ကောင်းအောင်လည်းလုပ်နိုင်တယ်ဆိုတာ..ငါယုံကြည်တယ်..ငါယုံကြည်သလို သူတို့
မယုံကြည်တာတော့ ငါဝမ်းနည်းမိပါရဲ့....

Thursday, 4 November 2010

0

ဒါလားဟဲ့..မြန်မာ...



လူတွေကပြောတယ်ဗျ..
မြန်မာအကမှာပဲ ယိုးဒယားအကဆိုတာရှိတာပဲရှိတယ်တဲ့..ယိုးဒယားမှာတော့..မြန်မာအကဆိုတာမရှိဘူးတဲ့.. ..
ဟုတ်ကဲ့..
မှန်ပါတယ်..
ဒါပေမယ့်..မှားနေတာတစ်ခုတော့ရှိတယ်ဗျ..ဘာလည်းဆိုတော့..မြန်မာ(ဟိုဒင်း)ယိုးဒယား..
ကိုးကွယ်တာကျတော့
မသိတာလား..မသိချင်ယောင်ဆောင်တာလား...(ခပ်ရိုင်းရိုင်းမပြောချင်လို့ကွာ..)
တော့မသိဘူးနော်..
တကယ်တော့..မြန်မာပြည်ဆိုတာ..တိုင်းရင်းသားတွေစည်းစည်းလုံးလုံးနဲ့ ဖြစ်ရင်...
အာရှမှာတော့...မြန်မာဆိုတာ..တခေတ်တခါက
ရွှေရောင်လွှမ်းမိုးခဲ့တဲ့တိုင်းပြည်တစ်ခုပါပဲ..
နောက်တစ်ခုက ကျွန်တော်ဘာသာခြားတွေကိုတိုက်ခိုက်တာမဟုတ်ပါဘူး..
ဒါပေမယ့်..မြန်မာလူမျိုးတွေကို ပြောချင်တာ...
ဘုရားကျောင်းတွေမှာ တိုက်ပုံအင်ကျီနဲ့ ဆံထုံကြီးတွေထုံးထားတော့..
နည်းနည်းမျက်လုံးထဲမှာ ဂလန့်ကြီးပဲ...
ဒါပေမယ့်လည်း..ဘာပြောနိုင့်မှာလည်း..
ဟိုယခင်..ပုဂံခေတ်တုန်းက ခရစ်စယန်ကိုး ကွယ်တဲ့သူရှိလား..
ရှိမယ်မထင်ဘူး..အခုတော့လည်း..မြန်မာတွေက..အကုန်ကိုလိုက်ကိုးကွယ်နေကြတော့တာပဲ..
ဒါထက်စိတ်ပျက်မိတာက မြန်မာဝတ်စုံကြီးတွေနဲ့ ဘုရားကျောင်းတက်တာ အမုန်းဆုံးပဲ..
ဒါကိုတောင်မှ ဗီဒီယိုကားတစ်ခုမှတွေလိုက်ရလို့ ပါ..
အပြင်မှာတော့ရှိလားတော့မသိဘူး..
ဘာမှတော့မဟုတ်ပါဘူး..ဒါလေးတွေကိုတွေ့နေရတော့.
နည်းနည်းဝမ်းနည်းနေလို့ပါ..
စောနက..ယိုးဒယား အကကိုပြောတာက မြန်မာတစ်ယောက်..ဒီကောင်ပြောတဲ့ 
ပုံစံက မင်းအဖေတွေက ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့..
ဂုဏ်ယူစွာနဲ့ ကိုပြောနေတာကြတာ..
နောက်..သူတို့ လက်တွေမှာလည်း ဂုဏ်ယူစွာနဲ့ ကိုပတ်နေကြတာ..
ထိုင်းဘုရင်ကိုချစ်မျက်နိုး တဲ့ လက်ပတ်တွေ..
လေးစားပါ..ကောင်းတဲ့ အလုပ်လုပ်တဲ့ သူတွေမှန်သမျှ..လေးစားလို့ ရပါတယ်..
ဂန်နီကိုလည်း လေးစားလို့ ရတယ်..
ဟိုချီမင်းကိုလည်းလေးစားလို့ရတယ်..လီနင်ကိုလည်းလေးစားလို့ရတယ်..
ဝါရှင်တန်ကိုလည်းလေးစားလို့ရတယ်..
ဒါပေမယ့်..
သူများနိုင်ငံအကြောင်းကိုတော့..ကိုယ့်တိုင်းပြည်ကိုနိမ့်ချပြီးတော့. သူများလူမျိုးကိုဂုဏ်ယူစွာနဲ့ မပြောကြပါနဲ့လား..
ထိုင်းဘုရင်က ဘယ်လောက်သူတိုင်းပြည်ကိုချစ်တာ..နင်တို့ မြန်မာက စစ်အစိုးက 
လူတွေအပေါ်ဘယ်လောက်ချစ်လည်းနဲ့ ..
ဟုတ်ပါတယ်..မငြင်းပါဘူး..
ဒါပေမယ့်..ကိုယ့်လူမျိုးမှားနေရင်တောင်မှ..ကိုယ်က အကွာအကွယ်ပေးရမှာမလား..အခုတော့..
ကမ္ဘာအလည်မှာမြန်မာတွေအကြင်နာမဲ့တဲ့ တိုင်းပြည်ချစ်အောင်လုပ်နေကြတာလည်းမြန်မာတွေပဲ..
ဟိုယခင်ကမြန်မာဆိုတာ ကြင်နာတတ်တယ်..ယဉ်ကျေးတယ်..ဆိုတာ ကမ္ဘာက သိတယ်..
ဂျပန်က သက်သေခံပေးလိမ့်မယ်...
ယ္ခုတော့လည်း...မြန်မာတွေ ရိုင်းစိုင်းတယ်..အကြင်နာတရားခေါင်းပါးနေကြတယ်..ဆိုတာ...
ကမ္ဘာက သိအောင်..မြန်မာတွေက ပဲ
သက်သေလိုက်ပေးလိမ့်မယ်...ထင်တယ်..
နောက်ပြောသေးတယ်...ပြည်ပရောက်နေတဲ့ မြန်မာပြည်ဖွား..မြန်မာစစ်စစ်ကြီးတစ်ယောက်က ..
မင်းတို့ နိုင်ငံ ဗိုလ်ချုပ်ပြောသလို ဖာနိုင်ငံဖြစ်နေပါပြီကွာတဲ့...
သူလိုလူမျိုးနုတ်ကနေ ဗိုလ်ချုပ်ဆိုတဲ့စကားထွက်လာတာ အံ့သြတယ်..
ဗိုလ်ချုပ်သည်တိုင်းပြည်ချစ်စိတ်ရှိတယ်..
သခင်စိတ်ဓါတ်ရှိတယ်..ကျွန်စိတ်လုံးဝမရှိဘူး....ဘယ်လောက်ပဲသူ့ကိုမက်မောလောက်တဲ့စည်းစိမ့်ပဲပေးပေး..
သူများနိုင်ငံမှာကျွန်ခံပြီးနေမှာတော့မဟုတ်ဘူး..
အခုတော့..မြန်မာတွေက မဟုတ်တော့ပါဘူး..
လစာသာကောင်းလို့ကတော့..နောက်ဘ၀အတွက်ပါ..ကျွန်ခံနေလိုက်ချင်သေးတယ်...
ဆိုတဲ့သူတွေကြီးပဲ..
ဖာနိုင်ငံဖြစ်နေတယ်လို့ပြောရအောင်လည်း..မြန်မာတွေ မြန်မာပြည်တော့..
တရားဝင် ဖာမခံဘူး..နိုင်ခြားသားကို..
သူများနိုင်ငံရောက်နေတဲ့ မြန်မာ တစ်ချို့သာ..နိုင်ငံခြားသားယူပြီးတရားဝင်ဖာလုပ်နေကြတာဟေးး...
ဒီလောက်ပါပဲ.မကျေညှက်တာရှိရင်လည်း..ကျွန်တော်ပရိုဖိုင်မှာဖြစ်ဖြစ်..ဒီမှာဖြစ်ဖြစ်..
လာပြီးကွန့်မင့်ပေးကြပါလို့ပဲပြောချင်တယ်...


(ခြွင်းချက်.တိုင်းတပါးမှာပညာရှာနေတဲ့သူတွေအတွက်တော့..တကယ်လေးစားပါတယ်..
ပညာသည်တိုင်းပြည်နဲ့ လူမျိုးအတွက်ပဲ
ဖြစ်ပါစေလို့ပဲ..ဆုတောင်းပါတယ်...)

Monday, 1 November 2010

1

ထိုင်းနိုင်ငံရောက် နိုင်ငံရေးလုပ်စားသူများ..လုပ်ပုံကတော့..













သူတို့တပြောတဲ့နိုင်ငံရေးဆိုတာဒါလားဗျာ..
အထင်ကြီးဖို့ကောင်းတယ်နော်..
လေးလည်းလေးစားပါတယ်.
အလံပြောင်းသွားပြီဆိုသော်လည်း..အခုလိုမလေးမစားလုပ်နေပုံက..မြန်မာမှဟုတ်ပါလေစ..
ဟုတ်မယ်တောင်မထင်ပါဘူး..
ဘယ်ကောင်တွေလည်းဆိုတာ..ကိုယ့်ဘာသာကြည့်ရင်တောင်သိနိုင်ပါတယ်နော်..ပြောတော့ဘူး...
0

ငါတို့နိုင်ငံ ငါတို့ လူမျိုး...


ဟိုပုန်းနယ်တစ်ဝိုက်သတ္တုတွင်းဆောက်လုပ်မူနဲ့ပတ်သပ်ပြီး..အရင်က 
အနုမြူစီမံကီန်းဆိုပြီး..အသံကောင်တွေဟစ်ပြီး..ရန်တွေတိုက်ပေး..အခုတခါ..ပင်းပက်တောင်မှာထွက်တဲ့
သတ္ထုတူးဖော်ရေးစီမံကီန်းမှန်းသိတော့..တစ်မျိုးပြောင်းသွားတယ်..
ပင်းပက်တောင်ကြီးအတွက်..သဘာဝအနေအထားပျက်စီးမှာဆိုးလို့တဲ့..ကောင်းပါသလေး..နောက်ရှိပါသေးရဲ့..
အဓမ္မ ကျေးရွာတွေရွှေ့ပြောင်းခိုင်းမူတဲ့..
တကယ်တော့ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ အရမ်းပေါကြွယ်လှတဲ့ နိုင်ငံတစ်ခုပါ..
သို့သော်လည်း..ရေနံထုတ်တယ်..သူမျာနိုင်ငံလိုအဆင့်မိမိမသန့်စင်နိုင်တော့ ဈေးကောင်းမရဘူး..
သတ္တုတွေထုတ်တယ်..သူများနိုင်ငံလိုမထုတ်နိုင်တော့..သတ္တုကောင်းကောင်းမရရှိနိုင်ဘူး..
အကယ်တော့ သဘာဝအရင်းအမြစ်တင်ပေါကြွယ် နေလို့ မဖြစ်သေးပါဘူး..
လူစွမ်းအားအရင်းအမြစ်သည်လည်းပေါကြွယ်ပါမှသာ..ကျုပ်တို့ပြောတဲ့..
လူနေမူအဆင့်အတန်းရှိရှိနေနိုင်မယ်ပေါ့..
အခုလိုတစ်ခုခုလုပ်တိုင်းသာ ဘေးက ဘုပြောနေရပြီးရောဆိုတဲ့လူတွေရှိနေသမျှတော့..ဘယ်တော့မှတိုးတက်မှာမဟုတ်ပါဘူး..

လေးစားပါတယ်..မြန်မာ့နိုင်ငံရေးလုပ်စားသူများရယ်တတ်လည်းတတ်နိုင်ပါ့ဗျာ..
(

မြေအောက်ကသတ္တုတူးဖော်တယ်..ဘာဖြစ်လည်း..ဒါကကောကိုယ်နိုင်ငံတိုးတက်ဖို့မလား..
ရုရှားက လာလုပ်နေတယ်..မင်းတို့ငါတို့ မလုပ်နိုင်လို့ သူများနိုင်ငံကိုလုပ်ပေးပါ..ဆိုပြီးခေါ်ရတာမလား..
ကျေးရွာတွေရွှေ့ပြောင်းခိုင်းတယ်..အတင်းအဓမ္မ ပြောင်းရွှေ့စေခိုင်းမူတဲ့..
မပြောင်းပဲကော အဆောက်အဦးဆောက်ရင်ရလား..
နောက်..သဘာဝအတိုင်းဖြစ်နေအောင် ပင်းပက်တောင်ကြီးကို မတူးပဲထားမလား..
ဒါဆိုရင် အဲသတ္ထုတွေ ဘယ်လိုလုပ်မှာလည်း..
မင်းတို့ဖေတွေ...သာလုပ်ခွင့်ပေးလိုက်..စက်ရုံမဆောက်နိုင်တောင်မှ.မင်းတို့မိသားစုတတွေ သံတူရွှင်းတွေကိုင်ပြီး..
အပြေးအလွှား..အိမ်သာကျင်းတူးနည်းတူနေမှာမြင်ရောင်မိသေးပါရဲ့ကွာ....
0

လောကနိဗ္ဗာန်




 (EMGမှာဆရာ လူထုစိန်ဝင်းဆောင်းပါးဖတ်မိပြီး..အသိတရားတစ်ခုကိုပြန်စာစီကုံးမိတာလေးပါ..)

ဆရာဆောင်းပါးကိုဖတ်ရလို့ တပည့်တစ်ယောက်အသိဝင်ရင်ဆရာကျေနပ်မှာပါ..
ကျွန်တော်လည်းအရင်ကတော့မြန်မာပြည်ကိုပြန်ချင်တယ်..
ဘာလို့ပြန်ချင်တာလည်း..လွန်းလို့အထိပဲတွေးမိတယ်..
ထပ်ပြီးတော့ကိုယ်ကိုကိုယ်မစမ်းစစ်မိဘူး..ဆရာ့ဆောင်းပါးဖတ်ပြီးမှပဲမိမိကိုယ်ကိုကိုယ်စမ်းစစ်မိသွားတယ်..ဟုတ်ပါတယ်ဆရာ
"လူတွေရဲ့ပျော်ရွှ င်ချမ်းသာမှုဆိုတာ ရုပ်ဝတ္ထုပစ္စည်းေ တွက ဖန်တီးပေးတာ မဟုတ်ဘူး စိတ်ချမ်းသာမှုရှိမှ အမှန်တကယ် ပျော်ရွှင်ရတယ်ဆိုတာ ကလေးတွေက ဘယ်လိုသိမှာလဲ။ စိတ်ချမ်းသာမှု ရှိဖို့အတွက် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တရားမျှတမှု ရှိခြင်းတို့ကသာ လျှင် ဖော်ဆောင်ပေးနို င်တယ် ဆိုတာလည်း မသိရှာကြဘူး။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာ လူဖြစ်ခဲ့ပေမယ့် မြန်မာလူမျိုးတွေနဲ့က အနေဝေးကြတယ်လေ။"
ဆရာ့စကားကိုတွေးမိပြီး ကျွန်တော်အတွေးတစ်ခုဝင်မိတယ်..
ကျွန်တော်ငယ်ငယ်က...သူများပြောစကား..တွေကြားမိပြီး..နိုင်ငံခြားဆိုတာကြီးကိုအရမ်းအထင်တွေကြီးမိပါရဲ့..
နောက်..ဒီနိုင်ငံရောက်တော့..ဘာဖြစ်လည်း..
အမိနဲ့ဝေးတော့.အားငယ်ပါရဲ့..
ရေပူရေအေးနဲ့ချိုးရတော့..အဆင်ပြေပါရဲ့..မြန်မာပြည်မှာကောမချိုးရဘူးလား..
ငယ်ငယ်ကမေမေလုပ်ပေးတဲ့ရေနွေးနဲ့စပ်ချိုးတာတောင်..ရေကိုနေပူလှမ်းပြီးချိုးတာလောက်မကောင်းပါဘူး..
စမ်းရေတွင်းကရေအေးလေးကိုချိုးတာလောက် မအေးမြပါဘူးဆရာ..
မြေအောက်ရထားတွေစီးရတော့အဆင်ပြေပါရဲ့.
ငယ်ငယ်ကမိသားစုတတွေ..ရွာကထွန်စက်ကြီးနဲ့တပျှော်တပါးသွားရတာလောက်..
မြို့ကျောင်းတက်ဖို့ရွာကလှည်းနဲ့ ကားဂိတ်ကိုလိုက်ပို့ကြတာလောက်ကျွန်တော်မပျော်ပါဘူးဆရာ..
တိုက်တာတွေမှာအဆင့်ရှိရှိ(သူတို့ပြောစကားအရ)နေရပါရဲ့.သို့ပေမယ့်..
ငယ်ငယ်ကစာကျက်ချင်လို့ အိမ်နောက်ဘေးက မန်ကြီးပင်ပျော် ၀ါးလုံးတန်းလေးနဲ့ တဲလေးထိုးနေရတာလောက် ဇိန့်မတွေ့လှပပါဘူးဆရာ..
လူဘ၀ဆိုတာတိုတိုလေးပါပဲ..နိုင်ငံခြားရောက်နေသူတွေမှာ လူနေမူအဆင့်အတန်းရှိတယ်သာပြောတယ်ဆရာ..သူတို့ပြောတဲ့လူနေမူအဆင့်အတန်းက living togetherကိုပြောတာလားပဲ..
ဒါဆိုရင်တော့မြန်မာ အယူအဆမှာတော့..လက်မထက်ခင်အတူတကွ နေထိုင်ဖို့ဆိုတာမဖြစ်နိုင်လောက်ပါဘူး..
ကျွန်တော်ကြားဘူးတဲ့ စင်္ကာပူနေ မြန်မာမိန်းကလေးယောက်ကျားလေးအများစုဟာ သမီးရည်းစားဘ၀အတူမနေရင် အဲလူတွေ အထူးအဆန်းတဲ့ ..
ထားလိုက်ပါ..ဒါတွေက သူတို့ပျော်ရာသူတို့ပေါ့..
 ကျွန်တော်ကတော့..သူများနိုင်ငံမှာ အဲကွန်းအောက်မှာ ပေါင်မုန့်ထောပတ်သုတ်စားနေရတာထက်...
.မြန်မာ့ရေမြေက ဆောင်းရာသီ  မနက်မိုးလင်း အိမ်ရှေ့ကမီးဖိုလေးမှာ ကောက်ညှင်းပေါင်းလေးထိုင်စားနေတဲ့ မိသားစု ဘ၀လောက်မမက်မောပါဘူး..
ဘ၀ဆိုတာတိုတိုလေးပါပဲ..
သို့သော်လည်း..အဲဖြစ်လေရာ ဘ၀မှာပျော်ရွှင်နေဖို့သည်သာလောကနိဗ္ဗာန်ပါပဲ..
ကျွန်တော်အတွက်တော့လောကနိဗ္ဗာန်ဆိုတာ...မိသားစု..နဲ့ဝေးနေရတဲ့..
ယခုရောက်နေရာပတ်ဝန်းကျင်တော့မဟုတ်တာသေချာပါရဲ့။။

Popular Posts