တရိပ်ရိပ်နဲ့ တက်လာတဲ့ အပူလှိုင်းတွေ
ငါ့ဘ၀ကို တဖြေးဖြေး နဲ့ ပူအိုက်လာအောင် အတင်းနိပ်စက်တော့မယ်...ဝေးဝေးက ဂျိုးကူသံကလည်း ငါ့ဘ၀ကိုပိုပြီးပူလောင် မွန်းကြပ်လာစေတယ်..
နွေနေပူမှာ ခြေဗလာနဲ့ လမ်းလျောက်နေရသလိုပဲ..ဘ၀လမ်းခရီး
နွေနေပူမှာငါ က အချစ်တစ်ခုမှ မပါတဲ့ လမ်းကြောင်းကြီး ကိုလျောက်လှမ်းမိနေတယ်... ငါအတ္တ ငါမာနတွေနဲ့
လူတိုင်းကို အလဲ ထိုးမယ်ဆိုတဲ့ တိုက်ကျွဲကြီးတစ်ကောင်လို့ ပဲ..အတ္တနဲ့ မာနတွေကို ဦးချို မှာ တပ်ပြီး ကိုယ်ဟန်တပြပြနဲ့..
ဝေးဝေးက ခေါ် သံတွေကလည်း ပိုနီးမလာခဲ့သလို..နီးနီးလေးထင်ထားတဲ့ အရာတွေကလည်း အဝေးဆုံး ဖြစ်နေတယ်
လို့ခံစားနေမိတယ်..
ဒီအချိန်ဆို မေမေရယ်..မေမေနဲ့ သာအတူတူနေနေရရင် သား ဒီအမော တွေကို ခနလေးနဲ့ ကျော်နိုင်မှာပါ..
ဘာလို့ များ သားကိုဝေးဝေးမှာထားနေရတာလည်း ပြန်ခေါ်ပါတော့လား....အထူးသလည်တောင့်တမိတာ
မေမေအေးရိပ်ကို..ပြန်မရနိုင်တာလည်းမေမေအေးရိပ်ပါမေမေ..
ဝေးဝေးမှာ လှမ်းမြင်နေရပေမယ့် လည်ပြန်ကြည့်လိုက်တိုင်းမှာ ဝေးဝေးကိုလွန့်မြောနေတော့ ကိုယ့်စိတ်ကို မယုံရဲတော့ဘူးမေမေ...
လူတွေကိုလည်း မယုံရဲတော့ဘူးမေမေ..အချစ်ဆိုတာကိုလည်းသားကြောက်မိနေပြီ..လူတိုင်းက ကိုယ့်အပေါ်ရက်စက်ကြရင်တော့ ရယ်ရယ်မောမောနဲ့..
သူတို့ အပေါ် ရက်စက်မိရင် အာဂါသတွေ အညိုးအတေးတွေနဲ့..တအားကြောက်ဖို့ကောင်းတယ်မေမေ...
ချစ်ဆိုတာဘာလည်းလို့ ကျွန်တော့်ရင် ကိုမေးလိုက် တိုင်းမှာကျွန်တော် စိတ်တွေက နုလုံးသားစေရာကိုလွှင့်မျော့ပြီး တစ်ဒင်ဂတော့ ငှေးမောနေမိတယ်..
သားပျံသန်းခဲ့ဘူးတယ်..ချစ်ငှက်တစ်ကောင်နဲ့အတူတူ..ပျော်ပါတယ်မေမေရယ်..
တကယ်ကို သားအပျော်ကြီးပျော်ခဲ့ဘူးတယ်..ပျော်ရွှင်မူ့ရဲ့ နောက်မှာ ၀မ်းနည်းပူဆွေးရမူ့ဆိုတာလည်း ကပ်လိုက်လာတော့မယ်ဆိုတာလည်း သားသိပါတယ်မေမေ..
အချိန်တွေတိုင်းမှာ သားသတိရှိခဲ့ပါတယ်...
ဒါပေမယ့်လည်းမေမေရယ် ဘယ်လောက်ပဲသတိရှိခဲ့ပေမယ့်..သူကိုသတိရတဲ့ အချိန်တိုင်းမှာ တော့ သား လူတိုင်းနဲ့ ဝေးရာကိုပဲ လွင့်မြောနေချင်မိတော့ တယ်.
တကယ်ပါမေမေ..သားတကယ်ပါ..
ဒီဘ၀မှာ တောင်း ဆုတစ်ခု ပဲလိုချင်ပါတယ်..ဘာလည်းဆိုတော့ မေမေအေးရိပ်မှာ ပဲသားတဘ၀ နေချင်တော့တယ်..
ဘာကိုမှလည်းမလိုချင်တော့ ..သားအထင်ကြီးခဲ့တဲ့ အရာတွေ..သားတောင့်တမိတဲ့အရာတွေဟာ
မေမေအေးရိပ်လောက် မအေးမြဘူးဆိုတာ သားသိပါပြီ..တကယ်ကိုသိပါပြီမေမေ..
တချိန်မှာတော့ သားရောက်နိုင်လိမ့်မယ်လို့လည်းမျှော့်လင့်မိပါတယ်..မျှော်လင့်သလိုလည်း သားရောက်အောင် လာခဲ့ပါ့မယ်မေမေ..
ချစ်တဲ့ မေမေ..အသက်ရာကျော်ရှည်ပါစေ...