• အပျံသင်စငှက်ငယ်လေး

    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...

  • ကော်ဖီခါးခါး

    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။

  • ကျနော်နှင့် နတ်စိမ်းများ

    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။

  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး

    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..

Tuesday, 22 November 2011

လေလွင့်သူ(မြသန်းတင့်)




ကျွန်တော်ထွက်သွားတော့မယ်။ အိမ်ကိုမပြန်တော့ဘူး ။ဘယ်ကျောင်းမှာမှမနေတော့ဘူး။
ကျွန်တော့်ညီမလေးကိုသွားတွေ.ပြီးနှုတ်ဆက်မယ်။ပြီးတော့သူဆီကချေးလာတဲ့ပိုက်ဆံလေးကိုပြန်ပေးမယ်။
ပြီးတော့ကားကြုံစီးပြီးအနောက်ဘက်ပြည်နယ်တွေကိုသွားမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

အဲဒီကိုရောက်ရင်ကျွန်တော့်ကိုဘယ်သူမှလဲမသိတော့ဘူး။ရူခင်းလဲလှတယ်၊နေရောင်ခြည်လဲဖြာတယ်။
အဲံဒီနေရာရောက်ရင်အလုပ်တစ်ခုရှာလုပ်မယ်၊
ဓာတ်ဆီဆိုင်တစ်ခုခုမှာဝင်ပြီးဆီဖြည်.တာတို့အင်ဂျင်ဝိုင်ထည့်တဲ့အလုပ်ဘာတို့ပေါ့။
ဘယ်လိုအလုပ်မျိုးလုပ်လုပ်ရလုပ်ရဗျာ။ကျွန်တော်မကြောက်ပါဘူး။ကျွန်တော့်ကိုလဲဘယ်သူမှမသိဘူး။
ကျွန်တော်ကလည်းဘယ်သူ.ကိုမှမသိဘူး။
အဲဒီကိုရောက်ရင်ကျွန်တော် ဆွံအနားမကြားကောင်လေးတစ်ယောက်ဟန်ဆောင်လိုက်မယ်။
ဒီလိုဟန်ဆောင်လိုက်ရင်ဘယ်သူနဲ့မှလဲသောက်သုံးမကျတဲ့မရေမရာစကားတွေကိုပြောစရာမလိုတော့ဘူး။
ကျွန်တော်နဲ့စကားပြောချင်ရင်စက္ကူလေးတစ်ရွက်ပေါ်မှာစာရေးပြီးပြောရမယ်။
ဒီတော့လူတွေလည်းစိတ်ရှည်တော့မှာမဟုတ်ဘူး။
ကျွန်တော့်ကိုဆွံအနားမကြားကောင်လေးတစ်ယောက်လို့ထင်ပြီးအဖက်လုပ်စကားပြောကြမှာလဲမဟုတ်ဘူး။
ရတဲ့လခကိုစုပြီးသစ်လုံးအိမ်တစ်လုံးဆောက်မယ်။အဲဒီအိမ်ကိုတောစပ်မှာဆောက်မယ်။
လက်ထပ်ချင်ရင်လည်း ကျွန်တော့်လိုဆွံအနားမကြားဖြစ်နေတဲ့ကောင်မလေးတစ်ယောက်နဲ့လက်ထပ်မယ်။

0 comments:

Post a Comment

Popular Posts