• အပျံသင်စငှက်ငယ်လေး

    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...

  • ကော်ဖီခါးခါး

    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။

  • ကျနော်နှင့် နတ်စိမ်းများ

    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။

  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး

    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..

Wednesday, 11 August 2010

0

D နေ့ကျွန်တော်မွေးနေ့



သေဖို့လည်းတစ်နှစ်စောလာပြီ..
တစ်နှစ်ပြည့်သွားတိုင်းမှာ..ငါဘာလုပ်ခဲ့သလည်း
ဘာတွေတိုးတက်လာလည်း..တိုးတက်မူတိုင်းမှာဆုတ်ယုပ် မူ့ကလည်းကြုံလာစမြဲဆိုတော့ဘာတွေ
ဆုတ်ယုပ်ကုန်လည်းဆိုတာပါထည့်ထည့်တွေးမိပါရဲ့
အိမ်နဲ့ဝေးနေတော့အခါတိုင်းလိုလည်းဘာမှမလုပ်နိုင်ခဲ့...အရင်အသက်ငယ်တုန်းကတော့မွေးနေ့တိုင်းဘုရား
လိုလိုဘာလိုလိုနဲ့အိမ်ကထွက်သွားပြီ..ပြန်လာတိုင်းမူးလာတတ်ခဲ့တယ်..အခုတော့လည်းမလုပ်ဖြစ်တော့
မသောက်တာကြာနေပြီလေ....အရင်ကမေမေတို့ဆိုလည်းအမြဲတမ်းမွေးနေ့တိုင်းမှာဥပုတ်သတင်းဆောက်နေ
ကြ..တခြားသားသမီးများထက်..ကျွန်တော်မွေးနေ့တိုင်းမှာသူတို့ဥပုတ်စောင့်နေကျလေ...
ဒီလိုနဲ့ဘ၀ဆိုတဲ့လေရဟတ်မှာငါသည်လည်းတာဝန်ကျေကျေလည်ပတ်နေတာလား..
မလည်ချင်လည်ချင်နဲ့လည်နေတာလားလို့တွေးနေမိတယ်..အဓိကက ကတော့ငါတာဝန်ကျေခဲ့လားပေါ့..
သေချာတာကတော့ကျွန်တော်ပတ်ဝန်းကျင်မှာတော့ကျွန်တော်အတတ်နိုင်ဆုံးကောင်းနိုင်ခဲ့မယ်..ထင်တယ်..
ဒါပေမယ့်ဗျာ..happy birthdayဆိုတာမှားနေမယ်ထင်တယ်..unhappy birthdayဖြစ်နေတာတစ်နေ့လုံးပဲ
ကျွန်တော်စိတ်တွေလည်းတိုနေခဲ့တယ်..တစ်နေ့လုံးပဲပြသနာတွေလည်းအထပ်ထပ်ရစ်တက်လာတတ်တယ်
ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိဘူး..သိတာတစ်ခုတော့ရှိတယ်..ကျွန်တော်မပျော်ခဲ့ဘူးဆိုတာပါပဲ..

Popular Posts