မဲပေးနိုင်သူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိသော အသက် ၃၈ နှစ်အောက် လူငယ်များ တွေဝေနေသူ အချို့ရှိသော်လည်း ပထမဆုံးအကြိမ် မဲပေး ဖို့ လေ့လာနေကြပြီ | ![]() | ![]() | ![]() |

မဲပေးနိုင်သူဦးရေ ၄၀ ရာခိုင်နှုန်းခန့်ရှိသော အသက် ၃၈ နှစ်အောက်
လူငယ်များတွေဝေနေသူ အချို့ရှိသော်လည်း ပထမဆုံးအကြိမ် မဲပေးရန်အတွက်
လေ့လာနေကြပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလက အသက် ၁၈ နှစ်မပြည့်၍ မဲပေးခွင့်မရခဲ့သော လူငယ်လူရွယ် များအတွက် ယခု ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ၎င်းတို့အတွက်
နှစ်ပေါင်း ၂၀အတွင်း ပထမဆုံးမဲပေး ခွင့်ရမည့် အခွင့်အရေးတစ်ခုပင်ဖြစ်သည်။
ထို့အတွက်ရန်ကုန်၊ မန္တလေး မြို့ကြီးများရှိ လူငယ်များအပါအ၀င်
နယ်မြို့အချို့မှ လူငယ်များအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးရန်
လေ့လာနေကြကြောင်း နယ်ပယ်စုံမှ လူငယ်များ ၏ပြောကြားချက်များအရ သိရသည်။
"ကျွန်တော်ကတော့ အခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေး သွားမှာပါ။ ရွေးကောက်ပွဲပြီးရင် နိုင်ငံရဲ့အနေအထားက ပိုပြီးကောင်းလာမယ် ထင်လို့ပါ။
တစ်ယောက်ထဲ က ဆုံးဖြတ်တာထက်စာရင် အများစု နဲ့ မဲခွဲဆုံးဖြတ်တာက
ပိုကောင်းမယ်လို့ ယုံကြည်တဲ့အတွက်ပါ။ ကျွန်တော်နဲ့ ရွယ်တူတွေကတော့
ရွေးကောက်ပွဲပေါ်မှာ စိတ်ဝင်စားကြပါတယ်။ ဒါပေမယ့်လို့ တချို့ကယုံကြည်မှု
သိပ်မရှိဘူး။ သေသေချာချာ ရှင်းလင်း ပြောပြနိုင်မယ်ဆိုရင်တော့ နားလည်
ယုံကြည်လာကြလိမ့်မယ်လို့ ထင်ပါတယ်" ဟုရန်ကုန်မြို့မှ ကိုမင်းအောင် (၂၈
နှစ်) က ပြောကြားခဲ့သည်။
"ဆန္ဒမဲပေးဖို့ပေးမယ့် ပါတီရဲ့ အဓိကရည်ရွယ်ချက် လုပ်ဆောင်ချက် တွေကို သေချာလေ့လာဖို့လိုသလို ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေရဲ့ နောက်ကြောင်း
ရာဇ၀င်ဆောင်ရွက်ချက်တွေကို လေ့ လာနေပါတယ်"ဟု မုံရွာမြို့ဒေါနခြံရပ်ကွက်တွင်
နေထိုင်သော မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားဟောင်း ကိုရန်နောင်စိုးက
ပြောပါသည်။
လူငယ်တွေမှာ နိုင်ငံရေးနဲ့ ပတ်သက်မိလို့ရှိရင် အလုပ်အကိုင် အခွင့်အလမ်းတွေမှာ ပိတ်နိုင်တယ်ဆိုတဲ့ အတွေးတွေကလည်း ရှိနေတော့ နိုင်ငံရေးနဲ့ ပတ်သက်ပေမယ့်လည်း သူတို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းကို မထိခိုက်ပါဘူးဆိုတဲ့ အာမခံမှုမျိုးကိုပေးနိုင်ဖို့ အရေးကြီးတယ်။ ဒီလိုသာလုပ်နိုင်မယ်ဆိုရင် ဒီရက်ပိုင်းအတွင်းမှာတောင် အခြေအနေ ကောင်းသွားနိုင်တယ် ... |
အတွေ့အကြုံ ဖြစ်သလို ကျွန်တော်တို့တွေ စိတ်ဝင်စားလာအောင်
တွန်းအားပေးတဲ့အရာကလည်း ကိုယ်ကိုယ်တိုင် စာတွေဖတ်လို့သာ အနည်းအကျဉ်းလောက်ပဲ
သိလာရတာပါ"ဟု အသက် ၁၉ နှစ် အရွယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်
ကျောင်းသားတစ်ဦးက ပြောပါသည်။
"ကျွန်တော် မဲထည့်ဖြစ်မှာပါ။ ဘယ်သူ့ကို မဲပေးမှာလည်း ဆိုရင်တော့ အခုထိ မစဉ်းစားရသေးပါဘူး။ ရွေးကောက်ပွဲလုပ်ဖို့ အခုဆိုရက် ၂၀ လောက်ပဲ လိုပါတော့တယ်။
ကျွန်တော်တို့အနေနဲ့ကတော့ ဂျာနယ်တွေဖတ်လို့ သတင်းအချက်အလက် သိရပြီး
ဘယ်မြို့နယ်မှာ ဘယ်အမတ်လောင်း အရွေးခံမလဲဆိုတာ သိပေမယ့် နေရာအများစုမှာတော့
အခုထိ ဘယ်သူ့ကို မဲပေးရမလဲဆိုတာ မသိကြဘူး။ ကျွန်တော်တို့
နိုင်ငံမှာသူများနဲ့ မတူတဲ့ အဓိကပြဿနာက Voter Education Lack
ဖြစ်နေတာပါပဲ။ နိုင်ငံရေးကို စိတ်ဝင်စားလာကြလို့ တော်တော်များများ
လေ့လာလာပြီး မဲပေးဖို့လုပ်နေတဲ့ သူဟာလည်း ဂျာနယ်တွေနဲ့လက်လှမ်းမီပြီး
ဝယ်ဖတ်နိုင်တဲ့ သူမျိုးတွေသာဖြစ်ကြ မှာပါ"ဟု ကိုဇော်မင်းထွန်း
မန်နေးဂျင်းဒါရိုက်တာ Tip-Top Education က ပြောပါသည်။
"ပထမတစ်ခေါက် မဲပေးတုန်း ကမီခဲ့ပါတယ်။ အဲဒီတုန်းက လူတွေ က အခုအချိန်ထက်စာရင် မဲပေးဖို့ရော၊ ရွေးချယ်ဖို့အတွက်ရော
တော်တော်လေးတက်ကြွနေတာကို မြင်ခဲ့ရတယ်။ အခုချိန်မှာတော့ တခြားလူတော့
မပြောတတ်ဘူး။ ကျွန်တော် အနေနဲ့ဆိုရင် မဲပေးရမယ့်လူတွေရဲ့
နိုင်ငံရေးလုပ်ဆောင်ချက်တွေ၊ ပေးထားတဲ့ကတိတွေအပေါ် လုပ်နိုင်မလုပ်နိုင်
လေ့လာနေပါတယ်"ဟု မြန်မာ ဟစ်ဟော့ပ်သမိုင်း၏ ပထမမျိုးဆက် တစ်ဦးဖြစ်သူ အနဂ္ဂက
ပြောပါသည်။
"ကျွန်တော်က သေချာပေါက်ကို သွားပြီး မဲပေးမှာပါ။ ကိုယ်ပေးရမယ့်ပါတီကို စိတ်ထဲမှာရှိပါတယ်။ အခုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း စိတ်ဝင်စားတယ်။ ပြီးရင် ၀ုန်းကနဲကြီး အပြောင်းအလဲမျိုး မဖြစ်ပေမယ့်
တဖြည်းဖြည်းချင်း ပြောင်းလဲမှုကို လုပ်သွားနိုင်မယ် ထင်ပါတယ်"ဟု အသက် ၂၆
နှစ် အရွယ်ရှိလူငယ် ဟစ်ဟော့ပ်အဆိုတော် ရသက ပြောပါသည်။
ရွေးကောက်ပွဲနှင့် မဲပေးရန် စိတ်ဝင်စားသော်လည်း မဲပေးပုံ မဲပေးနည်းစနစ်ကို နားမလည်သူများလည်း ရှိနေကြောင်းသိရသည်။ ယင်းအတွက် ရွေးကောက်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်သွားမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏
မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် မိမိကိုမဲထည့်ရန် စည်းရုံးသည်ထက်
မဲပေးပုံမဲပေးနည်းစနစ်ကို အရင်ဦးဆုံး ရှင်းလင်းပြောပြရကြောင်း
ရွေးကောက်ပွဲဝင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ပြောပြချက်အရ
သိရပါသည်။
ထို့ပြင် မိမိမဲပေးရမည့် မဲဆန္ဒ နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း မည်သူမည်ဝါဖြစ်သည်ကို မသိရှိသေးသည့် မဲဆန္ဒရှင်အများစု ရှိနေသေးသည်ကို တွေ့ရှိရပြီး နိုင်ငံရေး
စိတ်ပါဝင်စားသူအချို့သာ မိမိ ရွေးချယ်မဲပေးရမည့်
လွှတ်တော်ကိုယ်စားလှယ်လောင်းများကို သိရှိကာ မဲပေးနိုင်သူစာရင်းတွင်
မိမိအမည် ပါ၊ မပါ ကြည့်ရှုအရေအတွက်မှာမူ နည်းနေသေးကြောင်း သိရသည်။
"ဖွေးဖွေးက အခုရွေးကောက် ပွဲနဲ့ပတ်သက်လို့တော့ ဘာမှသေချာ နားမလည်ဘူး။ ဒါပေမယ့် ဒါက ဖွေးအတွက် ပထမဆုံးကြုံတွေ့ရတဲ့ ရွေးကောက်ပွဲပါ။ ဒါကြောင့်
အများနည်းတူပဲ မဲပေးဖြစ်မှာပါ"ဟု အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်သရုပ်ဆောင်
ဖွေးဖွေးက ပြောကြားခဲ့ သည်။
"မဲတော့သွားပေးပါမယ်။ အဲဒီအတွက် အခုထုတ်လွှင့်နေတဲ့ မဲဆွယ် အစီအစဉ်တွေကို နားထောင်တယ်။ စာစောင်တွေ ဖတ်ကြည့်နေတယ်။ ရွေးကောက်ပွဲကို စိတ်ဝင်စားတယ်။ ဘာပဲဖြစ်ဖြစ်
ထိုင်နေတာထက်စာရင် ထကြည့်လိုက်တော့ တစ်ခုခုတော့ ဖြစ်လာနိုင်လိမ့်မယ့်လို့
မျှော်လင့်ပါတယ်"ဟု ဟစ်ဟော့ပ်အဆိုရှင် ထိန်ဝင်းက ပြောပါသည်။
ရန်ရန်ချမ်းကလည်း "မဲပေးတာမျိုးကို တစ်ခါမှမကြုံဖူးသေးပါဘူး။ အရမ်းကြီး စိတ်ဝင်စားတယ် မဟုတ်ပေမယ့်လည်း ဘယ်လိုဖြစ်လာမယ်ဆိုတာကို သိချင်တယ်။
ကိုယ်တိုင်မဲထည့်ဖို့နဲ့ ပတ်သက်ပြီး လတ်တလောအနေနဲ့ ဘာမှပြောလို့ မရသေးဘူး။
ဘာလို့လဲဆိုတော့ မဲထည့်ဖို့အတွက် ဘယ်သူကိုယုံရမလဲ၊ ဘယ်သူ့ကိုထည့်ရမလဲဆိုတာ
မသိသေးတဲ့အတွက်ပါ"ဟု ဆိုပါသည်။
အဆိုတော် ဂျောက်ဂျက်ကလည်း "မဲတော့ သွားပေးမှာပါ။ ဘယ်ပါတီကို ပေးရမလဲဆိုတာတော့ မဆုံးဖြတ်ရသေးဘူး"ဟုပြောပါသည်။
"ကျွန်တော်တို့လို့ မဲပေးဖို့ အသက်ပြည့်မီတဲ့ လူငယ်တော်တော် များများက နားမလည်တဲ့သူတွေ များတယ်။ ဒါပေမယ့် အခုတော့လေ့လာဆဲဖြစ်တာမို့ မဲပေးမယ်၊
မပေးဘူးဆိုတာ အတပ်ပြောလို့ မရသေးပါဘူး"ဟု နေပြည်တော်ပျဉ်းမနားမှ
ဥပဒေကျောင်းသား ကိုအောင်ဇော်ထူး က ပြောပြပါသည်။
"ကျွန်တော်ကတော့ မဲပေးဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မဲတစ်မဲကို ဟိုရောက်၊ ဒီရောက် နဲ့ အလဟဿဖြစ်သွားမှာ
ဆိုးတာကြောင့်ပါ" ဟု နေပြည်တော်ရှိ လူငယ်ဆရာဝန် တစ်ဦးကလည်း ပြောပြသည်။
မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ အနက်မှ လူငယ်မဲဆန္ဒရှင် အရေအတွက်၏ ထက်ဝက်ကျော်မှာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် အတွက်
စိတ်ဝင်တစားလေ့လာမှု များ ရှိနေသော်လည်း မဲပေးရန်စိတ်ဝင်စားမှုမရှိသည့်
လူငယ်များလည်း ရှိနေကြောင်းသိရပါသည်။
"ကျွန်တော်တို့ကတော့ ၁၉၉၀ ရွေးကောက်ပွဲကို လည်း မမီဘူး၊ ၈၈ ကိုလည်း ဘာမှ မသိလိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဒီမှာ အလုပ်ကိုင်အခွင့်လမ်းတွေ
ဘယ်လောက်ရရှိလာနိုင်မလဲ ကိုယ်ရထားတဲ့ဘွဲ့နဲ့ ကိုယ်လုပ်ကိုင်ရမယ့် အလုပ်တွေ
ဘယ်လိုဆက်စပ်မှုရှိ အောင်လုပ်ပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။ ဖွဲ့စည်းပုံတွေ၊
မူတွေကို ဘာမှမသိပေမယ့် အပြောနဲ့ လက်တွေ့ဖြစ်မယ့် လူကိုပဲလိုတယ်။
ကိုယ့်အတွက်လုပ်နေပြီး ဒီဒေသအတွက် ဘာတွေလုပ်နေတယ်၊ ဘာတွေစီမံချက်ချထားတယ်၊
အလုပ်ကိုင်တွေ ဖန်တီးပေးမယ်စသဖြင့် ပြောနေတိုင်း မယုံပါဘူး။ ဒါတွေက
အစိုးရတိုင်း လုပ်ပေးမယ့်အရာတွေပဲ။ အဓိကအချက်ကို ပြောနေကြတယ်လို့ မယူဆ
ပါဘူး။ သိပ်ပြီးမရှင်းတဲ့အတွက် စိတ်မ၀င်စားဘူးလို့ပဲ ပြောချင်ပါတယ်"ဟု
မြိတ်မြို့မှ လူငယ်တစ်ဦး က ပြောပါသည်။
"တိုင်းပြည်ကို ဘယ်သူကသာ ဒီလိုအခြေနေကနေ ဆွဲထုတ်သွားနိုင်မယ်ဆိုတာ ကျွန်တော်တို့ ရွေးချယ်ထားပြီးသားပါ။ ကျွန်တော်တို့ကတော့ ရင်ထဲကရှိပြီး သားလူကလွဲပြီး
ဘယ်သူ့ကိုမှအားထားနိုင်မှာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် ရွေးကောက်ပွဲကို
သိပ်ပြီး ထွေထွေထူထူး စဉ်းစားနေဖို့ မလိုအပ်ဘူးလို့ယူဆပါတယ်"ဟု
နိုင်ငံရေးနှင့် စီးပွားရေး စိတ်ဝင်စားသူ လူငယ်တစ်ဦးကပြော ပြသည်။
"ပေး မပေး ဆိုတာကတော့ မသေချာသေးဘူး။ အဓိကကတော့ ရှိနေတဲ့အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး ဆုံးဖြတ်ရမှာပါပဲ။ ရွေးကောက်ပွဲနဲ့
ပတ်သက်တာတွေကတော့ အလုပ်ကလည်း မအားတာနဲ့ ဘာမှ သေချာမလေ့လာဖြစ်ဘူး။ အဓိကတော့
တစ်ဦးချင်းတစ်ယောက်ချင်းနဲ့ပဲ အကောင်းဆုံးဖြစ်အောင် ရွေးချယ်ဖို့လိုမယ်
ထင်တယ်။ အဓိကတော့ လူညီမှဖြစ်မှာလေ။ ဒါကြောင့် တစ်ဦးချင်းက
ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားတာ က နိုင်ငံအရေးကို
စိတ်ပါဝင်စားတာနဲ့ အတူတူပဲလို့ ကျွန်တော့်အနေနဲ့တော့ ယူဆပါတယ်"ဟု
လူငယ်သရုပ်ဆောင် တစ်ဦးဖြစ်သည့်နေတိုး က ဆိုပါသည်။
"အခုလုပ်မယ့် ရွေးကောက်ပွဲ က ကျွန်တော့်အတွက် ပထမဆုံးကြုံ တွေ့ရမယ့် ရွေးကောက်ပွဲပါ။ ကိုယ်ကောင်းမယ်ထင်တာ ကိုယ်ရွေးကြမှာပါပဲ။
ကျွန်တော့်အမြင်ကတော့ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံရဲ့အရေးကို
စိတ်ဝင်စားရမယ်။ စိတ်မ၀င်စားဘူး ဆိုရင်တောင် အကြမ်းဖျင်းတော့ တီးမိခေါက်မိ
ရှိရမှာပေါ့။ စိတ်မ၀င်စားဘူးဆိုတာကလည်း လူတစ်ဦးချင်းရဲ့
လှုပ်ရှားရုန်းကန်ရတာ တွေ၊ အခက်အခဲတွေ အများကြီး တွေ့ကြုံခံစားနေရတဲ့
အခါကျတော့ နိုင်ငံရေးဆိုတာကို သိပ်စိတ်မ၀င်စားနိုင်ကြတာ သဘာဝကျပါတယ်။
ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်ရဲ့ အပြောင်းအလဲတစ်ခုဖြစ်တဲ့
ရွေးကောက်ပွဲမှာ ရွေးချယ်ခွင့်ဆိုတာ ကိုယ့်လက်ထဲမှာ ရှိနေကြပြီ။
အကောင်းဆုံးတော့ ရွေးချယ်တတ်စေချင်တယ်လို့ပဲ ပြောချင်ပါတယ်"ဟု
ကျော်ကျော်ဗိုလ်က သူ့၏အမြင်အား ပြောကြားခဲ့သည်။
လာမည့်ရွေးကောက်ပွဲတွင် လူ ငယ်များအနေဖြင့် မဲပေးရေး၊ မပေးရေးကို
လေ့လာဆန်းစစ်သူများ၊ စိတ်မ၀င်စားသူများ ရှိနေသော်လည်း အပြောင်းအလဲနှင့်
တိုးတက်မှုကို လိုလားသော လူငယ်အချို့ကမူ မိမိတို့၏သဘောဆန္ဒများကို သက်ဆိုင်ရာ
နယ်ပယ်အသီးသီး၌ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုမှုများ ရှိနေကြပါသည်။
"တိုင်းပြည် အတွက် ကျွန်တော်တို့ လူငယ်တွေရဲ့ဆန္ဒကတော့ ကျွန်တော်တို့ နောက်ထပ် အနှစ် ၂၀ ထပ် မစောင့်ချင်တော့ဘူး။ အပြောင်းအလဲဆိုတာ ဘာလဲ။
မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ်ဆိုတာထက် စမ်းကြည့်ချင်တယ်။ မဲပေးပြီး
စမ်းကြည့်ချင်တယ်"ဟု Eleven Media Group ၏ အကြီးတန်းအယ်ဒီတာ
ကိုနေထွန်းနိုင်က ပြောပါသည်။
"အလုပ်တစ်ခု လုပ်တော့မယ့် အခါ မလုပ်သင့်ဘူးလို့ လူကြီးတွေ က ကျွန်တော်တို့ကိုတားမယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတဲ့ Alternative way တစ်ခုတော့ပေးရမယ်။ ဒီလိုမှ မဟုတ်ရင်
Alternative way မပေး ဘဲနဲ့မလုပ်သင့်ဘူးလို့ ဇွတ်ပြောနေတဲ့လူကြီးတွေကို
ကျွန်တော်တို့ ယုံကြည်မှာ မဟုတ်ဘူး"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမှာ ယခင်အချိန်များကထက် တိုးတက်မှုရှိလာခဲ့ကြောင်း ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်
လွှတ်တော် ကိုယ်စားလှယ်လောင်း အချို့ကလည်း ပြောဆိုကြပါသည်။ ရွေးကောက်ပွဲသည်
လူကြီးများအကြား ဆွေးနွေးမှုအသွင်အဖြစ် တဖြည်းဖြည်းပြောင်းလဲလာပြီး
လက်တွေ့လုပ်ဆောင်မှုအပိုင်းများတွင်မူ လူငယ်များ ကပါဝင်လာခဲ့ကြောင်း
သိရပါသည်။
"လူငယ်တွေရဲ့ ရွေးကောက်ပွဲ အပေါ် စိတ်ပါဝင်စားမှုကတော့ နည်းနည်းတိုးလာပါပြီ။ ဒါပေမယ့်လို့ လိုချင်တဲ့အနေအထားတော့ မရောက်သေးပါဘူး။ နောက်ပြီး လူကြီးတွေက
စကားပိုပြောနေတာ တွေ့ရပြီး လှုပ်ရှားမှုတွေမှာကျတော့ လူငယ်တွေကိုသာ
ပိုတွေ့ရပါတယ်။ လူငယ်တွေမှာ နိုင်ငံရေးနဲ့ ပတ်သက်မိလို့ရှိရင်
အလုပ်အကိုင်အခွင့်အလမ်းတွေမှာ ပိတ်နိုင်တယ်ဆိုတဲ့ အတွေးတွေကလည်း ရှိနေတော့
နိုင်ငံရေး နဲ့ ပတ်သက်ပေမယ့်လည်း သူတို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို
မထိခိုက်ပါဘူးဆိုတဲ့ အာမခံမှုမျိုးကို ပေးနိုင်ဖို့ အရေးကြီးတယ်။
ဒီလိုသာလုပ်နိုင်မယ်ဆိုရင် ဒီရက်ပိုင်းအတွင်းမှာတောင် အခြေအနေကောင်း
သွားနိုင်တယ်"ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်း ကိုနေမျိုးဝေက
ပြောကြားခဲ့သည်။
"ဒီနှစ်ပတ်၊ သုံးပတ်အတွင်းမှာ လူငယ်တွေရဲ့စိတ်ဝင်စားမှုက သိသာလာတယ်။ သူတို့ဘာလုပ်သင့်တယ် ဆိုတာကို လေ့လာနေကြတယ်"ဟု မန္တလေးမြို့နေ လူငယ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက
ပြောပြခဲ့သည်။
"ဒီရက်ပိုင်းတွေမှာ ပြည်သူတွေကြားထဲဆင်းပြီး မဲဆွယ်စည်းရုံးရေးတွေ လုပ်နေပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ပြည်သူတွေကြားထဲမှာ မဲပေးဖို့ကို စိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်သူ့ကို
ပေးရမလဲဆိုတာကိုတော့ ရွေးချယ်နေရတုန်းပါပဲ။ အနည်းဆုံးတော့ မဲပေးရမယ်ဆိုတဲ့
အသိတော့ ၀င်နေပါပြီ။ လူငယ်ပိုင်းကတော့ အရမ်းကြီး တက်တက်ကြွကြွဖြစ်တာမျိုး
နည်းနေသေးတယ်။ သူတို့က လူကြီးတွေ လောက် သိပ်တက်ကြွတာမျိုး မတွေ့သေးဘူး"ဟု
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ကိုသိန်းတင်အောင်က
ပြောပြပါ သည်။
ယခု ရွေးကောက်ပွဲအတွက် မြန်မာတစ်နိုင်ငံလုံးတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၂၉ သန်း ၀န်းကျင် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ
သိရှိရသည်။ ခန့်မှန်းတွက်ချက်မှုများအရ အဆိုပါ ဆန္ဒမဲပေးခွင့်ရှိသူများ၏ ၄၀
ရာခိုင်နှုန်း ခန့်မှာ ၃၈ နှစ်အောက် လူငယ်များ ဖြစ်နေရာ လူငယ်များ၏
မဲပေးမှုသည် အပြောင်းအလဲတစ်ခုအတွက် People Power အဖြစ် အရေးပါကြောင်းလည်း
လေ့လာသူများက သုံးသပ်ခဲ့သည်။
"တိုင်းပြည် အတွက် ကျွန်တော်တို့ လူငယ်တွေရဲ့ဆန္ဒက တော့ ကျွန်တော်တို့ နောက်ထပ် အနှစ် ၂၀ ထပ် မစောင့်ချင်တော့ ဘူး။ အပြောင်းအလဲဆိုတာ ဘာလဲ။ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ်ဆို တာထက် စမ်းကြည့်ချင်တယ်။ မဲပေးပြီး စမ်းကြည့်ချင်တယ်"ဟု Eleven Media Group ၏ အကြီးတန်းအယ်ဒီတာ ကိုနေထွန်းနိုင် က ပြောပါသည်။
ကျွန်တော်EMGကနေဖတ်လိုက်ရတဲ့ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ဆောင်းပါလေးပါ..
အဲအထဲမှာတော့..ကိုနေ၀င်းထွန်းပြောသွားတာ..ကြိုက်တယ်ဗျာ...သူပြောတဲ့စကားလေးကိုပြန်
ဖော်ပြလိုက်ပါတယ်...
"အလုပ်တစ်ခု လုပ်တော့မယ့် အခါ မလုပ်သင့်ဘူးလို့  လူကြီးတွေ က ကျွန်တော်တို့ကိုတားမယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတဲ့  Alternative way တစ်ခုတော့ပေးရမယ်။ ဒီလိုမှ မဟုတ်ရင် Alternative way မပေး ဘဲနဲ့မလုပ်သင့်ဘူးလို့  ဇွတ်ပြောနေတဲ့လူ ကြီးတွေကို ကျွန်တော်တို့ ယုံကြည်မှာ မဟုတ်ဘူး"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Good Idea အကိုပြောတာမိုက် တယ်ဗျာ...လန်းတယ်...
ဟုတ်တယ်...ကျွန်တော်လည်းလူ ငယ်တစ်ယောက်ပဲ.
ကျွန်တော်တို့လူ ငယ်တိုင်းမှာလည်းဒီလိုအတွေးလေးေ တွရှိလာနိုင်ရင်
အရမ်းကောင်းမယ်...နော်..
(အောက်ကကောင်က...forverfriends.ning.comမှာရေးတုန်းကွန့်တွေတက်လာတာ...ပြန်ထုထားတာပါ..ဟဲဟဲ..)
"မဲကတော့ ပေးပေး မပေးပေး အရေးမကြီးပါဘူးလေ.... အားရင်တော့သွားပေးလိုက်ကြပေါ့
လန်းတယ်တောင် စာလုံးပေါင်းမှန်အောင် မပေါင်းနိုင်တဲ့ကောင်က လူငယ်တိုင်းမှာဒီလိုအတွေးတဲ့ ဟဟ
.!#$%&*()@#! :-( "
ဟုတ်ကဲ့အရင်ဆုံးကျွန်တော်စာလုံးပေါင်းမှားတာကိုထောက်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်..
ဒါကတပိုင်းပေါ့..
နောက်..အကိုပြောပုံအရဆိုရင်...အားရင်သွားပေးလိုက်မယ်...မအားရင်မပေးနိုင်ဘူးဆိုတဲ့သဘောပေါ့..
ပေးတာမပေးတာကို..ကျွန်တော်မပြောချင်ပေမယ့်....နိုင်ငံသားတစ်ယောက်ဖြစ်ပြီး...နိုင်ငံရေးအပေါ်စိတ်ဝင်စားမူမရှိတဲ့သူတစ်
ယောက်လို့ပဲ..ပြန်သုံးသပ်ပါရစေ...
ကျွန်တော်ပြောတာလူငယ်တိုင်းဖတ်စေချင်တယ်...လူငယ်တိုင်းအဲလိုအတွေးမျိုးဖြစ်စေချင်တယ်..ဆိုတာ..
လူငယ်တိုင်းနိုင်ငံအရေးကိစ္စမှာတက်တက်ကြွကြွပါဝင်စေချင်တယ်...လုပ်ဆောင်ကြစေချင်တာပါ..
..တကယ်တော့..ဗိုလ်ချုပ်သည်လည်းလူငယ်ဘ၀ကတိုင်နိုင်ငံရေးစိတ်ဝင်တစားနဲ့..
လုပ်ခဲ့တာပဲ...
နောက်..၀န်ကြီးချုပ်ဟောင်းဦးနု...
စသဖြင့်...နိုင်ငံရေးကို..လူငယ်ကျောင်းသားဘ၀ကတဲ့က...တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့တယ်ဆိုတာ..
စာအုပ်တွေမှာဖတ်ဖူးတယ်
သူတို့လက်ထက်ကလူငယ်တွေနိုင်ငံရေးစိတ်ဝင်စားသလို့တက်တက်ကြွကြွလည်းပါဝင်လှုပ်ရှားတယ်..အကိုသည်လည်း
လူငယ်တစ်ယောက်...နိုင်ငံသားတစ်ယောက်...ဖြစ်ခဲ့ရင်..နိုင်ငံရဲ့အရေးကိစ္စမှာ..သက်ဆိုင်မယ်ဆိုတာကိုတော့ပြောချင်ပါတယ်..
လူငယ်တိုင်းဒီလိုတွေးစေချင်တယ်ဆိုတာ...ကျွန်တော်ဆန္ဒလေးပါ...ဘာမှမဟုတ်သေးတဲ့လူငယ်တစ်ယောက်ဆန္ဒလေးတစ်ခုပါ
နောက်..အောက်မှာတွေ့မိသေးတယ်..ဘာလည်း..ဘယ်သူ့ကိုပေးရမယ်မှန်းမသိလို့..ဆိုတာ.
ကျွန်တော်သည်လည်းမသိပါဘူး..ဘယ်သူဘယ်ဝါပေးရမယ်မှန်း....အဲလိုပဲ...နိုင်ငံတစ်နိုင်ငံလုံးက..
ပြည်သူတိုင်းလည်းမသိခဲ့သေးပါဘူး...ဒါပေမယ့်...စာစောင်တွေ...၀တ်ဆိုဒ်တွေမှာ...ရှာကြည့်ကြပါလို့ပဲပြောချင်တယ်.
အများကြီးရှိပါတယ်....ကျွန်တော်နိုင်ငံရေးဟီးရိုးကတော့..PDPပါတီက ကိုနေမျိုးဝေပါ...သူ့အတွေးတွေကြိုက်တယ်..
သူပြောတဲ့စကားတွေကိုလည်းစိတ်ဝင်တစားလိုက်ဖတ်လေ့..နားထောင်လေ့ရှိပါတယ်....