• အပျံသင်စငှက်ငယ်လေး

    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...

  • ကော်ဖီခါးခါး

    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။

  • ကျနော်နှင့် နတ်စိမ်းများ

    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။

  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး

    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..

Thursday, 25 November 2010

အကောင်းဆုံးနဲ့ အဆိုးဆုံး




ကျုပ်တို့ လူ့လောက မှာအကောင်းနဲ့ အဆိုးဆိုတာ ဘယ်တော့ မှ တစ်ခုထဲ မသွားပါဘူး..
အကောင်း တစ်ခုဖြစ်လာပြီဆိုရင် အဆိုးတစ်ခုလည်း ဒွန်တွဲလာတတ်တယ်..
ဒါက လောက ဓမ္မတာပဲ..
ဗိုလ်ချုပ်ပြောခဲ့တဲ့စကားလေးတခွန်းရှိတယ်..
I hopefor the best, but I prepared for the worst.
ဆိုတာလေး..ဘယ်လောက် ကောင်းလည်း..ဘယ်တော့မှ ..မရိုးဘူး..အဲစကားလေးက ..
အခု ကျုပ်တို့ လူမျိုး(တချို့)တွေ တွေးနေတယ်..ဘာလည်းဆိုတော့
အစိုးရ လုပ်တာ အကောင်းကော အဆိုးကော အဆိုးပဲ..ဘယ်တော့မှ အကောင်းမပြောတတ်ဘူး..
နောက် နိုင်ငံရေးသမားတွေ ပြောတယ်..ကောင်းတာကော ဆိုးတာကော..အစိုးရကိုမကောင်းပြောတာနဲ့
လုံးဝအမှန်ပဲ..
ဒါတွေတင်ပဲလား..
အခုဒေါ်အောင်ဆန်းစုကြည်လွတ် လာတယ်....နိုင်ငံရေးတရားတွေဟောတယ်..
ကောင်းတာကော ဆိုးတာကော..ဟေးဟားပဲ..ဒို့အရေးပဲ..
ကဲ ဗျာ..ကျုပ်ပြောမယ်..ရွေးကောက်ပွဲတရားတာကော မတရားတာအသာထား..
အရပ်ဖတ်က လူတွေ ပါသွားတယ်..ဘယ်လောက် ၀မ်းသာဖို့ကောင်းလည်း..
အရင်ကဆို လုံးဝရှိခဲ့တာမဟုတ်ဘူး..အခုဆိုရင် နည်းပေမယ်..ပါသွားတယ်..ဒါက အဆိုးထဲက ကောင်းပဲ...
အဲလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်တယ်..ကောင်းတာမကောင်းတာအသာထား..သူမဘေးမှာရှိနေသူတွေက ဆူချင်
ပူချင်သူက ခပ်များများရယ်..ဆူလိုက်ပူလိုက်လို့ 88ဖြစ်စဉ်ပြန်ဖြစ်..ဘယ်လိုဖြစ်မလည်း..သူတို့မသိဘူး..
ဘေးကနေတိုက်ပေးနေတဲ့ကောင်တွေကလည်း..တိုက်ပေးတိုင်းကောင်းတာမဟုတ်ပါဘူးလို့ ပြောပါရစေ..
နောက် အခုအစိုးရ ကောင်းတာကော ဆိုးတာကောရှိတာပဲ..ဒါလည်းလူတိုင်းသိတယ်..
ခင်ဗျားတို့ မြင်သမျှမကောင်းတာကြီးပဲ..သူတို့မှာလည်းကောင်းတာတွေတပုံကြီးရှိသေးတယ်..
နောက် ဗိုလ်ချုပ်မိန်းခွန်းတွေပြန်ပြောတယ်....သူပြောတဲ့ မိန်းခွန်း..မူရင်းဆိုလိုရင်း ထက် ခင်ဗျားတို့ လိုရာစွဲတွေးနေတာတွေများတော့ ဘယ်တော့မှမကောင်းမြင်မှာမဟုတ်ဘူး..သေချာတယ်..
ဗိုလ်ချုပ်ပြောခဲ့တဲ့စစ်ရေးအမြင်တွေ နိုင်ငံရေးအမြင်တွေ စီးပွားရေးအမြင်တွေအခုအချိန်ထိသစ်လွင်နေတုန်းပဲ..
တစ်နိုင်ငံလုံးအခြေခံပညာတတ်မြောက်ရေး..သူပြောခဲ့တာ..အနှစ်နှစ်ဆယ်ဆိုရင် ရပါပြီတဲ့..
ကျုပ်တို့ လုပ်နိုင်ခဲ့တာအနှစ်လေးဆယ်မှ.
ဒါက အစိုးရမကောင်းလို့ လို့..အတင်းပြောမနေနဲ့ ခင်ဗျားတို့ မှာလည်းအပြစ်ရှိတာပဲ..
သူတစ်ခုထဲမဟုတ်ဘူး..
ဒါတွေတင်လားဆိုတော့ မဟုတ်သေးဘူး..အများကြီးကျန်သေးတယ်...
နောက်ဆုံးပြောချင်တာက တွေးပါ..တွေးပါ..ဘယ်တော့မှ အလွယ်တကူ ခေါင်းခါခေါင်းညိတ်မလုပ်ပါနဲ့ လို့ပဲ..ပြောချင်တယ်ဗျာ..
(တကယ်တော့ အကောင်းဆုံးတစ်ခုဖြစ်လာဖို့ဆိုတာ အဆိုးဆုံးတစ်ခုကမိမိအတွက် အကြိုးမရှိတဲ့အရာတစ်ခုပေးဆပ်လိုက်ရတယ်ဆိုရင် အဲအခြေအနေက ကောင်းဆုံးပဲ..
မိမိမှာ အချိန်တွေပိုနေတယ်....ဆိုရင် အချိန်ပေးလိုက်..ငွေတွေပိုနေတယ်ဆိုရင်ငွေပေးလိုက်..
ပြီးရင်မိမိအတွက် အရေးကြီးတာတွေပြန်ယူနိုင်ဖို့လိုတယ်..
နောက် အကောင်းဆုံးတစ်ခုတော့ဖြစ်လာတယ်..ဒါက မိမိအတွက် အသုံးမကျတဲ့အရာ..ပေးလိုက်ရတဲ့အဆိုးဆုံးက မိမိအတွက်အရေးကြီးတဲ့အရာဆိုရင် အဲဒါက
အဆိုးဆုံးအခြေအနေပဲ..)

0 comments:

Post a Comment

Popular Posts