သူတို့က သူ့ကိုလေးစားကျလို့ပါ..
သူတို့က သူ့ကိုလေးစားတာ
သူတို့က သူ့စိတ်ကိုသိလို့ပါ.
သူတို့က သူ့စိတ်ကိုသိခဲ့တာ
သူတို့ ကို သူကအဲဒိစိတ်နဲ့တိုက်ခဲ့လို့ပါ..
သူတို့က သူ့ကိုအရှုံးပေးခဲ့ရတာ
သူတို့က သူ့နောက်ကနေရပ်နေကျလို့ပါ..
သူတို့က သူ့နောက်ကရပ်ခဲ့တာ
သူတို့က သူ့အရည်အချင်းကိုယုံကြည်လို့ပါ..
သူတို့က သူကိုအမှတ်ရနေတာလည်း
သူတို့ကို သူကရှေ့ဆောင်လမ်းပြပီသခဲ့တာကိုး..
အော်..အခုလိုအချိန်မျိုးမှာသူလိုနောက်တစ်ယောက်
ငါတို့ရှေ့မှာရှိနေစေချင်ပါ၏...
(2010ရွေးကောက်ပွဲနီးလာတော့ ဗိုလ်ချုပ်ကိုလွမ်းဆွတ်နေမိလို့..အော်..ငါတို့ ဗိုလ်ချုပ်..ငါတို့ အောင်ဆန်း..ငါတို့ တေဇ..ငါတို့ ကျေးဇူးရှင်..
ငါတို့ ရှေ့ဆောင်လမ်းပြကြီး....ငါတို့ စံပြပုဂ္ဂိုလ်ကြီးပါတကာ...ဘယ်လိုပဲခေတ်တွေပြောင်းပြောင်း..
သူ့အတွေးတွေကအမြဲလတ်ဆတ်နေတုန်းပဲ...
နှစ်တွေဘယ်လောက်ကြာကြာ သူကိုမမေ့နိုင်သေးပါဘူး..ဘယ်တော့မှလည်းမေ့ပြောက်ဖို့ကြိုးစားမိမှာမဟုတ်ပါဘူး..ဖခင်ကြီးရယ်....)