ကျွန်တော် တို့ တိုင်းပြည်မှာ ပြင်စင် မူတွေလုပ်နေတယ်..ဒါတွေကိုလည်း EMGအစရှိတဲ့ သတင်းတွေမှာပါ ဖတ်နေရတယ်..
ဥပမာ- ရန်ကုန် မှာ မီး24နာရီပေးတဲ့ ကိစ္စ..( နိုင်ငံသူရဲကောင်းကြီးများရဲ့ blogတွေ့မှာတော့ မရှိသေးဘူးဗျ..အဲလိုပဲသူတို့က ကောင်းတာ ဆို မတင်တတ်ဘူး ခွင့်လွတ်ပါတယ်..)
အင်းအဲလို ပြင်စင်မူတွေ ကြားရတော့ ၀မ်းလည်းသာတယ်..နောက် ထပ်ကြားမိတာ က ငွေ စက္ကူ အဟောင်းတွေ(အပေါက်အပြဲတွေ)ကို
လဲလှယ်ပေးနေတဲ့ ကိစ္စတွေ ဖတ်ရတယ်..ဒါတွေသည် ပြုပြင်မူ တွေမလား ..
နော် ကျွန်တော် အကြံပြုချင်တာလေးတစ်ခုရှိသေးတယ်.ဘာလည်းဆိုတော့ အစိုးရကော ကျုပ်တို့လို့ ပြည်သူတွေကောပါ..
နောက် ထပ် ပြင်စရာရှိတာလေးတစ်ခုရှိသေးတယ်..
ဘာလည်းဆိုတော့ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေ
တောင်းစားနေတဲ့ ကိစ္စ..
ဒါတွေ့ကို အဓီက ထားပြီးပြင်စေချင်တယ်..
ဒါသည် တိုင်းပြည် နောင်ရေးအတွက်လည်းတော်တော် စိတ်မအေးစရာကိစ္စတစ်ခု ပါ..အနာဂတ်ရဲ့ ကလေးငယ်လေးများ အတွက် မိဘမဲ့ကျောင်းတွေ ပိုမို ဆောက်ထားသင့်တယ်..
နောက် မိဘများကိုယ်တိုင်ကလည်း
မိမိကလေးများကို နောင်ရေးစိတ်အေးရအောင် မိမိတို့ မကြွေးနိုင်ရင် မိဘမဲ့ကျောင်းကို ပို့စေချင်တယ်..(ဒါကို အင်တာ နက် စာမျက်နှာက နေပြောပြလို့ မသိနိုင်ပါဘူး..စာဖတ်သူများ အနေနဲ့ မိမိပတ်ဝန်းကျင်မှာ ရှိနေရင် အကြံပြုစေချင်တာပါ..)
နောက်..အစိုးရကိုယ်တိုင်ကလည်း ဦးစီးပြီး..တောင်းစားနေတဲ့ ကလေးငယ်များကို ဖမ်းစီးပြီး မိဘမဲ့ကျောင်းတွေမှာ ထားစေချင်တယ်..
နောက် စေတနာရှင်များကလည်း သေတဲ့ သူကို လိုက်ပို့တဲ့ သူတွေကို ကူတာ ထက်...မိဘမဲ့ဂေဟာတွေကို လှူတာ က ပိုပြီး
တိုင်းပြည်အတွက်ပါ..အကျိုးပြုရာရောက်ပါတယ်..
မြန်မာ များ တလွဲ ဆံပင်မကောင်းကြပါနဲ့..
အစိုးရမှာ တင်တာဝန်ရှိတာ မဟုတ်ပါဘူး..စေတနာရှင်ပြည်သူများအနေနှင့် လည်းဒါသည် အရမ်းကို အရေးကြီးတဲ့ တာဝန်တစ်ခုပါ..
တိုင်းပြည်အတွက်လည်းအကြိုးပြုရာရောက်တဲ့ အလုပ်တစ်ခုပါလို့ ကျွန်တော်အကြံပြုပါရစေ..
(
ကျွန်တော် ဘယ်တုန်းကမှ ကလေးငယ်တွေ အဲလို လာတောင်းရင် ပိုက်ဆံမပေးဘူး..ဘာလို့ လည်း စေတာနာမရှလို့လား ..မဟုတ်ပါဘူး.
ကျွန်တော် ခြေပြတ်နေတဲ့သူတွေ.နောက် အသက်ကြီးတဲ့သူတွေဆိုရင် ကျွန်တော်မှာရှိတဲ့ ပိုက်ဆံကိုအမြဲလှူတတ်ပါတယ်..
မိမိမုန့်ဖိုးထဲကနေဖဲ့ပြီးအမြဲလှူတတ်ပါတယ်...
ဒါပေမယ့် ကလေးငယ်များကို ဘာလို့ မလှူတာလည်း..ပိုက်ဆံကို အဲလို လွယ်လွယ်တောင်းရင် ရတယ်ဆိုတဲ့ အသိသူတို့ ခေါင်းထဲမှာ ၀င်သွား
မှာ အရမ်းစိုးရိမ်လို့ပါ..)