• အပျံသင်စငှက်ငယ်လေး

    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...

  • ကော်ဖီခါးခါး

    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။

  • ကျနော်နှင့် နတ်စိမ်းများ

    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။

  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး

    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..

Friday, 3 December 2010

2

ဝဋ်ကြွေး


 
ဒီနေ့ ဒီနှစ်
ဒီအချိန် ဒီလို 
ကျွန်တော် ကျရှုံးခဲ့တယ်
ဘာအရာင်မှ မခြယ်ပါနဲ့တော့
ရဲရင့်စွာပြောပါရစေ...
အလွမ်းနာကို အလွမ်းနာလို့
ဘာအရောင်မှ နောက်ခံမထား
ပြောခဲ့ပါရစေ...။

ဘယ်သူက ဘယ်သူ့ကို 
ပိုလွမ်းခဲ့ပါသလဲ
လူသားတွေ
ရှုပ်ယှက်ခတ်အောင် သိပ်တွေးကြတယ်
လိုလို့လား
မာနတွေနဲ့ ကျွန်တော့ချစ်သူ
သူ... ပျော်နေပါသလား။

ည..ည
ဘယ်ကိုလှိမ့်တယ်
ညာကို ကန်ထုတ်
ကျွန်တော်
အိပ်မက်ကို ခါချတယ်
ရင်ဘတ်ထဲ ပြန်ပြန်ခိုကပ်နေလို့
ညတွေ ကျွန်တော် ဇောက်ထိုးဖြစ်ဖူးတယ်။

ရင်ဘတ်ထဲက 
အလွမ်းကို ခါခါထုတ်တော့
အမြစ်ကျန်တဲ့
တမ်းတနာက
တစ်ဆစ်ဆစ်  ကိုက်တယ်...။

သက်ပြင်းချတယ်
ဘယ်ကိုလှိမ့်
ညာကိုကန်
အိပ်မက်ကိုခါချ
ကျွန်တော့ခေါင်းရင်းက
ချစ်သူအတွက် ကြိုးကြာငှက်တွေက
တိမ်ဖွဲ့ပြီး ပြန်နေကြ...။
စိတ်ရဲ့ ပရမ်းပတာ လွင့်မျောမှုမှာ
အတိတ်ကာလတွေက
တပ်မက်မှုတွေ ခါးတစ်ခွင်ခွင်ပြီး
ပိုသီဖတ်သီ ပြေးဝင်ဝင်လာတယ် ။

ခွင့်ပြုတော့ ချစ်သူ..
ဒါကို  
ဝဋ်ကြွေးလို့ ကျွန်တော်ဆိုချင်တယ်။ 


ချစ်တဲ့
ကိုယ်

Popular Posts