• အပျံသင်စငှက်ငယ်လေး
    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...
  • ကော်ဖီခါးခါး
    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။
  • ကျနော်နှင့် နတ်စိမ်းများ
    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။
  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး
    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..
Saturday, 3 December 2011
0
ဗန်းမော်တင်အောင်ရဲ့စာစု
‎"လူတိုင်း လူတိုင်းဟာ နိုင်ငံရေးသမား မဟုတ်ကြပေမဲ့ နိုင်ငံရေးသတ္တ၀ါတွေဘဲ ဖြစ်တယ်....။
လူတိုင်းထဲက ကျနော်လည်း နိုင်ငံရေးသတ္တ၀ါတစ်ကောင်ပဲဖြစ်ပါတယ်...
ဒါပေမဲ့ ခင်ဗျားတို့ ပြောပြောနေတဲ့ နိုင်ငံရေးသမားတစ်ယောက်တော့ မဟုတ်ပါဘူး....
ခင်ဗျားတို့ ပြောပြောနေတဲ့ နိုင်ငံရေးသမားက ဘယ်လိုလဲ...။
နိုင်ငံရေးသမား နှစ်မျိုးနှစ်စားရှိတယ်၊ ဆိုးတဲ့ နိုင်ငံရေးသမားရယ် ကောင်းတဲ့ နိုင်ငံရေး သမားရယ်၊ ဒါပေမဲ့- ကောင်းတဲ့ နိုင်ငံရေး သမားဟာ တကယ်တော့လဲ မရှိသလောက်ပါပဲ...။
ပြောပြမယ် နိုင်ငံရေးသမား နှစ်မျိုး နှစ်စားကတော့-
"ဆိုးတဲ့ နိုင်ငံရေးသမားက လာမဲ့ရွှေးကောက်ပွဲနဲ့ ကုလားထိုင်ကိုဘဲ မျက်စိတဆုံး ကြည့်တတ်ပြီး၊ ကောင်းတဲ့ နိုင်ငံရေး သမားကတော့ ရှေ့လာမဲ့ သားစဉ် တဆက်ကို မျှော်မှန်းပြီး ကြည့်တတ်တယ်"...
နိုင်ငံရေးသမားဆိုတာ ဘွင်းဘွင်းနဲ့ ဒဲ့ဒိုးသာ ပြောလိုက်ရမယ် ဆိုရင်တော့၊ တခါက ဒေါက်တာဂျွန်ဆင် ပြောခဲ့ဘူး သလို- လူ့လောကကြီး ထဲမှာ ဘယ်လိုနေရာကမှ အသုံးမ၀င်တဲ့ လူတွေရဲ့ နောက်ဆုံး မှီခို အားထားတတ်ကြတဲ့ စီးပွားရေး အလုပ်လို့ပဲ ပြောရလိမ့်မယ်"
ဗန်းမော်တင်အောင်
0
ဒီနေရာ ဒီသောင်ကမ်း
ဒီကျွန်း ဒီမြေ မှာ
ဒီရေ ဒီလေကို
ရှုရှိုက် သောက်သုံး 
ပျော်မဆုံး ခဲ့ ပါဘူးရယ် ။
ငါတို့ အတိတ် ထို အရိပ်တို့ 
ငါ၏စိတ်အစဉ် ၀ယ်
နွယ်ငင် တွယ်ကပ်
စဉ်ဆက် မပြတ်ခဲ့ဘူးရယ်၊
သူလက် ငါ့ လက် 
တွဲလျက် ယှက်သွယ် 
ပြေးလွား ပျော်မြူး 
ရယ်ရွှင် မြူးခဲ့ဖူးပါတယ် ၊
အခုတော့ မရှိပြီ 
ထိုသောင်ကမ်း ဆီ 
နင်လည်းအဝေး 
ငါလည်းအဝေး 
တွေးတွေးဆွေး ကြ ပါစို့ ချစ်သူရေ.......
0
သခင်မ
ဆယ်နှစ်ကြိုး ကဝေအတတ်နဲ.....
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြူစားတတ်တဲ့......'ရွာသူ'ရေ
ရင်ခုန်သံတွေကိုပဲ 'ခေါစာပစ်'လိုက်တယ်.......
သခင်မ .......
ပျော်ပါ ......၊ ပါးပါ .......၊ စားပါ .......၊ သောက်ပါ ......
မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်ကိုလည်း အပြစ်က လွှတ်တော်မူပါ .....။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မူပါ .....။
'တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး'ဆိုတဲ့
ဟောဒီက ငပျင်း ......အတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မူပါ ..........
မင်းခိုက်စိုးစံ
0
ပတ်ဝန်းကျင် က လေးများ
လေ တွေကြီးပဲ ဗျာ
တကယ် ကို လေတွေကြီးပဲ
အရှေ့ က တိုက် လိုက် 
အနောက်က တိုက်လိုက်နဲ့ 
လေပွေလေရူးတွေနဲ့ 
သေမထူးတဲ့ဘ၀ တွေကို မွှေချလိုက်ပုံများ
မီးလောင်ရာ လေတွေ ပင့် နဲ့ ပေါ့။ 
လေညှင်းလေး အဖြစ်နဲ့ 
ပျော့ပျော့ လေးနဲ့ နံ လိုက်သေး
မိုးစက်နဲ့ မိတ်ဆွေဖွဲ့ ပြီး 
ကြောက်စရာကောင်းအောင်
ခြောက်လှန့် သယ်ဆောင် သွားတတ်သေးတယ်။
တခါတလေ ဖုံ တွေကို သယ်ဆောင်လာပြီး
ကတော့ ပုံ သဏ္ဍန် လုပ် သရုပ်တူ စွာ နဲ့ 
ဆင်ရိုင်းတစ်ကောင် အလား 
ရှိရှိသမျှ ပတ်ရမ်းလိုက်တာ 
ပြောင်သလင်း ကိုခါရော..
အော် ပတ်ဝန်းကျင် က လေ တွေများ 
တယ် ကြောက်စရာကောင်းပါ့လား..
Wednesday, 23 November 2011
0
ယခင်က မြန်မာတရုတ်ဆက်ဆံရေး (ဒေါ်ခင်နှင်းယု)
စဉ်းစားရင်းပင် “အမေနှင့် မြောက်ပင်လယ်” ဟူသော ၀တ္ထုတစ်ပုဒ်ကို ရေးရန် ခေါင်းထဲ တွင် ပေါ်၍ လာပေသည်။ပီကင်းကို ရောက်ပြီးသည့်နောက် ၁၁ ရက်မြောက်နေ့တွင် ၀န်ကြီးချုပ်သည် ထမင်းစားပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့လေ သည်။ ထိုထမင်းစားပွဲတွင် ၀န်ကြီးချုပ်၏ မိန့်ခွန်းမှာ လွမ်းစရာ လည်း ကောင်း၏။ ပွင့်ပွင့်လင်လင်းလည်း ရှိသည်။ စိုးရိမ်စိတ် ကိုလည်း ဖေါ်ပြ၍နေပေသည်။ နိဂုံးချုပ်တွင်မူ ငြိမ်းချမ်းရေးတွင် သူ့စကားကို အဆုံးသတ်လေသည်။
    ““အဆွေတော်ဝန်ကြီးချုပ် ချောင် ခင်ဗျား....၊ သန်ဘက်ခါဆိုရင် ပီကင်းမြို့တော်ကြီးက ကျွန်တော်နဲ့ ကျွန်တော်ရဲ့အဖွဲ့ဝင် များ ထွက်ခွာရပါတော့မယ်။ အဲဒီ့အတွက် အရေးကြီးတဲ့စကား တစ်ခုကို ကျွန်တော် ပြောကြားလိုပါတယ်။
    ““အဆွေတို့နဲ့ ကျွန်တော် ရန်ကုန်မှာ ပထမဆုံးအကြိမ်တွေ့ စကတည်းကစပြီး ယနေ့အထိ အဆွေတော်နဲ့တွေ့တိုင်း တခြား စကားများအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးထဲမှာ ၀င်ရောက်စွက်ဖက်မှာကို တစ်ခါတုန်းက အလွန်စိုးရိမ်ခဲ့မိကြောင်း မကြာခဏ ပြောကြားခဲ့ပါတယ်။ ဒီလို
ပြောခဲ့ဖူးတာကို အဆွေတော်လဲ ကောင်းကောင်းမှတ်မိပါလိမ့် မယ်။ အမှန်အတိုင်းရိုးရိုးသားသားပြောရလျှင် ကျွန်တော်တို့ရဲ့ စိုးရိမ်မှုကိုသာ ပြောပြီး ဒီနေရာမှာပဲရပ်ထားရင် ကျွန်တော်တို့ တရားရာ ရောက်မည်မဟုတ်ပါ။ တစ်ဖက်စီးနင်းဖြစ်မှု၊ မတရားမှု များကို ကျွန်တော်အလွန် စက်ဆုပ်ပါတယ်။ အဲဒီတော့ ကျွန်တော့်
ကိုယ်ကို ခင်ဗျားနေရာမှာထားပြီး ကျွန်တော့်ကိုယ်ကို ကျွန်တော် မေးခွန်းတခု ပြန်မေးပါတယ်....””
    ““မိတ်ဆွေကြီးဦးနု.... ၊ ခင်ဗျားတို့ရဲ့ စိုးရိမ်ချက်တွေကိုတော့ ကျွန်တော် ကြားရပြီးပါပြီ။ ကျွန်တော်တို့ရဲ့ နိုင်ငံတွင်းမှာ ခင်ဗျား တို့က ၀င်ရောက်စွက်ဖက်မှာကိုကော ကျွန်တော်တို့ မစိုးရိမ်ရ ဘူးလား....””
    ““အဲဒီ မေးခွန်းကို ကျွန်တော့်ကိုယ်ကို ကျွန်တော်မေးပြီး ကျွန်တော်ပဲပြန်ဖြေပါ့မယ်။ ကျွန်တော်တို့နိုင်ငံ သက်သက်သာဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပြည်တွင်းရေးထဲမှာ ဘယ်နည်း
နဲ့မှ မစွက်ဖက်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လက်ကိုင်တုတ် (အမေရိကန်လို့ ရေးတယ်ထင်ပါတယ်၊ ကျွန်တော် အကူးမှားတယ်ထင်တယ် စာရှိသူများ ပြင်ပေးကြပါ)အလုပ်ခံလိုက်ရင်တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးအတွင်းမှာ အများကြီးဝင်ရောက် စွက်ဖက်နိုင်တယ်။ ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ လက်ကိုင်တုတ်အလုပ်ခံပြီး  တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးကို တိုက်ခိုက်ဖို့ အတွက် လေတပ်၊ ရေတပ်၊ ကုန်းတပ် စခန်းတွေ ပေးမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်မက်အတွက် သော့ချက်ဖြစ်မယ့်နေရာ တွေ အမြောက်အများရှိပါတယ်။ ဒီစခန်းတွေအပြင် တရုတ်ပြည်သူ့
သမ္မတနိုင်ငံတော်အတွင်းကို ရန်သူ၊ သူလျှိုတွေ၊  ရန်သူအဖျက် သမားတွေ စေလွှတ်ဖို့အခွင့်အရေး ကောင်းတွေကိုလဲ အများကြီးပေးနိုင်ပါသေးတယ်....””
နိဂုံးချုပ်တွင်မူ ၀န်ကြီးချုပ်၏ မိန့်ခွန်းသည် ငြိမ်းချမ်းရေးသို့ သယ်ယူ၍သွားလေသည်။ သူသည် ကမ္ဘာငြိမ်းချမ်းရေးကို လိုလား
သည့်အကြောင်း၊ လောလောဆယ်ဆယ်အားဖြင့် အရှေ့တောင် အာရှတွင်တင်းမာမှုများ လျှော့ပါး၍ ပြဿနာရပ်များကို ငြိမ်း ချမ်းစွာ ဖြေရှင်းစေလိုကြောင်းနှင့် သူသည်ပေါက်ကွဲတော့မည့် ဆဲဆဲဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သစ် တို့၏ ယမ်းအိုးကြီးများကြားတွင် သူ၏ ငြိမ်းချမ်းရေးကြေးစည်သံ ကို တီးခတ်လိုက်လေသည်။ ဒီနိုင်ငံနှစ်နိုင်ငံစလုံးဟာ ဆိုးတဲ့ နိုင်ငံတွေ မဟုတ်ပါဘူး။ နိုင်ငံရေးစနစ်ကတော့ ကိုယ်ကြိုက်ရာ  ကိုယ်ယုံကြည်ကြပေါ့၊ ကိုယ့်နိုင်ငံက လူအများစုက လက်ခံနိုင် တဲ့ နိုင်ငံရေးစနစ်ဟာ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးပေါ့။
    ““လူမျိုးအနေနဲ့ ပြောရရင် အမေရိကန်တွေဆိုရင်လည်း သူတို့တွေဟာ အလွန်သဒ္ဓါတရားရှိကြတယ်။ လက်မှုစက်မှုတွေ မှာ ဆိုရင်လည်း ဒီကမ္ဘာစစ်ကြီးကို အလွန်သာယာစည်ပင် ၀ပြောတဲ့ ကမ္ဘာကြီးဖြစ်အောင် လုပ်ပေးနိုင်တဲ့အထိ တိုးတက် နေကြတယ်....””
    ““တရုတ်အမျိုးသားတွေဆိုရင်လည်း အလွန်သဒ္ဓါတရားရှိ ကြတယ်။ အခြားကမ္ဘာသူ ကမ္ဘာသားတွေ အရိုင်းအစိုင်းဘ၀မှာ ရှိနေသေးတဲ့အခါမှာ သူတို့ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းဟာ အင်မတန် မြင့်မားတဲ့အခြေအနေကို ရောက်ခဲ့တဲ့လူမျိုးတွေ ဖြစ်တယ်....””
    ““အဲဒါကြောင့်လည်း ဒီအမေရိကန်တွေနဲ့ တရုတ်တွေကို ကျွန်တော်တို့က အများကြီးလည်းချစ်တယ်၊ အများကြီးလည်း လေးစားတယ်။ တရုတ်တွေကိုတော့ ဘ၀တူချင်း အိမ်နီးချင်းမို့ ပိုပြီးတော့တောင် မေတ္တာရှိသေးတယ်....””
““အဲဒီလို ကျွန်တော်တို့ ချစ်ကြည်ညိုတဲ့ လူမျိုးနှစ်မျိုးဟာ တစ်ယောက်နဲ့ တစ်ယောက် ၀ါးစားမတတ် ရန်ထောင်နေတာ ကို မလိုချင်ဘူး၊ ကျွန်တော်တို့ဟာ နှစ်ဦးစလုံးရဲ့ မိတ်ဆွေအဖြစ် နဲ့ သင့်မြတ်တာကို လိုချင်တယ်။ အဲဒီတော့ အမေရိကန်ပြည် ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနှစ်နိုင်ငံဟာ အမြန်ဆုံးနား လည်မှုရရှိအောင် ကျွန်တော် တတ်စွမ်းသ၍ အင်အားရှိသ၍ အစွမ်းကုန်ကြိုးစားပါ့မယ်ဆိုတာကိုလည်း အခုလို အခွင့်ကောင်း ရတဲ့အခါမှာ ကျွန်တော့်မိတ်ဆွေဝန်ကြီးချုပ် ချောင်အား ကျွန် တော်ကတိပေးပါတယ်....””
    မေတ္တာလှိုင်းသံတို့ဖြင့် ပြည့်၍နေသော ၀န်ကြီးချုပ်အသံ သည် ညစာစားနေသော ခန်းမကြီးကို ဖုံးလွှမ်း၍ သွားသည်။ တရုတ်အမျိုးသားများ၏ မျက်နှာများသည် တစ်စုံတစ်ခု ထူးခြား နေသလိုဖြစ်နေလေသည်။
ခင်နှင်းယု
                                                ၁၉၉၅ ခုနှစ်၊ ဇွန်-ဇူလိုင်(မြ၀တီ)
Tuesday, 22 November 2011
0
ပစ္စည်းအခိုးခံရတယ် ဆိုတာ
" ဆရာတော် .. နာရီကြီးဘယ်ရောက်သွားသလဲ ဘုရား .. "
" ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ .. "
" ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. "
" သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. "
" ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ပြောလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် .. "
" ထူးပါဘူးကွ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးမင်းကြီး သူများမသိအောင် လာယူတော့ ပုဂ္ဂိုလ် ...အယုတ်..အမြတ်ကလဲ မရွေးရတော့ ဘူးပေါ့ .. " ..
( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို့  .. ။
" ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား ... ဘယ်နေရာ သွားထားပါသလဲ ဘုရား .. "
" ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်ကယူသွားတယ် .. "
" အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုန်းမှာလဲ .. တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ .. ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ .. "
" ငါမပိုင်လို့ပေါ့ကွာ .. ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ .. ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ .. "
" ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ .. သူခိုးခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ .. "
" မဆုံးပါဘူးကွာ .. ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့ လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ .. ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုန်းမှာပါ "
( တောင်တွင်းကြီးမြို့  နတ်မှီတောရ ဆရာတော်ဘုရားကြီး )
" ဆရာတော် လုပ်ပါအုန်းဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ရဲ တိုင်မှ ဖြစ်တော့မယ် "
" ဘာတုန်းဟ ကပ္ပိယရဲ့ .. မင်းဟာ အရင်းမပါ .. အဖျားမပါ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ ... "
" ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား ... "
" ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ .. သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ ... အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် .. "
( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )
တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရဧ။် .. တရားသိသူများအတွက်ကား .. ဥစ္စာပျောက်တိုင်း ကုသိုလ်ရရဧ။် ဟူသော အတွေးတစ်ချက်လေးရနိုင်ကြပါစေရှင် ..
( မထေရ်မြတ်တို့ဧ။် စကားဝိုင်းမှ )
( ကျွန်တော် တို့ ပစ္စည်း ခနခန ပျောက်တတ်တဲ့ သူ အတွက် တော့ ကုသိုလ် ခနခန ရတော့မှာ ပဲ /)
0
ရွာဦ်းကျောင်းဆရာတော်နှင့် မနောမယ ဂမ္ဘီရ ရေမန်း
တစ်နေ့သ၌ အင်းစိန်မြို့ ဖော့ကန်ရပ်ကွက် မင်္ဂလာလမ်းတွင် အသက် ၂၅- ၃၀ ဝန်းကျင်ရှိ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ယောက်သည်၊ ရောင်းမထွက်နိုင်သော မိမိ၏ဆိုင်မှ ပေါင်မုန့်များ ကို ပြန်လည် သိပ်ဆည်း ရင်း၊ နှမြှောတသဖြစ်နေခိုက်၊ မိမိ၏ ဆိုင်နှင့်မျက်နှာချင်းဆိုင်တွင်၊ ဆိုင်းခန်းဖွင့်ရန် လာရောက် နေရာချ နေသော တစ်ခြားအမျိုးသမီးငယ်တစ်ယောက်ကို သတိထား မိလေ၏၊
၎င်းစတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည်၊ သူမ၏ အတွေ့အကြုံအရ ဤနေရာ ဤဒေသ၌ ဈေးဆိုင် လာဖွင့်သူ မှန်သမျှ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရပုံများကို ပြန်လည်တွေးကြည့်ရင်း၊ ဆိုင်ခန်းပြင်ဆင် နေသူ အမျိုးသမီး ငယ်လေးကို သနားမိသေးတော့၏။
သူကိုယ်တိုင်းမှာလည်း အရောင်းမသွက်ဖြစ်နေရသည့်အထည့်၊ ဤကဲ့သို့ မိမိဆိုင်နှင့် ကပ်လျှက်နေရာတွင် နောက်ထပ်ဆိုင်တစ်ဆိုင် လာရောက်ဖွင့်ခဲ့ပါက အကျိုးနည်းရချေရဲ့ ဟုလည်း၊ စိတ်ကူးမိလေသည်။ မည်သို့ ပင်ဖြစ်စေ၊ မိမိဆိုင်အရောင်းသွက်ရေးအတွက် မှတ်မိသမျှသော ဂါထာမန္တရားများ ကိုသာ ရွတ်ဖတ် နေမိ လေ၏၊
သို့သော်လည်း နောက်ထပ်ဖွင့်ရန် ပြင်ဆင်နေသော ဆိုင်မှာ မိမိကဲ့သို့ စတိုးဆိုင် မဟုတ်ကြောင်းကို အကဲခပ်မိသဖြင့် အနည်းငယ် နေသာထိုင်သာရှိသွားတော့၏၊ အတော်အသင့် သပ်သပ်ရပ်ရပ်ရှိသော ၄င်းဆိုင်ငယ်လေးသည်၊ စာသောက်ဆိုင်သော်၎င်း၊ ထမင်းဆိုင်သော်၎င်း တစ်ခုခုဖြစ်ရမည်ဟု တွက်ဆထားလိုက်လေ၏။
နောက်တစ်နေ့ နံနက် မိုးလင်း၍ မိမိ၏ စတိုးဆိုင်ကို ဖွင့်ရန်အသွား၊ ပရိတ်သတ်အနည်း ငယ် စည်ကားနေသော ၄င်းဆိုင်ကလေးကို၊ အမှတ်မထင်သတိထားမိသွား၏၊ ရခိုင်မုန့်တီ အာပူလျှာပူဟူ၍လည်း ဆိုင်းပုဒ်ငယ်တစ်ခုကို ခပ်ရိုးရိုးကလေး ချိုတ်ဆွဲထားသေး၏၊
စိတ်ဝင်စားမိ၍ အသေအချုာ လေ့လာကြည့်မိသောအခါတွင်ကား။ ဆိုင်ခန်း၏ ခေါင်းရင်း ဖက်တွင်၊ အသက် ၂၀ ဝန်းကျင်ရှိ ရဟန်းငယ်တစ်ပါးလည်း ရှိနေသည်ကို တွေ့ရသဖြင့် ပို၍ပင် စိတ်ဝင်စားစွာ မိမိဆိုပေါ်မှ နေ၍ အစအဆုံး ဂရုတစိုက် ကြည့်နေမိ၏။
ခဏအကြာတွင် ၄င်းရဟန်းငယ်သည်၊ မိမိ၏ရှေ့တွင်ချထားသော သောက်ရေခွက်ကို ဟန်ပါပါဖြင့် ထက်ဝက်ခန့် သောက်ပြီးနောက်၊ ကျန်ထက်ဝက်ခန့်ကို ပလပ်စတိတ်အိပ်ငယ် တစ်လုံးတွင် ထည့်ကာ၊ ဆိုင်ရှင်အမျိုးသမီးငယ်အား၊ ရော့..ဟူ၍လှမ်းပေးလိုက်လေ၏ ပြီးလျှင် ၄င်းရဟန်းငယ်သည် ဆိုင်ခန်းထဲရှိ လူသူများကို ခပ်ဆပ်ဆပ် စကားအနည်းငယ် ပြောပြီးလျှင်၊ မုန့်တီတစ်ခွက်ကို အားရပါးရ သုံးဆောင်နေလေတော့၏။
ဆိုင်ရှင်အမျိုးသမီးသည်၊ ရဟန်းငယ်ပေးသော ပလပ်စတိတ်ရေထုပ်ကလေးကို တရိုသေ ယူဆောင် လာပြီးလျှင်၊ စာပွဲခင်းကျင်းထားရာ အပေါ်တွင် ကြိုးတစ်ချောင်းဖြင့် တပ်ဆင်လိုက်၏၊ ထိုသို့တပ်ဆင် နေစဉ်တွင်လည်း ၄င်းရဟန်းငယ်မှ မကြာမကြာ အမိန့်ပေးနေသကဲ့သို စကားများ လှန်းလှန်း ပြောနေ သည်ကို ဝိုးတဝါး လှမ်းမြင်နေရလေ၏။ ရဟန်းငယ်သည်ကား ၄င်းဆိုင်ခန်းရှိ သူများအပေါ် အတော် သြဇာရှိပုံရ၏။
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်အင်မတန်မှ စိတ်ဝင်းစားမိသဖြင့်၊ ချက်ချင်း ဆိုသလို၊ မိမိဆိုင်ပေါ်မှ ဆင်းကာ၊ ရခိုင်မုန့်တီတစ်ခွက်ကို သွားရောက်အားပေးလိုက်လေ၏၊ ပြီင်္းလျှင် ၄င်းရဟန်းငယ်အား မိမိဆိုင်ပေါ်သို့ ပင့်ကာ၊ အချိုပွဲအချဉ်ပွဲများဆက်ကပ်လိုကြောင်း လျှောက်ထား လေတော့၏၊
ရဟန်းငယ်ကမူ မိမိမှာ စာချတာဝန်ရှိနေသေး၍ နောက်တစ်ပတ် တနင်္ဂနွေ နေ့နှင့် ဥပုသ်နေ့နှင့် တိုက်ဆိုင်ခဲ့လျှင် မုချလာရောက်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ဒကာမကြီင်္း၏ စတိုးဆိုင်ပေါ်သို့ မတက်ရောက်တော့ပဲ ဤမုန့်တီဆိုင်ခန်းသို့ လာရောက်ကပ်နိုင်ကြောင်းကို ပြောကြား လိုက်လေတော့၏၊
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေတော့၏၊ ၄င်းစတိုးဆိုင်ပိုင်ရှင် အမျိုးသမီး၏ အထင်မှာ ဤဦ်းဇင်းငယ်သည်၊ ဈေးရောင်းကောင်းရန်အတွက် ရေမန်းဖြင့် သိဒ္ဓိတင်ပေး သည်ဟု အတိအကျ ယူဆထားလေ၏၊
တိုက်တိုက်ဆိုင်ဆိုင်ပင်လျှင် မုန့်တီဆိုင်ကလေးသည်လည်း တစ်ပတ်အတွင်း အတော်လေးကို ရောင်းအားကောင်းလာခဲ့လေတော့၏ အပျင်းပြေမုန့်တီဆိုင်ဖွင့်ကြည့်သည်ဟု ဆိုစေကာမူ တစ်နေ့ကို မုန့်ဖတ် ၁၂ ပိဿာထိ ရောင်းချရလေ၏၊ မနက်အစောကြိးကတည်းက နေ့လည် ၁ နာရီလောက်ထိ လက်လည်သည်ဟူ၍မရှိပေ။
ထိုမထင်မှတ်ပဲ ဈေးရောင်းကောင်းနေသည်ကို မြင်သောအခါ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးသည် ဦးဇင်းငယ် ကြွလာမည့်နေ့ကို တမျှော်မျှော်ဖြင့် စောင့်နေ ရှာ၏၊ ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ တိုက်ဆိုင်လျှင် ကြွလာ မည်ဟု ပြောခဲ့သော ဦးဇင်းငယ်၏ စကားကို အမြဲကြာယောင် နေမိလေ၏၊
အမှန်မှာမူ ဦင်္းဇင်းငယ်ဆိုလိုသည်မှာ ဥပုသ်နေ့များတွင်မှ စာဝါပိတ်သောကြောင့် ဥပုသ်နေ့မှ ကြွလာခဲ့မည် ဟု ဆိုလိုခြင်းဖြစ်လေသည်၊ တနင်္ဂနွေနေ့ နှင့် တိုက် ဆိုင်စေချင်သည် မှာကား ဦင်္်းဇင်းငယ်၏ မောင်နှမများ အလုပ်နားသည့်ရက်နှင့် တိုက်ဆိုင်လိုစေသော ကြောင့်ဖြစ် လေည်။
ဤသည်ကိုပင်လျှင် အလွန်အထင်ကြီးနေသော စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးမှာမူ နေ့ထူး နေ့မြတ်ကို ရွေး၍ ကြွလာမည့်ဟု အထင်ရောက်နေလေတော့သည်။
နောက်တစ်ပတ်ကြာလျှင် ဦးဇင်းငယ် ကြွလာပြီး သူအင်မတန်မှ ကြိုက်နစ်သက်သော ရခိုင်မုန့်တီကို အားရ ပါးရ သုံးဆောင်နေလေတော့၏၊ ၄င်းဦးဇင်းငယ်သည်ကား ရခိုင်မုန့်တ်ီကို အလွန်ကြိုက်နစ်သက်၏၊ ငယ်စဉ်က ဆိုလျှင် ရခိုင်မုန့်တီကျွေးမည်ဟု ပြောပြီးကာမှ အကြောင်းအမျိုးမျိုးကြောင်း မကျွေးဖြစ်ခဲ့လျှင်ကား ထိုနေ့အဖို့ မည်သည့် အစားအစာကိုမှ မစားသောက်တော့ပေ။ ယခု အသက်ကြီးလာသည့်တိုင်အောင် ထိုအကျင့်ကို မစွန့်လွတ်နိုင်သေးပေ။
ရခိုင်မုန့်တီသုံးဆောင်ပြီး၍ မကြာခင်ပင်လျှင် စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက် အလွန်ရိုသေသော အမူအယာဖြင့် ရောက်လာလေတော့၏၊ ဦးဇင်းငယ်မှာ ဤမျှရိုသေ ကိုင်းရှိုင်း သော အမူအယာဖြင့် မိမိရှေ့ တွင် လာရောက်ထိုင်နေသော အမျိုးသမီး တစ်ယောက်၏ ရှေ့တွင် ကိုယ့်ကိုကိုယ့် မယုံသင်္ကာဖြင့် မနေတတ် မထိုင်တတ်ဖြစ်နေလေတော့၏၊
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးလျှောက်ထားသည်မှာကား= မှန်လှပါဦင်္းဇင်းလေးဘုရား၊ တပည့်မတော်မ ဆိုင်ခန်းအတွက် ရေမန်းတစ်ပုလင်းလောက် မန်းပေးတော်မူပါဘုရား.. ဟူ၍ဖြစ်လေ၏၊
ဦင်္းဇင်းငယ်သည် အလွန်အံ့သြသော အမူအယာဖြင့် ဘေးဘီးဝဲယာကို အနည်းငယ် အကဲခပ်ကြည့်ပြီးလျှင်၊ ဒကာမကြီး ဘာပြောတာလဲ ဟု မယုံသင်္ခါ မေးမိလေတော့၏၊ ထိုအခါ စတိုးဆိုင်ပိုင်ရှင် အမျိုးသမီး သည် လည်း၊ ဆိုင်ဖွင့်သည့်နေ့က ဦင်္းဇင်းငယ်ကိုယ်တိုင် ထုတ်ပေးခဲ့ သော ရေထုပ်ကလေးကို လက်ညှိုညွန်ပြကာ၊
ဟော..ဟိုက အရှင်ဘုရား မန်းပေးခဲ့တဲ့ မနောမယဂမ္ဘီရ ရေမန်းလိုမျိုး တပည့်တော်မကိုလည်း ချီင်္းမြင့်ပေးပါ ဘုရားဟု ထပ်မံလျှောက်ထား လိုက်လေတော့၏။
ဦင်္းဇင်းငယ်သည် အရာအားလုံးကို သဘောပေါက်သွားသဖြင့် ရယ်ချင်သောစိတ်ကို အောင့်အီးသီးခံပြီး၊ ဤသို့ပြန်လည် ရှင်းပြရလေတော့၏။
အဲဒီင်္ ..ရေထုတ်က ရေမန်းမဟုတ်ဘူး ဒကာမကြီ်ရဲ့ ….ဟု စအချီကာဖြင့်၊ ၄င်းရေထုပ်ငယ် ကို စာပွဲပေါ်မှ နေ၍ ကြိုးတစ်ချောင်းဖြင့် ချည်ထားသည်မှာကား မုန့်ဖတ်နှင့် အခြား တိုလီ မိုလီများ ကို ယင်ကောင် နားမှာစိုး သဖြင့်၊ ယင်ကောင်များကို ခြောက်လှန့်ရန်အတွက် တမင်သက်သက် စာခြောက်ရုပ်ကဲ့သို့ လုပ်ထားသော ရေထုပ်သာဖြစ်ကြောင်း၊ ဘယ်လို မန္တရားကိုမှ မတတ်ကြောင်း ယင်ကောင်များ မလာနိုင်ရန် ၄င်းရေထုတ်ကလေးကို ယိုင်ထိုးလှုပ်ပေးခြင်းဖြင့် ဟန့်တားထား ခြင်းသာ ဖြစ်ကြောင်း ရှင်းပြရလေတော့၏။
စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးမှာလည်း မိမိ၏အဖြစ်ကို မိမိသိရှိရသဖြင့် ၄င်းအမျိုးသမီး နှင့် ဆိုင်ခန်းရှိ ညီအစ်ကို မောင်နှမများ အားလုံးတို့မှာ တစ်ညီင်္တစ်ညွတ်တည်း..ဝါး..ဟား..ဟား ဟူ၍ ပြိုင်တူ ထွက်သွား ကြလေတော့သတည်း။
ထိုစဉ်က ရေမန်းမန်းသော ဦးဇင်းငယ်မှာ ကပ္ပိယကျော်ခေါင်၏ဆရာရင်း ရွာဥိးကျောင်းဆရာတော် ဖြစ်လေသည်၊ မုန့်တီဆိုင်ပိုင်ရှင်မှာ ရွာဦင်္းကျောင်းဆရာတော်၏ အစ်မဖြစ်လေသည်၊ စတိုးဆိုင်ပိုင်ရှင် မှာကား ဖော့ကန်ရပ်ကွက်တွင် အလွန်နာမည်ကြီင်္းသော ဦင်္းတင်မောင်စတိုးဆိုင် ဖြစ်လေသည်။
ဤသို့လျှင် လူတို့မည်သည်၊ မိမိတို့၏ အားကိုးရာကို လွဲမှားစွာ ရှာမှီးတတ်ကြလေသည်။
Cradit : ရွာဦးကျောင်း
0
နိုင်ငံတော် သမ္မတ(ဦးသိန်းစိန်) သတင်းစာရှင်းလင်းပွဲ
0
လူစိမ်း သို့
လူကောင်းတွေ တိုးလာတော့မှာ ပေါ့၊
ခြေ သ လုံး တော့ လှန် မပြခိုင်းပါဘူးဗျာ၊ ၀ဲ ခြောက် ရှိ တာ သိပေမယ့် 
အပြင်မှာ သားသား နားနား မိသားစု ၀တ်စုံ ၀တ်ထားတာ ပဲ၊ အမေ နဲ့ အဖေ က ခွင့် လွတ် မှာ ပါ။ 
ကျွန်တော် ကတော့ မျက်စောင်းပဲ ထိုး နိုင် မှာပေါ့။
မိဘ ရှေ့ ဘာ လုပ်နိုင်မှာလည်း၊
အိမ်မှာ အရေးပါတဲ့ သား တစ်ယောက်မှ မဟုတ်သေးတာ ။
တခြားမိသားစု ၀င်တွေကလည်း ကျွန်တော် လို ပဲ ပြောချင်မှာ ပါ။
ဒါပေမယ့် ဘယ် ပြောရဲ မလည်းဗျာ။ ခင်ဗျားတို့ ခေတ်ပဲလေ။
သူတို့လည်း ခင်ဗျား ခြေသလုံး က ၀ဲ ခြောက်တွေ ရှိတာ ကိုတော့ ခင်ဗျာ့ ကွယ် ရာ မှာ ပဲ ပြော ကြမှာ ပါ။
ခင်ဗျား ရှေ့ ရောက်ရင်တော့ ပြုံး ပြ ကြပါလိမ့်မယ်။ 
ကျွန်တော် ကတော့ မပြုံး နိုင်ပါဘူးဗျာ၊ ဒါပေမယ့် ကျွန်တော် လည်း သူတို့ လို 
မမုန်းပါဘူး။
0
လေလွင့်သူ(မြသန်းတင့်)
ကျွန်တော်ထွက်သွားတော့မယ်။ အိမ်ကိုမပြန်တော့ဘူး ။ဘယ်ကျောင်းမှာမှမနေတော့ဘူး။
ကျွန်တော့်ညီမလေးကိုသွားတွေ.ပြီးနှုတ်ဆက်မယ်။ပြီးတော့သူဆီကချေးလာတဲ့ပိုက်ဆံလေးကိုပြန်ပေးမယ်။
ပြီးတော့ကားကြုံစီးပြီးအနောက်ဘက်ပြည်နယ်တွေကိုသွားမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။
Thursday, 17 November 2011
0
ရွာသူရေ..
ရွာသူရေ.........
မင်းညူဆူလို့ ငါကိုပြုစားချင်လည်း ပြုစားလိုက်ပါတော့
ငါ့နုလုံးသား တစုံကို မင်းကိုခေါစာ ပြစ်ပါတယ်။
ငါ့အချစ်တွေက မင်းတစ်ယောက်ကိုပဲ စေတနာပို ကမ်းပြိုမိခဲ့တော့
ငါ့ဘ၀ ငါ့နုလုံး မင်းစိတ်ကြိုက်သုံးပါ စားပါ ကွယ်။
(ပိုင်စိုးဦး)
Sunday, 24 July 2011
0
ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး
ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ..
ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ
အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်..
ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..
ဒါတောင် ဘယ်ဆရာမ မှ ရှင်းမပြ ဘူး..ပျော် ပွဲ စား ထွက်သလို ပဲ ဟေးလား ၀ါးလား နဲ့ ကုန်သွားတာ။
ဒီနိုင်ငံ မှာ ကျ အဲ့လိုမဟုတ်ဘူး..ဆရာမ က ကလေးတွေကိုမရရအောင်စုတယ်
ပြီးတော့ ရှင်းပြ တယ်။ ဥပမာ သူတို့ ဒုတီယ ကမ္ဘာ စစ် တုန်းက ဂျာ မာန်နေတွေ နဲ့ တိုက် ခဲ့စဉ် က သူရဲ ကောင်းတံ ဆိပ် ရတဲ့ သူတွေအကြောင်းဆို ရင် ဆရာမ က သေသေချာချာ ရှင်းပြနေတာ တွေ့ခဲ့ရတယ်။ လူ့ သမိုင်းဖြစ်စဉ်တွေ အကြောင်း၊ နောက် သူတို့ နိုင်ငံ က ထွင်ခဲ့တဲ့ ရေဒီယို တို့ စတဲ့ ပစ္စည်းတွေနဲ့ သိပ္ပံ ပညာရှင် တွေအကြောင်း ပန်းချီ ပန်းပု ဆိုရင်လည်း ထို နည်း လည်းကောင်းပဲ အားကျ ဖို့ကောင်းတယ်..
ကျနော်တို့ ငယ်စဉ် က နေ အခုအထိ စာတွေ့တောင် စကားပြေ အလွတ်ကျက် ဖြေလာခဲ့ရတာ ။
ကလေးတွေ ငယ်စဉ် ကတဲ့ က ကျောင်းပြင် ပ ဗဟုသုတ ဆိုတာ ဆရာဆရာမတွေရှင်းပြ တယ်ဆိုတာ နည်းလာပြီ။
ကျနော် တို့ ငယ်စဉ် အထိကို သိပ် မတွေ့ရတော့ ဘူး။(စာသင်ခန်းထဲမှာ တောင် ရှင်းပြ မူ့ မရှိသလောက်ရှားလာပြီ ထင်တယ် )
ကျနော် တို့ကကော ကျနော်တို့ သမိုင်းက သူတို့ လို မခန်းနားခဲ့လို့လား ???
ဒါကတော့ လက်မခံပါဘူး။ ပုဂံ ခေတ် လက်ရာတွေနဲ့  ပုဂံ သမိုင်းက အတိအလင်း ကို ပယ်ချနေပါလိမ့်မယ်၊ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။
နောက် ယိုးဒယား မုန်းတီးရေးအတွက် စာအုပ် ကို ကျက် ဖြေ ပဲ ဖြေရတာ ။
ဒါကို ပြတိုက် ထဲမှာ ရှေ့မှာ ချပြီး ဘယ်လို ပန်းချီကားအကိုးအကား ၊ ဘယ်လို ရုပ်ရှင် ဇာတ်လမ်းအကိုးအကားနဲ့ ရှင်းပြ ဘူးလည်း။
မြန်မာ သမိုင်းမှာကော  ငယ်ငယ်က သင် သာ သင်ခဲ့ရတာ ပုံပြင် တွေ ဖတ်သလို ပဲ အပျော် ဖတ်တွေပဲလား။
ဘယ်မှာလည်း အထောက်အထား ၊ နောက်ဆုံး  မရှိရင် ပန်းချီကားတွေနဲ့ အထောက် အထားတွေပြ ပြီး ခန်းနားထည် ၀ါစွာနဲ့  ပြ တိုက်တွေ လုပ်ပေးဖို့ကောင်းတယ်။
ကျနော် ဆယ်တန်းပြီးတော့မှ စစ်သမိုင်းပြ တိုက်တို့ ကို ကိုယ်စရိတ်နဲ့ ကိုယ် သွားခဲ့ရတာ မှတ်မိသေးတယ်။
တကယ်တော့ ဒါတွေက ငယ်ငယ်ကတဲ့ က တိုင် ကလေးတွေကို လိုက်ပြ ပြီး ဥနှောက် ထဲမှာ ရိုက် သွင်းထားဖို့ကောင်းတယ်။
ဘာမှ တော့ မဟုတ်ပါဘူး ကျနော် ဒီနိုင်ငံ နဲ့ ယှဉ်ကြည့်မိတဲ့ ဖြစ်စဉ်တွေလေးပါ ပဲ...
ပိုင်စိုးဦး(25/7/2011)
Saturday, 23 July 2011
0
ငမိုး မသေသေး
 (ငမိုး)ကိုလူအများတကာက သေလေပြီဟုပြောကြသည် ။
          အမှန်မှာကား ( ငမိုး )မသေသေးဟု ထင်ပါသည် ။ ယခု ဇန်န၀ါရီလ တစ်ခုသော နံက်ခင်း ချမ်းချမ်းစီးစီးထဲတွင် တပ်မတော်မော်ကွန်းတိုက်၏ အောက်ထပ်၌ “ငမိုး (ခေါ်)ဗိုလ်ချုပ်အောင်ဆန်း” ကိုအမှတ်မထင် ကျွန်တော် တွေ့ရ၏ ။တစ်ဦးနှင့်တစ်ဦး တွေ့ကြရာ၌ ယခင်တုန်းကလို ၀မ်းသာအယ်လဲမရှိကြ ။ သူကလည်း သူ့အတွေးနှင့်သူ ငိုင်နေ၏ ။ ကျွန်တော့်မှာလည်း ရင်ထဲမှာ နာနေ၏ ။ဘာအတွက် အသဲနာ,ရင်နာ ဖြစ်ရသည်ကိုကား ကျွန်တော် ဖွင့်မပြောချင် ။ တစ်ခါတုန်းက ( ငမိုး )အကြောင်း “ဂျာနယ်ကျော်”ထဲတွင်ဖွင့်ပြောဘူးသဖြင့် ငါးကြော်စားက ရန်ကုန်ထောင်ထဲ ( ၃ ) လကျော်ဝါဆို ခဲ့ရဘူး၏ ။ ထို့ကြောင့် နာနေသော အသဲကို ကျပ်စည်း၍ထားရမည် ။
           ငမိုး သည် သူ၏ အထုပ္ပတ္တိ ကိုစီကာ စဉ်ကာပြသထားသော မှန်ဘီရိုများအား ဦးခေါင်းငိုက်ဆိုက်ဖြင့် တစ်ခုပြီးတစ်ခု လိုက်လံကြည့်ရှုနေ၏ ။ ထိုမှန်ဘီရို များထဲ၌ တက္ကသိုလ် သိပ္ပံဌာနမှ ကြီးမှူးသော ပြပွဲတွင် တပ်မတော် မော်ကွန်းတိုက်မှ (ငမိုး) ၏ ဓတ်ပုံ,စာရွက်စာတမ်း,အ၀တ်အစား,အသုံးအဆောင် ကလေးများကို စုဆောင်း၍ပြသထားဘူး၏ ။
           တစ်ဆယ့် သုံးခုမြောက် မှန်ဘီရိုထဲတွင် (ငမိုး) ၏ စီးကရက်ဗူး မီးခြစ်နှင့် ပလေးယားစီးကရက် (၆)လိပ်ရှိ၏ ။ ငမိုး သည် ဘာမပြောညာမပြော စီးကရက်တစ်လိပ်ကိုယူပြီး မီးညှိသောက်နေလေရာ သူ၏ စီးကရက်မှ မီးခိုးငွေ့များသည် တစ်ခဏအတွင်း မော်ကွန်းတိုက် အောက်ထပ်၌ ပြည့်လျှံ၍ သွားလေ၏ ။ စီးကရက် မီးခိုး အနံ့ကြောင့် ကျွန်တော်၏ ဦးခေါင်း သည် ရီဝေမူးနောက် လာ၏ ။ ကျွန်တော် ၏ စိတ်သည် ရပ်တည်နိုင်စွမ်းမရှိဘဲ အတိတ်ဆီသို့ ထွက်ပြေးသွားလေသည် ။
                                                                                                  ( ၂ )
             ငမိုး သည် ကျွန်တော့် ထက် အသက် ၆ နှစ်ခန့်ကြီးသည် ။ ကျွန်တော်ကျောင်းရောက်၍ ဆရာ ဦးသာလင်း၏ သူငယ်တန်းတွင် စာသင်နေချိန်ဝယ် ငမိုး သည် ဆရာ ဦးဘသန်း(ဦးရွှေထိုက်) ၏ တတိယတန်းလောက်တွင် ရောက်နေပေပြီ ။ ငမိုး နှင့် ကျွန်တော် အသက်ချင်း ကွာခြားသလို စာသင်ရသော အတန်းလည်း ကွာခြား၏ ။ကွ်ျတော်၏ ၀မ်းကွဲအကို ကြွက်ကဒိုး (ခေါ်)ကိုဘအေး ၊ ယခု ကျွန်တော့်ယောက်ဖ ကိုဘို ၊ ကိုဖိုးနီ စသော သူများသာ ငမိုးနှင့် တစ်တန်းထဲ စာသင်ကြရ၏ ။ငယ်ရွယ်စဉ် ကလေးဘ၀က ဖြစ်၍ ရေးရေးသာ မှတ်မိတော့၏ ။
             ငမိုး ကျောင်းအဆင်း အိမ်အပြန်တွင် လမ်းသွားရင်း လုံချည်ကျွတ်သွားက ပြန်၍မ၀တ်၊ လုံချည်ကို ပုခုံးတွင် စွပ်၍ မည်သူ့မျှ စကားမပြောဘဲ ခပ်သုတ်သုတ်သွားသည်ကို မကြာခဏကြုံရ၏ ။ ကျွန်တော်တို့ ကျောင်းတွင် မျက်နှာကြီးကျောင်းသား အသိုက်အ၀န်း ၂-စု ကွဲနေသည် ။ တစ်စုကို ယခုအခါ ကာယကံရှင်များ အထင်အရှားရှိ၍ ဖွင့်ဟ ရေးသားရန် မသင့် ။ ကျန်တစ်စုမှာ ငမိုး တို့ ညီအစ်ကိုစု ဖြစ်၏ ။ ကျောင်းအပြန်တွင် ဤကျောင်းသားစု ၂-စုသည် အမြဲတမ်းရန်ပွဲဆင်ရ၏ ။တစ်စုနှင့်တစ်စု ပညာဂုဏ်ပြိုင်ဘက် ဖြစ်ကြ၍ လမ်းသွားရင်း ကျောင်းမှ သင်ပေးသော စာများကို ငြင်းခုံကြ၏ ။ ငြင်းခုံရာမှ လက်သီးချင်းထိုး ၊ ကျောက်သင်ပုန်းနှင့်ခုတ် ၊ ခဲနှင့်ထု စသည်ဖြင့် ကလေးတို့ဘာဝ လက်နက်မျိုးစုံ အသုံးပြုကြ၏ ။ထိုရန်ပွဲတွင် ကျွန်တော်တို့သည် ငမိုးတို့ဘက်မှ ပါဝင်ကြမြဲဖြစ်သည် ။ ထိုကျောင်းတော်က ရန်စသည် ငမိုး တို့ ကျွန်တော်တို့ လူရွယ်ပိုင်းရောက်၍လည်း အငွေ့နဲနဲရှိသေး၏ ။ ငမိုး သခင်ဘ၀ ၊ နိုင်ငံရေးသမား ဘ၀ အထိအငွေ့မစဲ ။ ငမိုး နှင့် ကျွန်တော်တို့ ပါတီကို ဘယ်တော့မှ အကောင်းမပြောကြပေ ။ နောက်ဆုံး ငမိုးသည် (ဗိုလ်ချုပ်အောင်ဆန်း) ဟု နာမည် တဟိုးဟိုးကျော်သည်အထိ ၎င်း ၊ ကျွန်တော်သည် ငမိုး၏ နောက်လိုက် အန္တေ၀ါသိက ဖြစ်နေချိန်အထိ၎င်း တစ်ဖက်မှ အကောင်းပြောခြင်းကို မခံကြရ ။ “ ဒီကောင်တွေ အင်္ဂလိပ်ပြန်လာရင် ထောင်ထဲနေရမယ့် ကောင်တွေပါကွာ ” ဟု အပြောခံကြရသေး၏ ။ ကျွန်တော်တို့ ၊ ငမိုး တို့မှာ တိုင်းပြည်လွတ်လပ်ရေးရရန် တာဝန်အထပ်အပိုးကြီးကို ရင်ခွင်တွင်ပိုက်၍ အများတကာ နှင့်ပူးတွဲ ဆောင်ရွက်နေရသဖြင့် ထိုကျောင်းတော်က ကိစ္စများကို ခေါင်းထဲ မထားနိုင် ၊ ရင်ထဲလည်း မထားနိုင် ။
             ဂျပန်ခေတ် (စိတ်အထင် ၁၉၄၄- ခု နိုဝင်ဘာလ) စစ်ဝန်ကြီး နှင့် စစ်သေနာပတိအဖြစ် ကန်တော်ကြီး ပတ်လမ်း ( ယခု နတ်မောက်လမ်း)၌ နေထိုင်သောအခါ ကျွန်တော်သည် သူနှင့်အတူနေရ၏ ။ ထိုအခါက အလုပ်အလွန်များနေသည့်ကြားမှ တစ်ခါတစ်ခါ နေရပ် ဇာတိအကြောင်း ပြန်ပြောင်းပြောမိကြ၏ ။
             “ (......) ဘာလုပ်နေသတဲ့လဲကွ ...”
             “ဒီလူ ကုန်သည်လုပ်နေတယ် ကြားရတာဘဲ ..”
             “ အာရှလူငယ်ထဲ မပါဘူးတဲ့လား .......”
             “ ပါတယ် မကြားမိပါဘူး ....”
             ငမိုး သည် စာပွဲတွင် လက်ချောင်းကလေးများကို တင်ထားပြီး ဗုံတီးသလို တီးလိုက်သေး၏ ။ ပြီးနောက်ငြိမ်နေလေသည် ။ ငြိမ်နေပြီးမှ ပြော၏ ။
             “ ဒီကောင် ခက်တော့တာဘဲ ၊ လူတော့ လူကောင်းဘဲ ။ အရည်အချင်းလဲ အသင့်သား ၊ ကြွားတတ်တာ ဆိုးတယ် ....”
             ဤကား သူ့အား တစ်ဘ၀တာလုံး အကောင်း ဟူ၍တစ်ခွန်းမပြောသော သူ၏ ကျောင်းနေဘက် အပေါ်တွင် ထားရှိသော သဘောထားပင်တည်း ။ ငမိုး ၏ဖြူစင်တိကျသော သဘောထားကို ကျွန်တော်သည် ရုတ်ချည်းသိ ထိမိပြီး အံ့အားသင့်သွားခဲ့ရ၏ ။ သူ့ သူငယ်ချင်းအပေါ်တွင် ကြင်နာပြီး သူမြှော်မှန်းသလို မဟုတ်သောကြောင့် ရှုတ်ချခဲ့ခြင်းကား မပြုပေ ။
             ငမိုး သည် စိတ်ထားကြီးမားပေသည် ။
                                                                                                     ( ၃ )
             ၁၉၂၉- ခုနှစ် ။
             ငမိုး စတုတ္ထတန်း အောင်မြင်ပြီး သောအခါ ၊ အင်္ဂလိပ်ကျောင်းသို့ပြောင်းသွား၏ ။ အင်္ဂလိပ်ကျောင်း ဆိုသည်မှာ ရေနံချောင်း နေရှင်နယ်ကျောင်းကို ဆိုလို၏ ။ အဲဒီခေတ်တုန်းက အင်္ဂလိပ်ကျောင်းကို တော်ရုံ တန်ရုံ ကျောင်းသားများ သွားပြီး ပညာမသင်နိုင်၊ မိဘ ၊ ဦးလေးသားချင်းများတွင် ငွေကြေးတတ်နိုင်မှသာ အင်္ဂလိပ်ကျောင်းသို့ ရောက်နိုင်၏ ။ ငမိုး ၏ မိဘများမှာ ငွေစ, ရှိသူများဖြစ်သည် ။ ငမိုး အင်္ဂလိပ် ကျောင်းရောက်သွားပြီး ကျွန်တော်တို့မှာ မြန်မာကျောင်းတွင် ကျန်ရစ်ခဲ့သည် ။ ဤတွင် ငမိုး နှင့် ကျွန်တော်တို့ အနေဝေး၍ သွား၏ ။
             ဒီလို ....ဒီလို နှင့် ကျွန်တော်တို့ အိမ်အရှေ့ဘက်က ဧကရာဇ် ပင်ကလေးသည် ဧကရာဇ်ပင်ကြီး ဖြစ်လာ၏ ။ ကျွန်တော့်အစ်ကို ၀မ်းကွဲ ကြွက်ကဒိုး သည် ငယ်နာမည်ပျောက်၍ ဘအေးဖြစ်လာပြီး မိန်မပင် ရနေ၏ ။ ကျွန်တော်လည်း နှာရည်တွဲလောင်းနှင့် ကလေးဘ၀မှ လူပျိုပေါက် အရွယ်ကဖြစ်လာ၏ ။ ငမိုး သည်လည်း ကောလိပ်ကျောင်းသားကြီး ဖြစ်သွားပေပြီ ။
             အဲဒီ ခေတ်က ကျွန်တော်တို့မြို့မှ ကောလိပ်ကျောင်းတွင် ပညာသင်နေသူ လေးငါးဦးရှိမည် ။ အခြားသူများက တမူ ၊ ငမိုးက တဘာသာ ။ ကျွန်တော်မည်သူ့မျှ ထိခိုက်စေလိုသော စေတနာ မထားပါ ။ အချို့ ကောလိပ်ကျောင်းသားကြီးများ နွေဥတု ကျောင်းပိတ်အိမ်ပြန်လာရာတွင် “ဘယ်နေ့ ရောက်မည် ၊ ဘူတာက ကြိုပါ ” ဟု အိမ်သို့ သံကြိုးရိုက်ထားလေ့ ရှိကြ၏ ။ နတ်မောက်သည် တောမြို့ကလေးဖြစ်၍ မော်တော်ကား နတ္ထိ ၊ လှည်းယဉ်များသာ အသုံးပြုကြရ၏ ။ ဘူတာနှင့် မြို့စပ်ကြားတွင် “ယင်းဘာသာ ကွင်းညာက ရှုလိုက်တော့ ” ဟူသော ဦးကြော့လေးချိုးတွင် ပါသည့် ယင်းချောင်းကြီးက ခြားထား၏ ။ မိုးရာသီတွင် ရေရှိ၍ နွေရာသီတွင် ရေမရှိ ။ သဲများပြည့်နေ၏ ။ သံကြိုးစား ရသည့် သက်ဆိုင်ရာများက ကောလိမ်ကျောင်းသားကြီးတွေကို လှည်းယဉ်နှင့် သွားကြိုရ၏ ။လှည်းယဉ်ဆိုပေမယ့် မခေလှ ။ နှီးပေါင်းမိုးတွင် နံဘေး - ၀ဲယာ  နှစ်ဖက်၌ ပြူတင်းပေါက်ပါပြီး ခန်းဆီးတပ်ထားကြ၏ ။ လှည်းဆောင့်သောအခါ ဖင်မနာအောင် မွှေ့ရာခင်းထား၏ ။ နွားတွင် ခြူကုံးတွေ တချွင်ချွင်နှင့် စိတ်ကြီးဝင်စရာ သိပ်ကောင်း၏ ။ ရထားက အဆင်း မြို့ထဲအ၀င် ၌ တစ်စောင် တစ်မူးပေးရသော (ရန်ကုန်ဂေဇက်) အင်္ဂလိပ်သတင်းစာကြီးကို လှည်းနံရံ ခြေကန်ဖတ်ရင်း လိုက်ပါလာလျှင်၊ ကောလိပ်ကျောင်းသား ပြန်လာပြီဟု သိကြရ၏ ။
             ငမိုး ကား အာဂ ငမိုး ။ သူ နွေကျောင်းပိတ် အိမ်ပြန်လာလျှင် သံကြိုးလဲမရိုက် ၊ ဘယ်သူ့မှလဲ အကြိုမခိုင်း ။ အိပ်ရာလိပ်နှင့် သေတ္တာကို လှည်းကြုံနှင့် ငါးမူးပေးပြီး တင်လွှတ်လိုက်တတ်၏ ။ ရန်ကုန် ရထားဆိုက်သော နေ့ခင်း ( ၂ ) နာရီနေပူပူထဲတွင် ဦးထုပ်မပါ ၊ ဖိနပ်မပါ ယင်းချောင်းကို ဖြတ်ကူးလာတတ်၏ ။ ချည်လုံကွင်း မီးလောင်ပေါက်နှင့် မြို့အရှေ့ဘက်က မြောင်းဘောင်အတိုင်း လျှောက်၏ ။ ထိုကမှ မြို့ထဲပတ်ဝင်၍အိမ်သို့သွား၏ ။ တစ်ခါတစ်လေ စပါးလှေ့ နေသော လူသိုက်ထဲ ဘာမျှမပြော ၀င်ထိုင်၏ ။ မောမောနှင့် ရေနွေးကြမ်းနှစ်ခွက် သုံးခွက် ငှဲ့သောက်ပြီး တန်း,ထ,သွားသည်။ နေ ပူပူ ခြေလျှင်ပြန်လာရာ တစ်ခါက ကျွန်တော်တို့ လူငယ်တစ်စု လယ်ကွင်းရေစပ်တွင် စာဝရီးငှက်ကလေးများကို ဂွလေးနဲ့ လိုက်ပစ်နေစဉ် ကြုံဘူး၏ ။ ကျွနတော်တို့က နှုတ်ဆက်၏ ။ သူကမကြား ၊ တစ်ယောက်ထဲ လက်သီးဆုပ် အံကြိတ်ပြီး စကားပြောသွားသည် ။ ဘာပြောတာမှန်းလဲမသိ ။ (စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း ဘ၀တုန်းက အဲဒီ ရှုကွင်းကို ကျွန်တော်က ပြန်ပြော၏ ။ “အဲဒီတုန်းက ကျွန်တော်တို့က ခင်ဗျား စိတ်နောက်နေတယ် ထင်ကြတာ” ဟု ပြောရာ ငမိုး ကဘာမျှ ပြန်မပြော ၊ ဟက်ဟက်ပက်ပက် သာ ရယ်လေ၏ ။)
            ၁၉၃၆-ခုနှစ် ကျောင်းသား သပိတ်ဖြစ်စဉ် ငမိုး သည် နာမည်ထွက်လာ၏ ။ ငမိုး ကမျိုးချစ်စိတ်ဝင်စား၏ ။ အမျိုးသားလှုပ်ရှားမှုတွေတွင်ပါဝင်နေ၏ ။ နေရပ်ရှိ သခင်ဗဥာဏ် ၊ ကိုသံချောင်း ၊ ကိုဘို ၊ ထွန်းရှိန် ၊ မောက်ညွန့် ၊ ကျွန်တော်တို့ လူသိုက်သည် ငမိုး လမ်းစဉ်ကို လိုက်ကြရင်း သတင်းထောက် ဘ၀ နှင့် နယ်အရာရှိဆိုးတွေ နှက်သူက နှက်၏ ။ သခင်လုပ်ငန်း ၊ ကျောင်းသား သမဂ္ဂလုပ်ငန်းတွေ လုပ်သူတွေက လုပ်ကြ၏ ။ နဂါးနီ စာအုပ်တွေဖတ်ပြီး ဆွေးနွေးကြ၏ ။ ငမိုး အစွဲကား ပြင်းထန်၏ ။
            ငမိုး နွေကျောင်းပိတ် ပြန်အလာ မျှော်ရင်း သူပြန်လာလျှင် တက္ကသိုလ်မဂ္ဂဇင်း ၊ ဒီးဒုတ်ဂျာနယ်၊ ဘားမားဂျာနယ် စသော စာအုပ်များပါလာလေ့ ရှိ၏ ။ကျွန်တော်တို့က ယူပြီးဖတ်၏ ။အချို့ အိမ်နီးနားချင်းများ နေ့ခင်း နွားစာပြောင်းရိုးစဉ်းနေစဉ်သွားပြီးဖတ်ပြ၏ ။ ကျွန်တော်တို့က ဒီလိုလုပ်နေစဉ် ငမိုး က ညလသာသာ ရွာထဲမှ ကလေးတွေစု ပဲကြီးလှော်ဝေပေးပြီး ဒို့ဗမာ သီချင်း သင်ပေး၏ ။ ဤနည်းဖြင့် ကျွန်တော်တို့မြို့ရှိ လူငယ်တစ်တွေမှာ ဟိုခေတ်က လူကြီးများအခေါ်အရ ၀ံသာနု ၊ ထောင်စာကလေးတွေ ၊ သူပုန်ကလေးတွေဖြစ်လေကုန်၏ ။
            ၃၈- ခုနှစ်တွင် ကျွန်တော် ၊ မောက်ညွန့် ၊ ထွန်းရှိန်တို့သည် ကျောင်းသား သမဂ္ဂ ခေါင်းဆောင်များဖြစ်၏ ။ ငမိုး ခေတ္တပြန်လာ၏ ။ ကျွန်တော်တို့ကျောင်းသားတွေ ထကြွလှုပ်ရှား သည်ကို သူကျေနပ်၍နေသည် ။ ကျောင်းသားသပိတ်ဖြစ်ပြီး ကိုအောင်ကျော်ကျဆုံး၏ ။ ရန်ကုန်သမဂ္ဂ သံကြိုးရလျှင် ရခြင်း ငမိုး ထံသွား၍ ပြောပြရာ ငိုင်နေ၏ ။ နောက် ကျောင်းသားသမဂ္ဂ အစည်းအဝေးကျင်းပရာ သာသနာ့ဟိတ စာကြည့်တိုက် သို့ လိုက်လာ၏ ။နေ့ခင်း ၁-နာရီခန့်ရှိပြီ ၊ ဦးထုပ်မပါဘဲ လိုက်လာ၏ ။ ကျောင်းသားအစည်းအဝေးတွင် စကားပြော၏ ။ နာရီဝက်ခန့်ပြော၍ လုပ်ငန်းစဉ်ချပေးပြီး သူ၏ အိမ်သို့ နေပူကြီးထဲ၌ပင် ပြန်သွား၏ ။
            အံသြဘို့ကောင်း၏ ။ တစ်ခါတုန်းက တစ်နေ့-နေ့ခင်း မြို့လယ်ရှိ ကိုအီကွမ်း၏ တရုတ်လဘက်ရည်ဆိုင်တွင် ငမိုး ရောက်နေ၏ ။ ငမိုး ၏ ပတ်ပတ်လည်တွင် လူစည်ကား၍နေ၏ ။ အလပ္ပါယ်ဆရာ ကိုညို ၊ ဘိန်းစား ကိုကွက်ကြီး ၊ ဘိန်းစား ကိုဘထွန်း ၊ ဆိုင်းဆရာ ကိုရေချမ်း ၊ ကိုစို့ကြီး ၊ ကိုရေအေး စသော ပရိသတ်များရှိ၏ ။ ကျောက်စားပွဲတွင် ရေနွေးကြမ်းကရား တင်ပြီး ထိုလူသိုက်နှင့် ဒို့ဗမာ အစည်းအရုံးအကြောင်း၊ ကျောင်းသား သမဂ္ဂအကြောင်းတွေ ဆွေးနွေးနေ၏ ။ ကိုဘကွမ်း ၊နဘိ-ကိုလှဖေ ၊ သံရောင်-ထွန်းရှိန် ၊ဘိုနက် ၊ဘခွေးနှင့် ကျွန်တော်တို့လည်း ဆံပင်ညှပ်ဆိုင်တွင် ရေနွေးကြမ်း စုသောက်နေရာမှ သူ့အသံကြား၍ ထ,လာခဲ့ကြခြင်းဖြစ်၏ ။ ငမိုး က မျိုးချစ်စိတ်ရှိရန်နှင့် အင်္ဂလိပ်မကောင်းကြောင်းများ ပြော၏ ။
            ဘိန်းစား ၊ အရက်သမား ၊ ကြက်သမားများမှာ သူတို့၏ လုပ်ငန်းတွင် မဖြတ်နိုင်ဘဲ စွဲလမ်းနေသူများဖြစ်၏ ။ သူတို့သည် သူတို့၏ လုပ်ငန်းများမှလွဲ၍ တစ်ခြားဘာကိုမျှ စိတ်ပါဝင်စားသူများ မဟုတ်ကြ ။ သူတို့အား မျိုးချစ်စိတ်ထားရှိရန် တရားဟောသူသည် ဘာမျှမြှော်လင့်ချက် ထားရန်မရှိ ။
            သို့သော် .........ငမိုး နတ်မောက်မှ ရန်ကုန်သို့ ပြန်သွားသောအခါ၌ ထိုလူတစ်စုသည် သတင်းစာဖတ်သူကဖတ်၍ သခင်အကြောင်း ၊ ကျောင်းသားအကြောင်း များကို အရက်ဆိုင် ၊ ဘိန်းခန်း ၊ ကြက်ပွဲများတွင် ဆွေးနွေးကြသည်အထိ ဖြစ်သွား၏ ။ အံ့ဖွယ် စည်းရုံးရေးပါတကား ။
                                                                                                  ( ၄ )
            အများသိကြသည့် အတိုင်း ငမိုး ဂျပန်သို့သွား၏ ၊ ပြန်လာ၏ ၊ ဗိုလ်တေဇဖြစ်လာ၏ ။ အဲဒီ (ဘီအိုင်အေ) တွင် ကျွန်တော် ဒုက္ခလှလှကြီးတွေ့ရ၏ ။ ထိုစဉ်က ကျွန်တော်သည် ဟင်္သတ ဗိုလ်ဗသိန်းတပ်မှ တဆင့် ဗိုလ်မှူးရန်နိုင်၏ တပ်မဟာတွင် ရောက်ရှိနေ၏ ။ တပ်စခန်းမှာ မန္တလေး ဆပ်ပါးမိုင်းနားစ်တွင်ဖြစ်၏ ။ တပ်စခန်းထဲတွင် စိန်ပန်းပွင့် နီနီရဲရဲတွေက ယခုရုံးစာရေး မမကလေးတို့၏ နှုတ်ခမ်းလို နီရဲ၍နေ၏ ။ အရှေ့ဘက်တွင်ကား စေတီပုထိုး ၊ ဂူကျောင်း ဇရပ်တို့ဖြင့် ပြည့်နှက်နေသော မန္တလေးတောင်တည်ရှိ၏ ။
            အချိန်အခါကား (ဘီအိုင်အေ) ကိုဖျက်သိမ်း၍ (ဘီ-ဒီ-အေ)သို့ အပြောင်းအလွှဲ ကာလဖြစ်၏ ။(ဘီအိုင်အေ)တွင် ပါလာသော တပ်ဗိုလ်များအား ၊ အချို့ကို တိုက်ရိုက် ကော်မရှင်ရာထူးပေး၍ ၊ ကျန်အချို့ကို မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းသို့ ရွေးချယ်တက်ရောက်စေရမည်ဖြစ်၏ ။ တစ်ညနေခင်း၌ ကျွန်တော်၏ အိမ်သို့ ဗိုလ်မှူး ရန်နိုင်ထံမှ ဆက်သားရဲဘော်ရောက်လာ၏ ။ တစ်ခါထဲလိုက်ခဲ့ပါဟု မှာကြောင်းပြော၏ ။ဘုမသိ ဘမသိ လုံကွင်းနှင့်ပင် ထ,၍လိုက်သွား၏ ။တပ်စခန်းမြောက်နားရှိ ဗိုလ်မှူး ရန်နိုင်အိမ် အပေါ်ထပ် ၊ အရှေ့ဘက်ခန်းသို့ ရောက်သွား၏ ။ ထိုအခန်းထဲ၌ ဗိုလ်မှူးရန်နိုင် ၊ဗိုလ်ချုပ်နေ၀င်း ၊ဗိုလ်မှူးဇေယျ နှင့် အခြား ကျွန်တော်မသိခဲ့ဘူးသော ဗိုလ်မှူး နှစ်ဦးတို့ စု ထိုင်ပြီး စကားပြောနေကြ၏ ။ ကျွန်တော့်အား ဖေါ်ဖေါ်ရွေရွေ နှုတ်ဆက်ကြ၏ ။ ဗိုလ်မှူး ရန်နိုင်က ထိုသူတို့နှင့် မတ်ဆက်ပေး၏ ။ ဗိုလ်မှူးရန်နိုင်က ထုံးစံအတိုင်း ပြုံး၍ပြော၏ ။
             “ ခင်ဗျား တပ်က ထွက်မယ် ကြံသေးသလား ”
             “ ဟာ....ဘယ်ထွက်ရမှာလဲ ကျွန်တော် ဆက်လုပ်မှာပါ ”
             “ ခင်ဗျားကို ကျွန်တော်တို့က ဒါရိုက်အပွိုင့်မင့် ပေးဘို့ စီစဉ်ထားတာဗျ ”
             ကျွန်တော် ဘာမျှ ပြန်မပြော ၊ အားလုံးက ကျွန်တော့်ကို အားနာသော အကြည့် ၊ ကြင်နာသောအကြည့်ဖြင့် ကြည့်နေ၏ ။ ဗိုလ်မှူးရန်နိင်ကသာ စကားဆက်ပြော၏ ။
             “ ဒါပေမယ့် ကျွန်တော်တို့ အစီအစဉ်အတိုင်းတော့ မဖြစ်ဖူး ။ ဒီစာသာ ဖတ်ကြည့်ပါဗျာ ”
             ဟု  စာရွက်တစ်ရွက်ကို ပေး၏ ။ မင်နီနှင့်ရေးထား၏ ။ စာ၏ ဆိုလိုရင်းမှာ “ နတ်မောက်မှ လာသော သခင်ဘုန်းကျော် ဆိုသူ ကျောင်းသားခေါင်းဆောင် တစ်ယောက်ရှိသည် ။ဟင်္သတ ဗိုလ်ဗသိမ်းတပ်ထဲပါသွားသည် ။ သူ့ကိုရှာပါ ။ တိုက်ရိုက်ရာထူး စာရင်းတွင်မထည့်နှင့် ” ဟူသတည်း ။ အောက်တွင် ( ဗိုလ်တေဇ ) ဟုလက်မှတ်ထိုးထား၏ ။ ကျွန်တော်က စာရွက်ကို ခေါက်၍ ပြန်ပေးလိုက်၏ ။ ဗိုလ်မှူးရန်နိုင်သည် စာရွက်ကို ပြန်ယူရင်း မေး၏ ။
             “ ဘယ်လို သဘောရသလဲ ”
             “သူ့ စာအတိုင်းပေါ့ ၊ ဘာဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ တပ်ထဲ ဆက်ပါမှာဘဲ ”
             ဗိုလ်မှူး ရန်နိုင်က ၀မ်းသာအားရ လက်ဆွဲနှုတ်ဆက်၏ ။ အားလုံးက လက်ခုပ်တီးလိုက်ကြလေသည် ။ ဒီနေရာ၌ ငမိုး ၏ စာသည် တိုတိုနှင့်ထိသည် ။ တစ်မြို့ထဲသားချင်း ၊ လူရင်းပင်ဖြစ်သော်လည်း မျက်နှာသာမပေး ။ တိုက်ရိုက်ရာထူးစာရင်းတွင် မပေးစေရ ။ ကျွန်တော်တို့ အပေါ်အခွင့်အရေး မပေး၍ ကျွန်တော်က စိတ်မဆိုး ။ ငမိုး ၏ ဓတ်ကြောကိုသိပြီးဖြစ်၏ ။ အမေစု၏ လယ်ပေါင် ၊ ယာပေါင် စာချုပ်များကို တိတ်တိတ်ယူ၍ မီးရှို့ခဲ့သော ငမိုး ။ အမေ့ ပစ္စည်းတောင်မှ လမ်းမကျဘူး ထင်လျှင် လမ်းကျအောင် ဇွတ်လုတ်တဲ့ ငမိုး ၊ ငမိုး တွင်မျက်နှာစိမ်း ၊ မျက်နှာကျက် ဟူ၍ ခွဲခြားခြင်း မရှိ ။ တည့်မတ်လိုက်သည်မှာ ချိန်ခွင်လျှာလို ဖြစ်နေ၏ ။
             မောင်မင်းကြီးသားက တည့်မတ်ပါ၏ ။ ကျွန်တော့်တွင်ကား မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းတွင် ၉-လ လုံးလုံးဂျပန်၏ ပါးအရိုက်ခံ၍ ပဲပင်ပေါက် ရေလုံပြုတ်ကို စားကာ စစ်ပညာသင်ခဲ့ရ၏ ။ ဒူးနှင့်တတောင်ဆစ်တို့မှာ ကျွဲပခုံးထနေ၏ ။ မချိမဆံ့ပင်ပန်း၍ လှလှကြီးဒုက္ခတွေ့ခဲ့ရ၏ ။
             တနင်္ဂနွေနေ့တစ်နေ့တွင် စစ်ကျောင်းအားလပ်၍ သူ့ထံ သွားတွေ့၏ ။ မန္တလေးတွင် ဖတ်ခဲ့ရသော စာနီရဲ အကြောင်း ပြောပြသောအခါ ငမိုး ကမျက်လုံးစောင်း၍ကြည့်၏ ။ ပြီးတော့ တစ်ခွန်းခြင်းပြောပြ၏ ။
             “ မင်းကို တိုက်ရိုက်ပေးရင် ဘ၀င် မြင့်သွားမှာစိုးလို့ကွ ။ ကျောင်းတက်ပြီးမှ ကော်မရှင်ရတော့ ဘယ်သူက ဘာမှ ပြောစရာမလိုဘူး”
             ကျွန်တော့်မှာ သင်တန်းတွင် မိကျောင်းသွား တက်ရ၍ ရရှိခဲ့သော ဒူးက အမာရွတ်ကိုသာ လက်နဲ့အသာ ပွတ်နေ၏ ။ သူ့ကိုပြန်မပြောရဲ ။         ။
                                                                                                     ( ၅ )
            မင်္ဂလာဒုံ စစ်ကျောင်းမှ ဆင်းပြီး ၂-နှစ်ခန့် အကြာတွင် ကျွန်တော်သည် ငမိုး ထံရောက်သွား၏ ။ သူ၏ ကိုယ်ရံတော် အဖြစ်နေရ၏ ။ သူနှင့်တော်လှန်ရေး မထွက်မီ ၃-ရက်ခန့်အလိုအထိ အတူနေခဲ့ရ၏ ။ တော်လှန်ရေးအပြီး ကျွန်တော့်အား နိုင်ငံခြားလွှတ်ရန် အစီအစဉ်များအတွက် မြူနီစီပယ် စာရင်းကိုင်ချုပ်ဟောင်း (ဗိုလ်မှူးထွေးမောင်) ကို တာဝန်ပေးထား၏ ။ ကျွန်တော့်ကိုလည်း ပြောထား၏ ။ ကျွန်တော်က မနေ ၊ နိုင်ငံရေးထဲ ၀ဲလည်ရန် တပ်မတော် လူထွက်များနှင့် ဆွေးနွေးပြီး နတ်မောက်သို့ပြန်သွား၏ ။ ထိုသောအခါ ငမိုးသည် ကျွန်တော့်အား “ ငါ ” ကိုင်၍ ကြမ်းဝါးသည် ဟူ၏ ။
ရန်ကုန်သို့ လာရင်း သူ့ထံသွား၏ ။ ကျွန်တော့်အား အစဦးတွင် စိတ်ဆိုးလွန်း၍ စကားမပြော ။ ကျွန်တော်က ဇွတ်ပြော၏ ။ ဒီလိုနဲ့ သူစိတ်ပြေသွားသည် ။
           ကျွန်တော်လည်း သူ့ဝါဒကို နာခံကာ မြို့မှ နေ၍ ဆောင်ရွက်ပေး၏ ။ သူ ဒုတိယဘုရင်ခံဖြစ်ချိန် ရွေးကောက်ပွဲအတွက် တရားဟောရင်း နတ်မောက်ရောက်လာ၏ ။ သူ့ထံတွင် လာနေရန် အတန်တန်ခေါ်၏ ။ ကျွန်တော်က ငြင်း၏ ။ နောက်ဆုံး (အမေစု) ကကြားဝင် ဖြန်၏ ။ “ ကဲ ...မင်း ခဏခေါ်ချင်လဲ ခေါ်သွား ၊ မြို့မှာ ကောင်ကလေးမရှိမဖြစ်ဘူး ။ တစ်လ နှစ်လနေပီး ပြန်ပို့ ” နှင့် နိဌိတံကြ၏ ။ သူနှင့် ရန်ကုန်ုလိုက်လာရပြန်၏ ။ အတူနေရမည်ဟု ဇွတ်ကြမ်းမောင်းနေ၏ ။ ကျွန်တော်က ...အင်းလဲမလှုပ် ၊ အဲလဲမလှုပ် ၊သူ တောင်ငူသို့ ရွေးကောက်ပွဲအတွက် ခဏသွားနေစဉ် ကျွန်တော်လည်း နတ်မောက်သို့ ပြန်၍ လစ်လာခဲ့၏ ။ မြို့က လူကြီးတွေက ပူပန်ကြ၏ ။ “အမယ်လေးဗျာ ....မပူကြစမ်းပါနဲ့ ။ သူ့မှာ စောင့်ရှောက်မဲ့လူတွေ တပုံကြီးရှိပါတယ် ။ ဘာမှလဲ စိုးရိမ်စရာမရှိပါဘူး” ဟု ကျွန်တော်က ပြောရ၏ ။
            သို့သော်   ကျွန်တော်ပြန်လာလို့ ၃-လ မကြာခင် ငမိုး သေနတ်ပစ်ခံရလေသည် ။ အရပ်က လူကြီးတွေက ကျွန်တော့်ကို ဆဲကြ ၊ ဆူကြ၏ ။
            “ မင်းပြောတဲ့ တစ်ပုံကြီး ဆိုတာ ဘယ်မှာလည်းဟ -ခွေးမသားလေးရ ” ဟု ငိုရင်း ဆဲကြ၏ ။ ကျွန်တော်လည်း ထိုင်မှိုင် ရုံက လွဲ၍ ဘာမျှမကြံတတ် ။ ငိုတဲ့လူတွေက ငို ကြ ၊ ၀မ်းသာတဲ့လူကလဲ ၀မ်းသာ ၊ နောက်ဆုံး ငမိုး ခမျာ အာဇာနည်ကုန်းတွင် သွားအိပ်နေရရှာ၏ ။ သူ အာဇာနည်ကုန်းရောက်တာ ၉-နှစ်လောက်ရှိပြီထင်သည် ။ ဒီလိုနဲ့ဘဲ လူတွေက ( ငမိုး )သေပြီပြောကြသည် ။ အမှန်ကား ငမိုး မသေသေးပါ ။ တပ်မတော်မော်ကွန်းတိုက် ပြခန်းတွင် အသက်ရှင်လျှက် ရှိသေး၏ ။
                                                                                                      ( ၆ )
            ကို ငမိုး ကစီးကရက်မီးခိုးကြားထဲမှ နေ၍ စကားပြောသည် ။
            “ မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ ”
            “ ပေါင်းဟောင်း ၊ သင်းဟောင်း ရဲဘော်ကြီးတွေက ခေါ်လို့ လာခဲ့တာဘဲ ၊ တပ်မတော် သမိုင်း ရေးရမယ် ပြောတာဘဲ ”
            “ဘာ .....မင်းတို့က ရေးမယ် ....”
            “ ဟုတ်ပါတယ် ...ရေးကြမယ် ....၊ ကျွန်တော်တို့မှ မရေး ၊ ဘယ်သူက လာရေးမှာလဲ ”
            “ အေး ......ရေးတော့ရေးပေါ့ ၊ ငါ တစ်သက်လုံး လုပ်လာခဲ့တာကို မင်းတို့က , ကလောင်တစ်ချောင်းနဲ့ များတော့ မဖျက်ဆီးလိုက်ပါနဲ့ ။ ဗိုလ်ချုပ်လမ်းစဉ်, ဗိုလ်ချုပ်လမ်းစဉ် ဆိုပြီး ငါ့နံမယ် ရောင်းစားနေရင် မကောင်းဘူး ”
            “ ကျွန်တော်တို့ကတော့ ရောင်းမစားခဲ့ပါဘူးဗျာ ၊ ဘုရားပေးပေး ကျမ်းပေးပေး ...”
            “ ဟော ....မင်းစကားထဲမှာ ကျွန်တော်တို့ကတော့ ဆိုတာ ပါလာတယ် ။ ကျွန်တော်တို့က မရောင်း ၊ တစ်ခြား လူတွေက တော့ ရောင်းစားသလိုပဲ ပြောစမ်း ၊ ဘသူတွေက ရောင်းစားသလဲ ”
            “ကို ငမိုး သည် ဒေါသတကြီး ၀သီအတိုင်း မှန်ဘီရို မျက်နှာပြင်ကို လက်သီးနှင့်ထု၏ ။ ပါးစပ်ကလည်း သူသိလိုသော အရာကို ထပ်ကာထပ်ကာ မေးနေ၏ ။ ကျွန်တော်စကားပြောမလည်ပတ်၍ ကျွန်တော့်စကားနှင့် ကျွန်တော့်ကို ပြန်အချည်ခံနေရ၏ ။ သြော ....ကို ငမိုး- ကို ငမိုး ၊ လောကကြီးထဲ မဲမဲ မြင်တိုင်းကြောက်နေရသော ကျွန်တော့်ဘ၀ကို သူမသိ ။ ကျွန်တော် ခင်ဗျားကို အကုန်ဘဲ ဖွင့်ပြောချင်ပါသည် ကို ငမိုး ။ ဒါပေမသည့် မပြောရဲပါ ။
            “ ဟေ့ ကောင် .....ငါ မေးနေတာ မကြားဘူးလား ...”
            “ ကြားပါတယ် ၊ ဒါတော့ မပြောပါရစေနဲ့ ၊ ခင်ဗျား ကျွန်တော့်ကို သနားရင် ဒါတော့မမေးပါနဲ့ဗျာ ....”
            “ ငါ မေးတာသာ ဖြေစမ်းပါကွာ ....မြန်မြန်ဖြေစမ်း ”
            ကျွန်တော့်မှာ ကိုငမိုးကို အသေအလဲကြောက်ရသူဖြစ်သည် ။ ဒီ့အပြင် မဲမဲမြင်တိုင်း ကြောက်နေရသူလည်းဖြစ်သည် ။ မဖြေလဲခက် ၊ ဖြေလဲခက် ။ ဤနေရာတွင် ကျွန်တော်တစ်ဦးတည်း လူမိုက် လုပ်လို့ဟန်ပုံမရ ။ နီးစပ်ရာ တွေကို သူခိုး သေဖော်ညှိပြီးမှ ဖြေမည် ။၏
            “ ကျွန်တော်က တောမှာနေခဲ့ရတော့ သိပ်ပြီး မသိပါဘူး ၊ ရန်ကုန်မှာ အမြဲနေတဲ့ ဆရာဇ၀န တို့ ၊ ဆရာ မောင်ထင်တို့ ၊ မြန်မာ့အလင်းက သာကဒိုး တို့က ကျွန်တော့်ထက် ပိုပြီး သိပါတယ် ။ သူတို့ကို မေးပါ ။ သူတို့ဖြေပါလိမ့်မယ် ”
            “ ဒါဖြင့် ဒီလူတွေ ပြောလိုက် ၊ ငါ့နံမယ် ဘသူတွေရောင်းစားတယ်ဆိုတာ ငါ့ဆီလာပြောလှည့်လို့ ”
            “ ဟုတ်ကဲ့ ....ပြောလိုက်ပါ့မယ် ”
            ကဲ ....ဆရာတို့ ၊ ခင်ဗျားတို့ ကြားတဲ့အတိုင်းဘဲ ၊ ကြည့်သာပြောကြပေတော့ ။ အဲဒီတာဝန် ခင်ဗျားတို့ဖြေပြီးမှ ကျွန်တော်ဆက်ပြီးဖြေမည် ။
            “ ငါ သဲ့သဲ့ သတင်းကြားပါတယ် ။ မင်းက ငါ့အထုပ္ပတ္တိ ရေးတယ်ဆို ”
            “ ကျွန်တော် တစ်ဦးတည်း မဟုတ်ပါဘူး ၊ ဗိုလ်မှူး ဘိုရယ် ၊ ကိုမေအောင်ရယ် ၊ ကျွန်တော်ရယ် ရေးတာ ။ စုထုတ်တာပါ ။ တစ်ခြား စာရေးဆရာတွေလဲ ပါ,ပါတယ် ။
            “ အေး ...အိန္ဒိယမှာ ဂန္ဒီသေပြီး ၇-ရက်မှ မရှိသေးဘူး ဂန္ဒီအထုပ္ပတ္တိ ထွက်လာတာဘဲ ။ ချီးမွမ်းသကွာ ”
            “ အချီးမွမ်း မစောပါနဲ့ ကိုငမိုး ။ ဒီစာအုပ်ကလေးဖြစ်အောင် ဘယ်အထိ အငေါက်အငမ်း ၊ အကြမ်းအမောင်းသောက်မြင်ကပ်ခံခဲ့ရတာတွေကိုသာ ခင်ဗျားသိရင် ဟောဒီ မှန်ဘီရိုကွဲလိမ့်ဦးမည် ထင်သည် ။ ဒါတောင်မှ ....အထုပ္ပတ္တိ ဆိုလို့သာ အထုပ္ပတ္တိ လိုက်ရတာ ...မိုးကြိုးပစ် ကြိမ်ပြောရမဲ့ အထုပ္ပတ္တိပါ ။ ဒါကလေး ရေးတုန်းက အဖြစ်တွေ ခင်ဗျား မသိဘူး ။ ခင်ဗျားသူငယ်ချင်း လုပ်ဖော် ကိုင်ဘက်တွေဆီ သွားမေး ၊ မှတ်တမ်းကလေးတင်တာတောင်မှ ခင်ဗျားလူတွေက ဘာပြောတယ် ထင်သလဲ ၊ “ မင်းဘဲ မမောမပန်း ဒုက္ခရှာလို့ ”ဟု ငေါက်လွှတ်လိုက်တာတွေ ခင်ဗျား မသိဘူး ။ အဲဒီလို စေတနာထားကြမှ “ အော် ....ငါလဲ မိုက်လို့ လုပ်မိသကိုး ” လို့ ကိုယ့်ကိုယ်ကိုယ် တရားချပြီး ပထမ တွဲနဲ့ဘဲ ဘရိတ်အုပ်ထားရတာ ခင်ဗျားမသိဘူး ။ ပြောပြချင်တယ် ကိုငမိုး ။ ဒါပေမဲ့ လည်ချောင်းထဲက မထွက်ဖူး ”
            “ ဒါထက် ငါ့ကောင်တွေ ဘယ် သွားနေသလဲ ”
            “ ခင်ဗျား လူတွေ တောခိုကြသတဲ့ ...ကွန်မြူနစ်လဲ ပါသဗျ ”
            “ ကွန်မြူနစ်ကို အသာထား ။ ငါ့ကောင်တွေ ကိုသာ ငါမေးနေတာ ”
            “ တော ခိုပါတယ်လို့ ပြောပါပကော ”
            “ အင်း ...ဒုက္ခဘဲ ၊ ငါ အစကထဲက မြင်သားဘဲ ။ စတုတ္ထအကြိမ် ညီလာခံမှာ ငါဘာပြောခဲ့တုန်း ။ မတ်ဇစ်လိဂ်ဖွဲ့ပါ ၊ ညီညွှတ်ပါ ။ မညီညွတ်ရင် နှစ်ဖက်စလုံး ဖင်စုတ်ကုန်မယ်လို့ အပြောခဲ့သား ။ ဘယ်လိုဖြစ်ကြရတာလဲကွ ....”
            “ ဒါတွေ မေးမနေပါနဲ့ဗျာ ပြောရရင် ခင်ဗျားလဲ စိတ်ညစ် ကျွန်တော်လည်း စိတ်ဆင်းရဲရမှာဘဲ ။ အဲဒီတုန်းက ခင်ဗျားစာရေးဆရာ လုပ်မယ်ဆို ။ ဘာလို့ ဒါတွေ တဖွဖွ မေးနေရတာလဲ ”
            “ စာရေးဆရာလဲ လူထဲက လူပဲကွ ။ ကိုယ့်နိုင်ငံအကြောင်းတော့ အနည်းဆုံး လေ့လာထားရမပေါ့ ။ အေးပါ ...မင်းစိတ်ဆင်းရဲမယ်ဆို ငါမမေးတော့ပါဘူး ။ ငါ့ အထုပ္ပတ္တိ ကိုမင်း ဆက်မရေးတော့ဘူးလား ”
            “ အခြေအနေက မပေးဘူးဗျာ ၊ ဒါပေမယ့် ( အောင်ဆန်းဝါဒ ) ဆိုပြီး စာတစ်အုပ်ရေးမလို့တော့ စိတ်ကူးထားတာဘဲဗျ ”
            “ ကောင်း သားဘဲ ၊ ဂန္ဒီ ၀ါဒ စာအုပ်လိုပေါ့ ”
            “ ဟုတ်ပါတယ် ”
            “ ကဲ ....ငါသွားတော့မယ် ၊ မင်းလဲ သတိထားနေကွ ၊ ငါ ရှိတုန်းကလို မိုက်ကန်းကန်းမလုပ်နဲ့ ၊ ဒါဘဲ သွားမယ် ”
            သွားမယ့်သွားတော့လဲ ကိုမိုး အသံကိုသာ ကြားလိုက်ရ ။ လူကိုပင် မမြင်လိုက်ပေ ။ စီးကရက်မီးခိုးငွေ့ များလည်း တစ်စ,တစ်စလွင့်၍ သွား၏ ။ ပြခန်းမှန်ဘီရိုများအတွင်းရှိ ကိုမိုး ၏ အသုံးအဆောင်ပစ္စည်း အတိုအစကလေးများလည်း ၀မ်းနည်းသော အသွင်ဖြင့် တိတ်ဆိတ်စွာ ကျန်ရစ်ကြလေသည် ။
            ကျွန်တော်လည်း ကိုမိုး သေ ,မသေ စဉ်းစား၍နေ၏ ။ မံသစက္ခု တွင်ကား လူတွေက သေပြီးပြောသည် ။ ဥာဏစက္ခုတွင်ကား ကိုမိုး၏၀ါဒ ၊ ကိုမိုး၏ စကားတွေ တည်ရစ်သမျှ ၊ တည်ထွန်း၍နေသမျှ ၊ ကိုမိုး တစ်ကယ်မသေနိုင်ပါတကား ။
             ကိုမိုးကို ချစ်သူ ၊ ရိုသေသူတွေ အများကြီး ရှိသည် ။ အဘယ်သူသည် ကိုမိုးအား ဆက်လက် အသက်သွင်းမည်နည်း ။ ကျွန်တော်တိုပ စောင့်ကြည့်ကြဦးစို့ ။
                                     မြ၀တီမဂ္ဂဇင်း အတွဲ ( ၅ ) အမှတ် ( ၉ ) ၁၉၅၇ - ဇူလိုင်လ ။ နတ်မောက်-ဘုန်းကျော် ရေးသားသော ဆောင်းပါးမှ ကူးယူဖေါ်ပြပါသည် ။
0
အပျံသင်စ ငှက်ငယ်လေး
အမွေးကမစုံ
တောင်ပံ တစ်စုံ အားမာန်ပြုပါလို့
ဘယ်လေအဟုန်မှာ ဖြစ်ပါစေ
အတင်းထိုးလို့ ပျံသန်းမယ်ပ
သို့ပေသော်လည်း
အမွေးက မစုံ
လေစုံမှာ မျောပါချ
ခြေအစုံကို အတင်းချကာဖြင့်
ကျခဲ့ရလေပြီ..
သို့ပေသော်လည်း
ငါ့အားမာန်ဘယ်မလျော့
မသေခင်ဒီခနမှာတော့
ကြိုးစားလို့ ပျံသန်းမယ်..
ပိုင်စိုးဦး
( ဆယ်တန်းနှစ်တုန်းက ရေးခဲ့ဘူးတဲ့က ဗျာလေး စိတ်ကူးထဲပြန်ပေါ်လာလို့ ပြန်ချရေးလိုက်တာပါ..)
0
ကော်ဖီခါးခါး
အစိုးမရတဲ့ မင်းစိတ်
အစိုးမရတဲ့ မင်းအပြုံးတွေနဲ့
အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း
အစိုးမရတဲ့ မင်းမာနတွေကြောင့်
တိုးတိတ်ခဲ့ရလေပြီ။
ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့
ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ
ရိုးသားမူ့ဆိုတဲ့  စကားတွေအထပ်ထပ်နှောပြီး
ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့်
မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။
ဘယ်လိုပဲဖြစ်ပါစေ ချစ်ခဲ့လို့
ဘယ်လိုပဲဖြစ်ပါစေ ငါကျရှုံးခဲ့ရမယ်ဆိုလည်း
ဘယ်လိုဘာအတွက် အကြောင်းပြချက်မဲ့စွာနဲ့
ဘယ်လိုပဲ  ငါ့ကိုထားခဲ့ထားခဲ့
ကျေကျေနပ်နပ်နဲ့ နေခဲ့မှာပါ။
ဒီလိုအချိန် ဒီလိုနေရာမှာ
ဒီလို အတွေး ဒီလို အဆွေးတွေနဲ့
ဒီအလွမ်းတွေကို ဒီလိုကဗျာတွေသီပြီး
ဒီလူတစ်ယောက် ဒီလိုပူဆွေးနေခဲ့တာကို
မင်းတစ်ယောက်ကျေနပ်နိုင်ပါစေ။
နောင်တစ်ချိန် သတိရမိလို့
နောင်တစ်ချိန် အမှတ်ရမိလို့
နောင်တစ်ချိန် စာနာတတ်သွားလို့
နောင်တစ်ချိန် မင်းငါ့ကိုလွမ်းမိမယ်ဆိုရင်လည်း
တိုးတိတ်စွာနဲ့ ပဲ အဝေးကိုထုတ်ပြစ်လိုက်နိုင်ပါစေကွယ်...
အစိုးမရဘူးဆိုတဲ့ လောကအလယ်မှာ
ရိုးသားစွာနဲ့ မင်းတစ်ယောက်ကို
ဘယ်လိုပဲဖြစ်ပါစေ ငါချစ်ခဲ့တဲ့အတွက်
ဒီလိုအချိန်မှာ ငါ လွမ်းခဲ့တာကိုကော
နောင်တစ်ချိန်မှာလည်း လွမ်းနေမိဦးမယ်ဆိုတာပါ
မင်းတစ်ယောက်မသိပါစေနဲ့ကွယ်.............ပိုင်စိုးဦး(23/6/2011)
0
သူမရေ
သူမရေ
နင့်အတွက် င့ါနုလုံးသားကို ညစ်ထုတ်
ရလာတဲ့ သွေးစက်တွေနဲ့ ကဗျာကို အသက်သွင်း
နောက်ဆုံးပိတ်မှာတော့ ငါ့ကဗျာတွေက
နင့်ဆီကို အတောင် တဖျတ်ဖျတ်နဲ့ ပျံသန်းလာလေရဲ့
သူမရေ
နင့်တွက်တော့ င့ါနုလုံးသား သွေးတွေက ဖြစ်ထွန်းလာတဲ့
ဒီကဗျာ တွေက နင့်အတွက်တော့ အသက်မဲ့နေမယ်ထင်ပါရဲ့
နောက်ဆုံးပိတ်မှာတော့ အတောင်ကို ဖြတ်
ချောင်ကိုကပ်ပြီး ထုတ်သိမ်းခဲ့ပြီမလား
သူမရေ
နင့်အတွက် ငါ့ရင်ဘတ်ကို အရင်းပြု
ရလာတဲ့ အလွမ်းတွေကို စာ သီ
နောက်ဆုံးပိတ်မှာတော့ စာလုံးလှလှလေးတွေက
နင့်ဆီကို အတောင် တဖျတ်ဖျတ်နဲ့ ပျံသန်းလာလေရဲ့
သူမရေ
နင့်တွက်တော့ ငါ့ရင်ဘတ်က လာတဲ့
ဒီအလွမ်းစာတွေက အသက်မဲ့နေမယ်ထင်ပါရဲ့
နောက်ဆုံးပိတ်မှာတော့ စာအိပ်ကိုစုတ်ဖျဲ
အစုတ်အပျဲလို သဘောပိုက်ပြီး အမှိုက်ပုံးထဲ ထည့်လိုက်ပြီမလား။
သူမရေ
ငါ့ကဗျာတွေအတွက်လည်း နင့်ဆီမှာ
ပျံသန်းစရာ ကောင်းကင် မရှိ။
င့ါအလွမ်းတွေအတွက်လည်း နင့်ဆီမှာ
ဖြေသိမ့်စရာ ရင်ခွင် မရှိ။
နောက်ဆုံးတော့လည်း
သူမရေ
နင့်အတွက် ငါ့ရင်ခွင်ကို ဓါးနဲ့လှီး ကျလာတဲ့
ငါ့နုလုံးသားကို ပါဆယ်ထုတ်
နင့်အတွက် လက်ဖွဲ့အဖြစ် ထားခဲ့လိုက်ပါတယ်
တချိန်ကျ နင်အသုံးဝင်မှာပါ...
"ဂွတ်ဘိုင်"
ပိုင်စိုးဦး(28/6/2011)
0
လောက သဘာဝ
အချိန်ပဲလိုနေတာလား
လူတွေပဲ ပိုနေကြတာလားတော့မသိ
ဒဏ်ရာတွေကတော့ စိုနေတုန်းပ။ဲ
နေရာပဲ မှားနေတာလား
စေတနာပဲ များမိလို့လားတော့ မသိ
ဝေဒနာတွေကတော့ များနေရတုန်းပဲ။
ပိုင်စိုးဦး(29/6/2011)
0
ချည်တိုင်ဟောင်း
ခုတ်မောင်းနေတဲ့
ရင်ထဲကအလွမ်းရထားတွေလည်း
ဘယ်အချိန်ဘယ်ဘူတာမှာ
ဘယ်လိုလူတွေကြိုနေမလည်း
ဘယ်ဘူတာပဲ ဆိုက်ဆိုက်
အချိန်တန်ရင်တော့
ဘူတာ အဟောင်းတစ်ခုမှာ
နားခိုရမှာပါပဲကွာ။
ချည်တိုင်လွတ်တဲ့
ငါ့ရင်ကအလွမ်းတွေလည်း
ဘယ်အချိန်ဘယ်တိုင်မှာ
ဘယ်လို လူတွေက လာချည်နှောင်ပေးမလည်း
နေညိုရင်တော့
ငါ့သခင်က
ပြန်လာ ချည်ပေးသွားမှာပါ။
အလွမ်းဆိုတာ
ဝေဒနာ တစ်မျိုးဆိုရင်
ငါ့အတွက် အိပ်ပျက်ညတွေမှာ
ထထဖောက်တတ်တဲ့ ရောဂါကလည်း
ထိုထို ထို သောရောဂါ မျိုးပဲဖြစ်လေမည်။
အချိန်တန်ရင်တော့
ဇီဝက ပြန်ပေါ်လာမှာပါ။
0
*-ငါတို့က မြန်မာ-*
 ငါတို့က မြန်မာ။
ငါတို့ အဘိုးလည်းမြန်မာ ပဲ
ငါတို့အဖွားလည်းမြန်မာ ပဲ
....ရဲရဲ တောက် ကြွေးကြော်ရဲတယ်..
ငါတို့က မြန်မာ။
ငါတို့ အဘိုးသွေးလည်းရဲခဲ့တယ်
ငါတို့ အဖွားသွေးလည်းရဲခဲ့တယ်.
ငါတို့သွေးတွေလည်းရဲ ရမယ်..
ငါတို့က မြန်မာ။
ငါတို့ကိုငါတို့ မြန်မာ ဆိုတာ ကိုဂုဏ်ယူတယ်
ငါတို့အဘိုးအတွက်လည်းဂုဏ်ယူခဲ့တယ် ငါတို့အဘွားအတွက်လည်း ဂုဏ်ယူတယ်
ငါတို့က မြန်မာ။
ငါတို့ မြေကို ငါတို့ချစ်တယ်
ငါတို့ အဘိုးလည်းချစ်တယ်
ငါတို့ဖွားလည်းချစ်ခဲ့တယ်
ငါတို့က မြန်မာ။
ငါတို့ဘိုးနဲ့ အဘွားလည်း စည်းလုံးခဲ့တယ်
ငါတို့ ညီကို မောင်နှတွေလည်းစည်းလုံးရမယ်
ငါတို့ သားသမီးတွေလည်းစည်းလုံးဖို့ပြော ခဲ့ရမယ်..
ငါတို့က မြန်မာ..တွေပါပဲ.။
မြန်မာ ဟာ ကမ္ဘာမှာ မထင်ပေါ်နေပေမယ့်
ငါတို့အဘိုးတွေလည်း သူ့ကျွန်က နေတိုက်ယူခဲ့တယ်
ငါတို့ သွေးတွေနဲ့လည်း ငါတို့ မြေကို ကာကွယ်ခဲ့တယ်
ငါတို့သားတွေကိုလည်း ငါတို့မြေကို ကာကွယ်ခိုင်းခဲ့ရမယ်..
ငါတို့က မြန်မာ တွေပါပဲ..။
ကမ္ဘာမှာ မြန်မာဟေ့လို့ မကြွေးကြော်နိုင်သေးပေမယ့်
ငါတို့သွေးဘယ်လောက်ရဲတယ်ဆိုတာ ၊
ဂျပန် အသိ အင်္ဂလိပ် အသိ..
ဘေးနားက ယိုးဒယားကတော့ ငါတို့သွေးကို လန့်နေတုန်းပါပဲ..
ငါတို့ က မြန်မာ ပါ..
ငါတိုကိုယ်ငါတို့ ဂုဏ်ယူနိုင်ပါတယ်..။
ပိုင်စိုးဦး
0
*-သူတို့နှင့်ကျနော်-*
မော်စကို-ရန်ကုန်
ရန်ကုန်-မကွေး
မကွေး-အမေ့အိမ်
အမေ့အိမ်မှာနေတဲ့ အမေ့ဆီသို့။
သံယောဇဉ်-အချစ်တစ်ခု
အတ္တ-အမုန်း
ပြတ်သားမူတစ်ခုရဲ့
အလွမ်းဝေဒနာတွေအတွက်
ဝေးကွာမူ့တိုင်းအတွက်
သက်ရောက်တန်ပြန်နီယာမ တရားက
အလွမ်း၊အဆွေးတဲ့လား
မတရားလိုက်ပါဘိ..။
ပိုင်စိုးဦး
0
ကျနော် နှင့် နတ်စိမ်းများ(1)
ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့..
ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။
သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။
နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား
ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။
ဒါပေမယ့် သူတို့ ကျနော့်တို့ကို ခြောက် လှန်တယ်ဆိုရင်လည်း ကျနော်တို့က စပြီးစော်ကားမိလို့လိုပဲ သတ်မှတ်တယ်..အဖြစ်အပျက်က ဒီလိုဗျ (ကိုယ်တွေ့လေးပါ)
အချိန်က ကျောင်းဆင်းခါစ ရှေ့ တန်း တစ်နေရာမှာပေါ့..
ကျနော် လမ်းကင်း နဲ့ ထွက်တဲ့အချိန် ကျနော် တပ်က စခန်း တစ်ခု မှာ ခနအနားပေးထားတဲ့ အချိန်ပေါ့၊
အဲ့မှာ ကျနော် စခန်းထဲ ခန၀င်မယ်အလုပ်မှာ နတ်ကွန်း တစ်ခု စတွေ့ကော ..နတ်ကွန်းမှာက ငှက်ပျောသီးတွေက မှည့်ပြီး အုန်းသီးဆို ခြောက်နေပြီ ..အင်း စွံ ပြီး စားလိုက်မယ်ဆိုပြီး ကျနော် လက်အုပ်ကလေး ချီ ၊ တောင်းပန်ပေါ့(နတ်ကွန်းငှက်ပျောသီး စွံ ပြီး စားကောင်းမစားကောင်းလည်း မသိပါဘူး၊ ကျနော်က အညာ သား အိမ်မှာ ဆို သာသနာ ပွဲက လွဲပြီး ဘာ ပွဲမှ မထိုးဘူး ၊သာသနာ ပွဲကတော့ စွံစားကောင်းတယ် ထင်တာပဲ..ဟီးဟီး)
အတိုချုပ်ကတော့" စွံ ပါ အရှင် ကိုးမြို့ ရှင်ပေါ့"
အဲ့လိုနဲ့ စွံလာလိုက်တယ်ဆိုပါတော့ ..ကျနော် တပ်စု က ရဲဘော်တွေရယ် နောက် အကိုကြီးတစ်ယောက်ကယ်နဲ့ အတူတူ ငှက်ပျော်သီးလေး စားပြီး တဲ ထဲမှာ ခန နားနေချိန်မှာ ပဲ ဇာတ်လမ်းက စတော့တာပါပဲ ။
တောမီး တစ်ခု က ကျနော် တို့ တဲ ခေါင် ပေါ် ကူးလာ တာ အံ့သြ မိလိုက်တာပဲ။
တောမီး ဟိုဘက်နဲ့ ဒီဘက်က အနည်းဆုံး ကိုက် 50 လောက်တော့ ကွာမယ် ထင်တာပဲ..ဒါပေမယ့် လေထဲမှာ မီး ခဲပါပြီး တဲ ခေါင်းပေါ်က ဓနီးပေါ် ကျတာပဲ လို့ ကျနော် ကတော့ သတ်မှတ်ပြီး ခက် ပေါ့ပေါ့ပဲ နေလိုက်တယ်။
အဲ့ နောက်မှာ တော့ ထပ်တွေပြန်ကော ဗျာ...
ကျနော် က အရာရှိရိပ်သာ မှာ ဖရောင်းတိုင်လေးထွန်း ပြီးတော့ စာအုပ်ကလေး ဖတ်ပြီး နေနေတဲ့ အချိန် ဘယ်က ဘယ်လို ဖယောင်းတိုင်က လဲ ပြီး အိပ်ယာခင်းလောင် သွားလည်း မသိလိုက်ဘူး ထို့အတူ ပဲ ၊
စခန်းမှာ ကျန်ခဲ့တဲ့ ကျနော် အနောင် တော်ကြီးလည်း အိပ်ယာ ခင်း လောင်သွားတယ် ပြောတယ်..သူကတော့ ၀တ်ထားတဲ့ ဂျာ ကင်ပါ ပါသွားတယ်တဲ့ နှစ်ယောက်လုံးက ငပျော သီးစားတဲ့ လူတွေပါပဲ ဟီးဟီး..ကဲ ကျနော် စဉ်းစားမရတာ ကတော့ ကျနော် တို့ ပေါ့လျော့ လို့လား ဒါမှ မဟုတ် မကြိုက် ကြောင်း သူတို့ ပြချင်တာလား ဆိုတာ ။ဘာပဲ ဖြစ်ဖြစ်ပါလေ..ကျနော် အဲ့နတ်ကွန်းဆီ ပြန်သွားခဲ့တယ်..ကျနော် တောင်းပန်ပါတယ် ပေါ့.ကျနော် လည်း မစော်ကားတော့ ဘူး..ကျနော် ကိုလည်း အနှောက်အယှက် မပေးပါနဲ့တော့ပေါ့..
Wednesday, 13 April 2011
0
ဓာတ်ပုံလေး
Sunday, 13 February 2011
0
မင်းကိုချစ်ရင်
Friday, 11 February 2011
0
ပြည်ချစ်ပန်းနှင့် လွတ်လပ်သော ပြည်ထောင်စုသို့ ခရီးရှည်
Written by နေထွန်းနိုင်   
b34617
b34618
b34619တစ်ပင်ကို တစ်ပင်ယှက်၊
နွယ်ခတ်၍သာ၊
တစ်ပင်အရိပ် တစ်ပင်ခိုကာ၊
စုပေါင်းညီညာ၊
ရှိကြသောအခါ... ။
နွယ်ခြင်းခက်၍ ပင်ချင်းယှက်သော်။ ထိုသီချင်းကို အမှတ်ရလိမ့်မည် ထင်ပါ၏။
ပေါင်းစည်းညီညွတ်ခြင်းမှ ရရှိစေမည့် အကျိုးကို သစ်ပင်များ၏ တည်ဖွဲ့ဟန်နှင့်ပမာ တင်စားခဲ့သည်။ ''တစ်ပင်ထီးထီး သစ်ပင်ကြီးမှာ၊ ကြီးမားခိုင်မာ၊ ကြွားဝင့်ထည်ဝါစွာ၊ မြေမှာမပြိုလဲ... ခိုင်မြဲ၊ အဓွန့်ရှည်ကြာ၊ ရှိလိမ့်မလားရယ်လို့၊ ထင်မြင်ယုံမှား ဖွယ်ရာ...။'' သစ်ပင်ကြီးတစ်ပင်၏ ကြံကြံခိုင်မှုကို ထိုသို့ ရေးဖွဲ့ခဲ့သည်။ ထိုသစ်ပင်ကြီး၏ ကြံ့ခိုင်မှုက မည်မျှ ကြာရှည်နိုင်မည်နည်း။
''မုန်းတိုင်း ကြမ်းကြမ်း၊ တိုက်ခတ်ရမ်းလေသော်၊ မတ်တပ်ကယ် မနေသာ၊ မြေမှာပြိုလဲ ရရှာ...'' သစ်ပင်ကြီး၏ အဆုံးသတ်ကို ဖွဲ့ဆိုခဲ့ပြီး ပေါင်းစည်းမှု၏ ခွန်အားကို ဆက်လက်ဖွဲ့သီခဲ့သည်။ ''တစ်ပင်ကို တစ်ပင်ယှက်၊ နွယ်ခတ်၍သာ၊ တစ်ပင်အရိပ် တစ်ပင်ခိုကာ၊ စုပေါင်းညီညာ ရှိကြသော အခါ၊ ထာဝစဉ် စိမ်းလန်းစိုပြေစွာ၊ လေပြင်းမုန်တိုင်း တိုက်ခိုက်သော်လည်း မတတ်သာ...၊'' စသဖြင့်။ ထိုသီချင်းကို တက္ကသိုလ်မောင်မောင်သီနှင့် စန္ဒရားအောင်ကြီးက ရေးသားခဲ့၏။
၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့။ လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဟူ၍ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ အောက်ပိုင်း၌ နှစ် ၁၀၀ ကျော်မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ် ၆၀ ကျော်မျှ တိုင်းတစ်ပါး လက်အောက် ကျရောက်ခဲ့သော မြန်မာနိုင်ငံ။ ထိုနေ့၌ လွတ်လပ်သောနိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့သည်။ အလွယ်တကူ ရရှိခဲ့ခြင်းတော့ မဟုတ်ပေ။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်။ ပြည်ထောင်စု၏ အားမာန်အစစ်ကို ဖော်ကျူးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာဟု တင်စားခဲ့သော၊ ပြည်ချစ်ပန်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့သည့်နေ့က ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ပါသည်။ ဗိုလ်ချုပ် ရှိနေဦးမည် ဆိုပါက . . . . .
ဒုတိယကမ္ဘာစစ်မီးက ၁၉၃၉ ခုနှစ် အချိန်တွင် စတင်သည်။ ၁၉၃၇ ခုနှစ် အချိန်။ တရုတ်နိုင်ငံ မြောက်ပိုင်းကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ရာမှ ဂျပန်နိုင်ငံ၏ သြဇာက အာရှနိုင်ငံများသို့ ကျယ်ပြန့်လာခဲ့၏။ ဒုတိယကမ္ဘာစစ် အတွင်းသို့ ဂျပန် ပါဝင်ခဲ့သည်။
b34620သခင်အောင်ဆန်း ဦးဆောင်သော မြန်မာ့လွတ်လပ်ရေး လှုပ်ရှားသူများ၏ ကြိုးပမ်းမှုက ၁၉၄၀ ပြည့်နှစ်၌ ပိုမို အရှိန်ရလာသည်။ ထိုနှစ်၌ပင် တို့ဗမာအစည်းအရုံး ကိုယ်စားလှယ် အဖွဲ့နှင့် သခင်အောင်ဆန်းတို့ အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့သည်။ ထိုနှစ်၌ပင် ဖြစ်သည်။ သခင်အောင်ဆန်းနှင့် သခင်လှမြိုင် (ဗိုလ်ရန်အောင်)တို့ တရုတ်နိုင်ငံ အမွိုင်မြို့သို့ ရောက်ရှိခဲ့သည်။ ယင်းနောက် ဂျပန်သို့ ဆက်လက်ရောက်ရှိခဲ့၏။
၁၉၄၁ ခုနှစ်၊ နှစ်ဆန်းပိုင်း၌ မီနာမီကီကန်းအဖွဲ့ကို ဖြစ်လာ၏။ ကာနယ် ဆူဇူကီးနှင့် သခင်အောင်ဆန်းတို့ ဂျပန် နိုင်ငံ၌ ဖွဲ့စည်းခဲ့သည်။ မြန်မာ့လွတ်လပ်ရေး သမိုင်းဝင် ရဲဘော်သုံးကျိပ်ကို ဂျပန်နိုင်ငံသို့ ဆက်တိုက်နီးပါး စေလွှတ်ခဲ့သည်။ ဗြိတိသျှကို တော်လှန်ရန် အတွက် စစ်ပညာသင်ယူရန် ဖြစ်သည်။ ၁၉၄၁ ခုနှစ် နှောင်းပိုင်းကာလ၌ အမေရိကန် စစ်စခန်း အခြေစိုက်ရာ ပုလဲဆိပ်ကမ်းကို ဂျပန်တို့ ဗုံးကြဲလိုက်သည်။ ထို့နောက် အာရှတွင် စစ်ကြီး စတင်ခဲ့သည်။ 
အာရှတွင် စစ်ကြီး စတင်ခဲ့ပြီးနောက် ဗမာပြည် စစ်တပ်များကို အိန္ဒိယ သေနာပတိ လက်အောက်သို့ ဗြိတိသျှတို့က ရွှေ့လိုက်သည်။ တို့ဗမာအစည်းအရုံးကိုလည်း မတရားအသင်း ကြေညာလိုက်သည်။ ဂျပန်တို့က ဘုရင့်နောင်အငူကို သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ကို ဗုံးကြဲလိုက်၏။ ရဲဘော် သုံးကျိပ်ဝင်များနှင့် ကာနယ်ဆူဇူကီးတို့ ပူးပေါင်းပြီး ဗမာ့လွတ်လပ်ရေး တပ်မတော် ပေါ်ပေါက်လာခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့၏။ ယိုးဒယားစစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ မြိတ်စစ်ကြောင်း၊ မော်လမြိုင်စစ်ကြောင်း စသည်တို့ဖြင့်။
မြန်မာနိုင်ငံသို့ ဂျပန်ဝင်ရောက်လာမှုက မြန်ဆန်လာသည်။ ဗြိတိသျှတပ်များ ဆုတ်ခွာစ ပြုလာသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်က 'အင်္ဂလိပ် အခက်၊ ဗမာ့အချက်' ကို လက်တွေ့ အကောင်အထည် ဖော်လိုက်သည်။ သို့ဖြင့် ဗြိတိသျှတပ်များ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားခဲ့သည်။
ဗြိတိသျှ လက်အောက်ခံဘ၀မှ ဂျပန်လက်အောက်ခံ ဘ၀သို့ မြန်မာနိုင်ငံ ရောက်ရှိခဲ့ပြန်၏။ မြန်မာမျိုးချစ်များက ဂျပန်ကို ဆက်လက် တော်လှန်ခဲ့သည်။ ဂျပန်တို့က ရွှေရည်စိမ် လွတ်လပ်ရေး ပေးခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဖြစ်၏။
ဂျပန်လက်အောက်၊ ဗမာပြည် ဗဟိုအစိုးရဟူ၍ ဖြစ်လာသည်။ ဒေါက်တာဘမော်က အဓိပတိ ဖြစ်၏။ အစိုးရ အဖွဲ့ကို ဂျပန် စစ်အုပ်ချုပ်ရေး အောက်တွင်သာ ထားရှိခဲ့သည်။ ရှမ်းပြည်နှင့် ကရင်နီ ပြည်နယ်များကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည်။ ဗြိတိုသျှတို့၏ အုပ်ချုပ်မှုပုံစံ ဖြစ်သော ပြည်မနှင့်တောင်တန်း ခွဲခြားအုပ်ချုပ်မှုကို ဂျပန်တို့က ဆက်လက် မကျင့်သုံးခဲ့ပေ။ ရှမ်းပြည်နယ်၊ ကရင်နီနယ်နှင့် ၀နယ်များကို မြန်မာပြည်မနှင့် ပူးပေါင်းခွင့် ပြုခဲ့သည်။ ရှမ်းပြည်နယ်ဆိုင်ရာ စစ်အုပ်ချုပ်ရေး ကို နောက်ပိုင်း၌ ဖျက်သိမ်းခဲ့သည်။ ထိုသို့ ပြုလုပ်ပေးခဲ့ခြင်းက မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အခွင့်အရေး ဖြစ်စေခဲ့၏။ ပြည်မနှင့် တောင်တန်း ပေါင်းစည်းမှု ခွန်အားအတွက် လမ်းစ ဖြစ်စေခဲ့သည်။ ချင်းနှင့် ကချင် တောင်တန်းဒေသများကိုမူ ဂျပန်တို့ သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေ။ ထိုဒေသများက ဗြိတိသျှလက်အောက်၌ ဆက်လက် ရှိနေခဲ့၏။
၁၉၄၄ ခုနှစ်၌ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး ပေါ်ပေါက်လာသည်။ ထိုအချိန် မတိုင်မီ၊ ၁၉၄၃ ခုနှစ် အချိန်ကတည်းက ဗြိတိသျှတို့၏ ဗုံးကြဲတိုက်ခိုက်မှုများက စတင်နေပြီ ဖြစ်၏။ မဟာမိတ်တပ်များနှင့် ဗြိတိသျှ တပ်များက မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ၀င်ရောက်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့တပ်မတော်က ပြည်သူ့လွတ်လပ်ရေး တပ်မတော် အမည်သို့ ပြောင်းလဲပြီး ဂျပန်တို့အား စစ်ကြေညာခဲ့သည်။ မဟာမိတ်များနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်၏။ ဗမာ့အမျိုးသား တပ်မတော်နှင့် ဗြိတိသျှတပ်တို့ ပူးပေါင်းခဲ့သည်။ ဗမာ့အမျိုးသား တပ်မတော်မှ ဗမာ့မျိုးချစ်တပ်မတော် ဖြစ်လာခဲ့၏။
၁၉၄၅ ခုနှစ် စက်တင်ဘာလ၌ ဂျပန်တို့ စစ်ရှုံးခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့၏။ မြန်မာ့မြေမှ ဂျပန်တို့ ဆုတ်ခွာသွားသည်။ ဗမာ့မျိုးချစ်တပ်မတော်၏ အမျိုးသားညီညွတ်ရေး ပန်ကြားချက် ထွက်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံကို ဗြိတိသျှက ထပ်မံ အုပ်ချုပ်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြောင့် ဗြိတိသျှတို့ အမြင်ပြောင်းလာ၏။ မြန်မာနိုင်ငံကို ပုံစံပြောင်း အုပ်ချုပ်ရန် ပြင်ဆင်ခဲ့သည်။
၁၉၄၅ ခုနှစ်၌ ဘုရင်ခံ ဒေါ်မန်စမစ် မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် ဆက်လက် အုပ်ချုပ်ရန် ကြိုးစားခဲ့၏။ နေသူရိန် လူထုအစည်းအဝေးက စစ်အုပ်ချုပ်ရေးကို ရပ်စဲရန် တောင်းဆိုခဲ့သည်။ နေသူရိန် လူထုအစည်းအဝေးသည် စစ်ပြီးခေတ် မြန်မာနိုင်ငံ၌ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် ပထမဆုံးသော လူထုဆန္ဒပြပွဲ ဖြစ်၏။ဆန္ဒပြမှုကြောင့် ဗြိတိသျှတို့က စစ်အုပ်ချုပ်ရေးကို ရပ်စဲလိုက်၏။ စစ်အုပ်ချုပ်ရေး ရပ်စဲသွားသော်လည်း ဆင်းမ လား စီမံကိန်း(ခေါ်) စက္ကူဖြူ စီမံကိန်း ပေါ်လာခဲ့သည်။ ၁၉၃၅ ခုနှစ် ဗြိတိသျှပါလီမန်က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ အုပ်ချုပ်ရေး အက်ဥပဒေကို ပြန်လည် အသက်သွင်းလိုသည့် စီမံကိန်းသာ ဖြစ်၏။ ဘုရင်ခံက စိတ်ကြိုက် အုပ်ချုပ်နိုင်သည့် ပုံစံ ဖြစ်သည်။
ဗြိတိသျှ အစိုးရ အနေဖြင့် မြန်မာနိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရန် အကူအညီပေးလို၏။ ပေးလိုသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်က ဒိုမီနီယံ အဆင့်အတန်းမျှသာ ဖြစ်သည်။ဂျပန်ကပေးသော ရွေရည်စိမ်လွတ်လပ်ရေးနှင့် ၁၉၂၃ ခုနှစ် ဗြိတိသျှတို့ ပေးခဲ့သော ဒိုင်အာခီ အုပ်ချုပ်ရေးထက်ပင် အဆင့်အတန်းနိမ့်သော အုပ်ချုပ်ရေး ဖြစ်သည်။
စက္ကူဖြူစီမံကိန်း၌ မြန်မာပြည်မကို ရှမ်းပြည်နယ် အပါအ၀င် တောင်တန်းဒေသများနှင့် ခွဲခြားလိုသည့်အချက် ပါဝင်နေသည်။ ဗြိတိသျှတို့က မြန်မာပြည်မကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးနိုင်သည်။ သို့သော် တောင်တန်းဒေသများကို ဆက်လက် ရယူထားလိုသည့် သဘော ရှိနေသည်။ ထို့ကြောင့် ဆင်းမလား စီမံကိန်း ပျက်ရန်အတွက် ဖဆပလအဖွဲ့ချုပ် ဦးဆောင်၍ လှုပ်ရှား ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
၁၉၄၆ ခုနှစ် နှစ်ဆန်းပိုင်း၌ ပြုလုပ်သော ရွှေတိဂုံ အလယ်ပစ္စယံ ဖဆပလ အဖွဲ့ချုပ်၏ ညီလာခံ၌ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိစ္စကို အလေးထား ပြောဆိုသည်။ မြန်မာပြည်နှင့် ရှမ်းပြည်နယ် ကိစ္စတွင် နှစ်ဦးနှစ်ဘက် အဓိကကျပြီး ကြားလူ မ၀င်သင့်ကြောင်း၊ ရှမ်းပြည်နယ် ခေါင်းဆောင်များနှင့် မြန်မာခေါင်းဆောင်များ မတွေ့နိုင်အောင် စီမံထားသည့် နယ်နှင် ဥပဒေကို ပယ်ဖျက်သင့်ကြောင်း အဆိုပြုချက်ကို ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးဖေခင်က ညီလာခံ၌ တင်သွင်းခဲ့သည်။ ချင်းတောင်တန်း ကိုယ်စားလှယ် ဦးဝမ်းသူမောင် က လုံးဝလွတ်လပ်ရေး အဆိုကို တောင်တန်းဒေသ ကိုယ်စားလှယ်များ ကိုယ်စား ထောက်ခံခဲ့၏။
ဗြိတိသျှအစိုးရ လက်အောက်မှ လုံးဝလွတ်မြောက်ရေးအတွက် နှလုံးရည်တိုက်ပွဲမှာ ပိုမို ပြင်းထန်ခဲ့သည်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု၌ ဗိုလ်ချုပ်အောင်ဆန်းက အဓိကကျလာမည့် အကြောင်းကို ဗြိတိသျှအစိုးရက သိရှိခဲ့သည်။ ဒေါ်မန်စမစ်၏ အစိုးရအဖွဲ့က ဖဆပလအဖွဲ့ချုပ်နှင့် ပြေလည်အောင် ဆက်ဆံရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း မြန်မာနိုင်ငံ၌ နောက်လိုက် အကောင်းဆုံး နိုင်ငံရေးတပ်ပေါင်းစု၏ ခေါင်းဆောင်အဖြစ် လက်ခံလာခဲ့သည်။
တစ်ဖက်၌လည်း ဗိုလ်ချုပ်အောင်ဆန်း၏ သြဇာ ပိုမိုကြီးထွားလာမည်ကို စိုးရိမ်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ဗြိတိသျှဘက် ပါရန်အတွက် မောင့်ဘက်တန်နှင့် ဒေါ်မန်စမစ်က ကြိုးပမ်းခဲ့၏။ ရာထူးပေး၍ ဆွဲဆောင်ခဲ့သည်။ ဗိုလ်ချုပ်က လက်မခံ သည့်အပြင် သူအလိုရှိရာကို ပွင့်ပွင့်လင်းလင်းပင် ပြောဆိုခဲ့၏။ ထိုအချိန်မှာပင် ဖဆပလနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သြဇာမှာ ဗြိတိသျှတို့ ထင်ထားသည်ထက် ပိုကြီးလာခဲ့၏။
ထိုအခြေအနေသို့ မရောက်ရှိမီ၊ ဒေါ်မန်စမစ် မြန်မာနိုင်ငံသို့ ပြန်မလာစဉ် အချိန်ကပင် ဗြိတိသျှ အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အတွင်းဝန် ပက်သစ်လောရင့် ထံသို့ ဒေါ်မန်စမစ်က စာတစ်စောင် ရေးသားထားခဲ့၏။
''ဒီနေ့ မြန်မာနိုင်ငံမှာ အရေးကြီးဆုံး ပုဂ္ဂိုလ်ဟာ အောင်ဆန်းပဲဆိုတာ ကျွန်တော်တို့ လက်ခံရလိမ့်မယ် ထင်တယ်။ လူတိုင်းက သူ့ကို လေးစားချစ်ခင်ကြတယ်။ ယုံကြည်ကြတယ်။ သူ့တပ်သားတွေကလည်း သူ့ကိုချစ်တယ်။ သူက သေဆိုသေ၊ ရှင်ဆိုရှင်မယ်။ ဂျပန်တွေကို သူတော်လှန်ဖို့ ပြင်ဆင်တယ်။ အစီအစဉ်တွေ လုပ်တယ်။ ကျွန်တော်တို့ ပြန်မ၀င်လာရင်လည်း သူကတော့ ဂျပန်ကို တော်လှန်မှာပဲ။ သူ့မှာ ကြီးပွားချင်တဲ့စိတ် မရှိဘူး။ ရိုးသားတယ်။ မရိုးမသား ဟန်ပန် လုပ်တဲ့သူ မဟုတ်ဘူး။ အခုနေ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ရင် အောင်ဆန်းခေါင်းဆောင်တဲ့ အဖွဲ့ဟာ မဲအားလုံးကို သိမ်းကျုံးယူသွားမှာပဲ''ဟူ၍ ဒေါ်မန်စမစ်က သူ၏စာ၌ ရေးသားခဲ့သည်။ 
ဗိုလ်ချုပ်အောင်ဆန်း၊ ဖဆပလ အဖွဲ့ကြီးနှင့် တိုင်းရင်းသားလူမျိုး အားလုံးက လုံးဝလွတ်လပ်ရေး ရရှိလို၏။ ဗြိတိသျှ အစိုးရနှင့် နှလုံးရည်တိုက်ပွဲက ၁၉၄၆ ခုနှစ်၌ အပြင်းထန်ဆုံး ဖြစ်၏။ ပြည်မ တောင်တန်း ပူးပေါင်းမှု၏ လမ်းကြောင်းအစ၊ ပင်လုံ အစည်းအဝေးကို ၁၉၄၆ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည်။
ဗြိတိသျှ အစိုးရက ဖဆပလ အဖွဲ့ချုပ်ကို လန်ဒန်သို့ ခေါ်ယူခဲ့၏။ နန်းရင်းဝန် အက်တလီနှင့် တွေ့ဆုံပြီး အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။ အောင်ဆန်း-အက်တလီ စာချုပ်က မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ပိုနီးစပ်ခဲ့သည်။ သို့သော် ပြည်မနှင့်တောင်တန်း ပူးပေါင်းရေး အရေးကြီးလာ၏။ လန်ဒန်သို့ ဗိုလ်ချုပ် ရောက်ရှိနေစဉ် ကာလမှာပင် လန်ဒန် ဆွေးနွေးပွဲ၌ တိုင်းရင်းသား ကိုယ်စားလှယ်များ မပါဝင်သည့်အတွက် တိုင်းရင်းသားခေါင်းဆောင် အချို့က မကျေနပ်ကြောင်း  ပြောဆိုခဲ့သည်။ သို့သော် ရှမ်းပြည်နယ် လူထုခေါင်းဆောင်များက တောင်ကြီးမြို့၌ လူထု အစည်းအဝေးပွဲ ကျင်းပ၍ တောင်တန်းဒေသများသည် မြန်မာပြည်မနှင့် ပူးပေါင်း၍ လွတ်လပ်ရေး အရယူလိုကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းသားများအတွက် ပြောပိုင်ခွင့် ရှိကြောင်း၊ ဗိုလ်ချုပ်၏ အဆိုပြုချက်၊ လိုလားချက်များကို ထောက်ခံကြောင်း လန်ဒန်သို့ ကြေးနန်းစာ ပေးပို့ခဲ့သည်။
ထိုကြေးနန်းစာကြောင့်ပင် လန်ဒန် ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်နိုင်ခဲ့၏။ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် တောင်တန်းဒေသ ခေါင်းဆောင်များ၏ သဘောထား ပါရှိမှသာ ပြည်မနှင့် တောင်တန်း တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေး ပေးနိုင်မည်ဟု ဆိုသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ပင်လုံညီလာခံ စတင်၏။ ပင်လုံအစည်းအဝေး ပြုလုပ်ပြီး တစ်နှစ်ခန့် အကြာတွင် ဖြစ်သည်။
ပြည်မနှင့်တောင်တန်း အတူတကွ လွတ်လပ်ရေး ရရှိရေးကို ဗိုလ်ချုပ်အောင်ဆန်းက အလေးထားခဲ့သည်။ တိုင်းရင်းသား ခေါင်းဆောင်များ၏ သဘောထားကို သိရန်အတွက် လန်ဒန် မသွားမီကပင် တောင်တန်းဒေသများသို့ သွားရောက်ခဲ့၏။ ရခိုင်ဒေသ၊ ကချင်တောင်တန်းဒေသ၊ ကရင်ဒေသနှင့် ရှမ်းပြည်နယ်များသို့ သွားရောက်ခဲ့သည်။ 
၁၉၄၇ ပင်လုံညီလာခံက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အရေးပါဆုံးကဏ္ဍ ဖြစ်ခဲ့၏။ တိုင်းရင်းသား အားလုံး၏ သဘောဆန္ဒ အရေးပါလာသည်။ ဒိုမီနီယံ အုပ်ချုပ်ရေးနှင့် ကျေနပ်လိုသူများလည်း ပါရှိခဲ့၏။ ဗြိတိသျှ၏ အကွက်ကျကျ ခြေထိုးမှုများက ညီလာခံ ဆွေးနွေးမှုများအတွက် အဟန့်အတား ဖြစ်စေခဲ့သည်။
ဆန္ဒပြမှုများ၊ ကြေးနန်းစာများ၊ သွေးခွဲမှုများ ရှိခဲ့သည့်ကြားက ပြည်မနှင့်တောင်တန်းဒေသ ညီညွတ်မူ သင်္ကေတ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့၏။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖြစ်၏။
ပင်လုံစာချုပ်အရ ပြည်မနှင့်တောင်တန်း တစ်ပြိုင်နက်တည်း လွတ်လပ်ရေး ရရှိခဲ့သည်။ တိုင်းရင်းသားများဖြင့် ပေါင်းစု ဖွဲ့စည်းထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝန်းလုံး အနေဖြင့် ရရှိခဲ့ခြင်း ဖြစ်ပါသည်။
'နွယ်ချင်းခက်၍ ပင်ချင်းယှက်သော်' သီချင်းက ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ ပေါင်းစည်းမှု အမှတ်ရစေသည်။
လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ။ တိုင်းရင်းသား အားလုံး၏ ပေါင်းစည်းမှုဖြင့် ရရှိခဲ့၏။ ပြည်ချစ်ပန်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းက ထိုပေါင်းစည်းမှု ရရှိရန်အတွက် အဓိက နေရာမှ စွမ်းဆောင်ခဲ့သည်။ လက်ရုံးရည် သာမက နှလုံးရည်ဖြင့်ပါ စွမ်းဆောင်ခဲ့သည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်။ ပြည်ထောင်စု၏ အားမာန်အစစ်ကို ဖော်ကျူးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာဟု တင်စားခဲ့သော၊ ပြည်ချစ်ပန်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့သည့်နေ့က ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ပါသည်။ ဗိုလ်ချုပ် ရှိနေဦးမည် ဆိုပါက . . . . . 
အသက် (၉၆)နှစ် ပြည့်မည့်နေ့ရက် ဖြစ်ပါသည်။
ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ကိုယ်စားလှယ်များ
(၁) ဗိုလ်ချုပ်အောင်ဆန်း(မြန်မာပြည်ခေါင်းဆောင်)၊
(၂) စ၀်ခွန်ပန်းစိန်(တောင်ပိုင်းစော်ဘွား)၊
(၃) စ၀်ရွှေသိုက်(ညောင်ရွှေစော်ဘွား)၊
(၄) စ၀်ဟုံဖ (မြောက်ပိုင်းသိန္နီစော်ဘွား)၊
(၅) စ၀်နွံ(လဲချားစော်ဘွား)၊
(၆) စ၀်စံထွန်း(မိုင်းပွန်စော်ဘွား)၊
(၇) ခွန်ဖုန်း(လူထုကိုယ်စားလှယ် မြောက်ပိုင်းသိန္နီ)၊
(၈) စ၀်ထွန်းအေး (သာမိုင်းခမ်းစော်ဘွား)၊
(၉) ဦးတင်အေး(လူထုကိုယ်စားလှယ် တောင်ကြီး)၊
(၁၀)ဦးကြာပု(လူထုကိုယ်စားလှယ် သီပေါ) ၊
(၁၁) စ၀်ယိင်ဖ(လူထုကိုယ်စားလှယ် သီပေါ)၊
(၁၂) ဆမားဒူဝါ ဆင်ဝါနောင်(ကချင်ကိုယ်စားလှယ် မြစ်ကြီးနား)၊
(၁၃)ဒူဝါဇော်ရစ်(ကချင်ပြည်နယ်ကိုယ်စားလှယ် မြစ်ကြီးနား)၊
(၁၄)ဦးခွန်ထီး (လူထုကိုယ်စားလှယ်ပင်လုံ)၊
(၁၅) ဦးထွန်းမြင့်(လူထုကိုယ်စားလှယ် မောက်မယ်)
(၁၆) ဦးခွန်စော(လူထုကိုယ်စားလှယ် ပင်းတယ)၊
(၁၇)ဦးဖြူ (ဆီဆိုင်စော်ဘွား ကိုယ်စားလှယ်)၊
(၁၈) ဦးဒိန်ရတန်(ကချင်ကိုယ်စားလှယ် မြစ်ကြီးနား)၊
(၁၉) ဒူဝါဇော်လွန်း(ကချင်ကိုယ်စားလှယ် ဗန်းမော်)၊
(၂၀) ဦးလဘန်းဂရောင် (ကချင်ကိုယ်စားလှယ် ဗန်းမော်)၊
(၂၁) ဦးလူမုန်း(ချင်းကိုယ်စားလှယ် ဖလမ်း)၊
(၂၂) ဦးသောင်ဇာခုတ်(ချင်းကိုယ်စားလှယ် တီးတိန်)၊
(၂၃) ဦးကီးယိုမာန် (ချင်းကိုယ်စားလှယ် ဟားခါး)
ကိုးကား။
(၁)တိုင်းရင်းသားလူမျိုးများ အရေးနှင့် ၁၉၄၇ အခြေခံဥပဒေ။
(၂)ပင်လုံညီလာခံ သမိုင်းစဉ်အကျဉ်း (၁၉၇၂)၊
(၃)ပင်လုံစစ်တမ်း (ဦးအုန်းဖေ)၊
(၄)မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စဉ်သမိုင်း(ဖိုးအောင်လေး)၊
(၅)မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ (ကျော်အောင်) (Last and First in Burma by Maurice Collis)
Popular Posts