• အပျံသင်စငှက်ငယ်လေး

    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...

  • ကော်ဖီခါးခါး

    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။

  • ကျနော်နှင့် နတ်စိမ်းများ

    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။

  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး

    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..

Tuesday, 26 October 2010

ကိုယ်ပိုင်စည်းကမ်း


မနက်က..မကွေးတိုင်းထဲမှာ..ရေနံပိုက်ပေါက်ပြီး..မီးလောင်မူဖြစ်တယ်..
ဘာလိုဖြစ်တယ်ဆိုတာတော့မသိကြပေမယ့်...
လူတွေတော့တော်တော်သေကုန်တယ်..
လူတွေကလည်းလူတွေပဲ..ရေနံပိုက်ဖောက်ခိုးတယ်..အော်..
ဘာလို့အဲလိုတွေဖြစ်နေရတာလည်း..
သူတို့မှာတင်လောဘရှိတာလား..
လူတိုင်းမှာကောလောဘမရှိဘူးလား..
ဘာလို့သူတိုပဲသေပြီး..တခြားသူတွေမသေတာလည်း..
အားလုံးကတော့အပြစ်တင်ကြတယ်..အစိုးရမကောင်းလို့...
ဒီလိုဖြစ်နေတာ..လူတွေစီးပွားရေးကြပ်တည်းကြတာ..အစိုးရမကောင်းလို့..
နောက်ဆုံးတော့..အိမ်နားမှာ..ခွေးနှစ်ကောင်ကိုက်တာလည်းအစိုးရမကောင်းလို့..
ဘာလို့ကိုက်တာလည်း...အစာဝအောင်မကြွေးလို့...
အစာဘာလို့ဝအောင်မကြွေးတာလည်း..ခွေးရှင်တွေက.
.စီးပွားရေးကြပ်တည်းနေလို့.နောက်ဆုံးဘယ်ရောက်လည်း..
တကယ်တော့..ဗျာ..ဘယ်လောက်ပဲစီးပွားရေးကြပ်တယ်ပြောပြော..
ကိုယ့်ပတ်ဝန်းကျင်မှာခြောင်လည်နေသူတွေတပုံကြီးပဲ..
ကိုယ်က..ဘာလို့ကြပ်တည်းပြီး..သူတို့က.ခြောင်ခြောင်လည်လည်ဖြစ်နေတာလည်း..
ဒါတွေက..ကျုပ်တို့ အညာတောတွေဖြစ်နေကြ..
လူတွေက..အလောင်းအစားဖက်လာတယ်..နောက်..ရာသီဥတုမကောင်းတော့..ပိုပိုဆိုးလာတယ်..
အသိဥာဏ်ကလည်းပြောလောက်အောင်မရှိ...နောက်..လူတွေကလည်း..တအားပြင်းကြတယ်..
အပျော်အပါးလည်းအရမ်းမက်ကျတော့..ပိုဆိုးကုန်တယ်..
တကယ်တော့..အပျော်အပါးမက်ပါ..သူနေရာနဲ့သူပေါ့..
ကျွန်တော်မှတ်မိသေးတယ်..ကျောင်းမှာတုန်းက..ညမှာ..ညစာစားပွဲလုပ်တယ်..
ကောင်မလေးတွေသီချင်းလာဆိုတယ်..ဘယ်လောက်ပဲပျော်ပျော်ပါးပါးကခုံနေပေမယ့်..မနက်မိုးလင်းတာနဲ့..
PTနောက်ကျလို့မရဘူး..
ဒါသည်..သူ့အချိန်နဲ့..သူပိုင်းခြားပြီးလုပ်ကိုင်တတ်အောင်သင်ပေးလိုက်တာပါပဲ..
(တကယ်တော့..လူတိုင်းမှာ..ကိုယ်ပိုင်အသိ..ကိုယ်ပိုင်စည်းကမ်းလေးတစ်ခုသာရှိမယ်ဆိုရင်.
ကိုယ်နေတဲ့ပတ်ဝန်းကျင်ကတော့..ကိုယ်ကြောင့်ဘယ်တော့မှ..စိတ်အနှောက်အယှက်ဖြစ်မှာမဟုတ်ပါဘူး..)
အဲလိုလေး..အပျော်အပါးနဲ့..စီးပွားရေးပိုင်းခြားတတ်မယ်ဆိုရင်..လူတွေအလောင်းအစားကြောင့်ဘ၀ပျက်တယ်ဆို
တာရှိလာမယ်မထင်တော့ပါဘူး..
ကိုယ်မိသားစုစီပွားရေး..နောက်..ကိုယ်ဒါလုပ်လိုက်လို့..ဘယ်လောက်ပြန်ရမလည်း..ပြန်မရခင်..ကိုယ်ဘယ်လောက်
ကြပ်တည်းမလည်း..ပြန်မရခဲ့ရင်ကော..ကိုယ့်မှာလက်ကျန်နဲ့..အလုပ်လုပ်လို့ရနိုင်သေးလား..ဆိုတာတော့
တွေးမိကြစေချင်တယ်..
လောဘလောဘ..
လောဘဇောတွေတအားများလိုသာအခုလိုဖြစ်တာပါ..
ကိုယ့်ပတ်ဝန်းကျင်ရဲ့တော်တော်ဆိုးရွားတဲ့အဖြစ်တစ်ခုအဖြစ်..

0 comments:

Post a Comment

Popular Posts