• အပျံသင်စငှက်ငယ်လေး

    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...

  • ကော်ဖီခါးခါး

    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။

  • ကျနော်နှင့် နတ်စိမ်းများ

    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။

  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး

    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..

Thursday, 28 October 2010

0

လွှင့်မျှော့ခွင့်လေး...




ကြယ်ကလေးရယ်....
ငါဟာပြန်နိုင်တဲ့ငှက်တစ်ကောင်ဆိုရင်
မင်းဆီကိုအရောက်ပြန်သန်းလာချင်တယ်..
တောင်ပံတွေကျိုးချင်ကျိုးပါစေ...

ကြယ်ကလေးရယ်...
ငါဟာ ပိုးစုန်းကြူးတစ်ကောင်သာဆိုရင်တော့
နင်နဲ့ဝေးရာကနေပဲလင်းပါရစေ
ငါ့ကိုလူတွေကဗျာမဖွဲချင်နေပါစေလေ..

ကြယ်ကလေးရယ်..
ငါသာစွန်တစ်ကောင်ဖြစ်ခဲ့ရင်..
မင်းဆီကိုအရောက်လွှင့်မျှော့ချင်တာပါ.
ငါကိုချည်နှောင်ထားတဲ့ကြိုးတွေကိုဖြေချပြီးတော့ပေါ့...


ကြယ်ကလေးရယ်..
တကယ်တော့ငါကဘာမှမဟုတ်တဲ့
တိမ်တိုက်တစ်ခုပါ..
ငါလေနှင်ရာကိုလွှင့်မျှောနေရတဲ့
ရေခိုးရေငွေလေးတစ်ခုပါ..
တစ်နေ့တော့ငါမိုးအဖြစ်နဲ့
ရွာသွန်းလိုက်တဲ့တစ်နေ့မှာတော့.
ငါဘ၀သေဆုံးရဦးမှာပါ..
မသေဆုံးခင်တော့
ငါ့ကိုလွှင့်မျှောခွင့်ပေးပါတော့နော်...

လွှင့်မျှောခွင့်လေး..တစ်ခုပါပဲ..
လွှင့်မျှောခွင့်လေးတစခုပါပဲကွာ...
0

အကယ်၍


ဒေါ်အောင်ဆန်းစုကြည်သည် RUDWARD KIPLING ၏ “IF”ကဗျာကို အောက်ပါအတိုင်း ဘာသာပြန်ဆိုထားသည်။
အကယ်၍
    * If you can keep your heard when all about you,

Are losing theirs and blaming it on you,
အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။

    * If you can trust yourself when all doubt you,

But make allowance for their doubting too,
အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။

    * IF you can bear to hear the truth you’ve spoker

Twisted by knaves to make atrap for fools,
On watch the things you gave your life to broken.
And stoop and build’em up with won-out tools:
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

    * If you can make one heap of all your winnings,

And risk it on turn of pitch-and-toss.
And lose? And start again at your beginnings,
And never breathe a ward about your loss:
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

    * If you can force your heart and nerve and sinew,

To serve your turn long after they are gone,
And so hold on when there is nothing in you
Except the will which says to them: ‘ Hold on:!’
အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . . . . .။

    * If you can wait and be tired by waiting,

Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor take too wise,
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။

    * If you can dream-and not make dreams your master;

If you can think-and not make thoughts your aim;
အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။

    * If you meet with triumph and Dister,

And tread those two imposters just the same;
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။

    * If you can talk with crowds and keep your virtue,

Or walk with kings – nor lose the common touch,
အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

    * If neither foes nor loving friends can hurt you,

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

    * If all men count with you, but none too much;

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

    * If you can fill the unforgiving minute,

With sixth seconds’ worth of distance run.
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။

    * Yours is the Earth and everything that’s in it,

And-which is more – you’ll be a man, my son !
ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

saffrontoward ကူးယူဖေါ်ပြပါသည်။

(စာပေမြတ်နိုးသူလူငယ်တစ်ယောက်အနေနဲ့.ကဗျာကောင်း.တစ်ပုဒ်ကိုမျှဝေပေးယုံပါပဲ.ဒီကဗျာသည်..သူမှ..
အကျယ်ချုပ်ကျခံစဉ်ကဆိုရင်တော့..သူမရဲ့မွန်းကြပ်မူတွေကို 
နားလည်မူနဲ့..ခုခံနေတတ်တဲ့..သူမစိတ်ဓါတ်ကိုတော့လေးစားပါတယ်ခင်ဗျား...)

Tuesday, 26 October 2010

0

က ခ မှစကြမယ်..


ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ကွန်ပျူတာနဲ့ပတ်သပ်ပြီးတော့..အခြေခံတော်နည်းခဲ့ကြတယ်..အခုနောက်ပိုင်းမှ
တိုးတက်လာတယ်လို့ပဲပြောရမယ်..ထင်တယ်..ကျွန်တော်ဆိုရင်လည်း..တတိယနှစ်ရောက်ခါမှကွန်ပျူတာဆိုတာရင်းနှီးလာခဲ့တယ်...
အရင်ကဆို..ပါဝါခလုတ်ဘယ်မှာမှန်းတောင်မသိခဲ့ကြဘူး..
ဒီလိုအချိန်မှာ..ကျောင်းပြီးတော့..သူများနိုင်ငံခြားဆိုတာနဲ့ခြားခဲ့ကြတဲ့သူတွေ ပြည်ပရောက်တော့...သူများလက်တော့ဖ်ဆိုတာနဲ့..တော့ခဲ့ကြတယ်..
နောက်.သူများအင်တာနက်ဆိုတာနဲ့..နက်ခဲ့ကြတယ်...ပေါ့..
သို့သော်လည်း ကွန်ပျူတာနဲ့ပတ်သပ်ပြီးပျက်ရင်...ဆားဗစ်ဆင်တာသွားပြင်လိုက်ကြတယ်..ကောင်းပါတယ်..
ဒါပေမယ့်...ကိုယ်တိုင်လေ့လာတဲ့အကျင့်မရှိကြတော့...မတတ်တော့ဘူး..
ဥပမာ...အွန်လိုင်းအဘိဓာန်ဆိုကြာနေပြီ..အခုမှသိတဲ့သူတွေရှိနေတယ်..နောက်...
မြန်မာဖောင့်တောင်မှကွန်ပျူတာမှာမထည့်တတ်ကြတဲ့သူတွေနဲ့..တော်တော်လေးရယ်မိတယ်...ဒါကလည်း
သူတို့အမှားမဟုတ်ဘူး...တိုင်းပြည်ကမတိုးတက်လို့ဒီလိုဖြစ်နေတာ..ကပေါက်တီးကပေါက်ခြာနဲ့..ဖြစ်နေကြတာ..
ဒီနေရာမှာ..ကျွန်တော်ပြောချင်တာက..ကျွန်တော်ပတ်ဝန်းကျင်ကလူတွေအကြောင်းပြောချင်တယ်.
တစ်ယောက်ကွန်ပျူတာဝယ်ရင်..တတ်တဲ့သူက..အချိန်ကုန်ခံပြီးလိုက်ပို့.ပေး..ရှာပေးတယ်..ဈေးသင့်တာ..
နောက်ဘာပဲဖြစ်ဖြစ်ဆားဗစ်ဆင်တာဆိုတာမလိုခဲ့ဘူး..ဘာလို့လည်းဆိုတော့..ဟတ်ဝဲပိုင်းလား..ရတယ်..လာခဲ့..
ဝင်းဒိုးကဘာဖြစ်နေတယ်..အိုကေ..လူတိုင်းနီးပါးဝင်းဒိုးတင်တတ်တယ်..ဘာဆော့ဝဲလည်း...GOOGLEမှာရှာလိုက်..
နောက်..katz.ckမှာရှာလိုက်ကွာ..စသင်ဖြင့်..ဘယ်ဆော့ဝဲကကောင်းတယ်သုံးမလား..နဲ့..တော်တော်လေးအလုပ်ဖြစ်တယ်ဗျ..
သူတို့အကုန်လုံးလေ့လာနေတာက..ကွန်ပျူတာတော့မဟုတ်ဘူး..ဓါတုနဲ့ဆိုင်ရာတွေ..သံတွေဘယ်လိုကျိုမယ်ဆိုတာပဲ..
ဒါပေမယ့်..ကွန်ပျူတာတစ်လုံးလောက်တော့အရည်ကျိုပြစ်လို့ရတယ်..
ဒါကို နိုင်ငံတကာကလူတွေ..မြန်မာတွေအကုန်လုံးမှာလည်း..ဒီလိုလေးတွေဖြစ်စေချင်တယ်..
ဖြစ်တာနဲ့..ဆားဗစ်ဆင်တာပြေးတော့တာပဲဆိုတဲ့အကျင့်ထက်..ကိုယ်အချင်းချင်းပြင်ပြီးတော့မှ...ပဲ..မရတော့မှပြေးလိုက်တာက
ပိုကောင်းမယ်..၀င်းဒိုးကဖြစ်တာလောက်နဲ့..ဆားဗစ်ဆင်တာပြေးပြီး..ပြင်ခိုင်းတာတော့မကောင်းဘူးထင်တယ်..
အိုကေ..ဒီလိုမဖြစ်အောင်လို့..ဘယ်လိုတွေလုပ်သင့်သလည်း...
အွန်လိုင်းများများသုံးပါ..အွန်လိုင်းပေါ်မှာ..ကွန်ပျူတာနဲ့ပတ်သပ်တာအကုန်ရှိတယ်...အကုန်အလကားယူလို့ရတယ်..
ဝယ်စရာမလိုဘူး...အဓီကကတော့..စာများများဖတ်ဖို့ပါပဲ..ဒါကိုပဲကျွန်တော်တိုက်တွန်းချင်တာ..
ဇာက်ကားဇာတ်လမ်းတွေကြည့်ပြီးတော့အချိန်ကုန်ခံနေမယ့်အစား...ကွန်ပျူတာဆော့ဝဲအသစ်တစ်ခုဒေါင်းလုတ်ချပြီးကလိ
နေလိုက်တာပိုကောင်းပါတယ်..မယုံမရှိနဲ့..စိတ်ဝင်စားလာရင်..ဘာမှကိုထမလုပ်ချင်တော့ဘူး..
အိုကေ...ဒါဆိုရင်..ကျွန်တော်တို့ဘယ်လိုရှာမလည်း...
ကွန်ပျူတာနဲ့ပတ်သပ်ပြီးတော့.နားလည်တဲ့သူငယ်ချင်းတွေနဲ့မိတ်ဖွဲထား..
သူတို့ဆီကနေကိုယ်အကုအညီတောင်း.မသိရင်မေး...အောက်ကျတယ်လို့မထင်ပါနဲ့...
GOOGLEမှာရိုက်ပြီးတော့ရှာ..လိုက်..ဥပမာ..ဘလော့တစ်ခုလောက်လုပ်ချင်တယ်..
ဘာလုပ်မလည်း..အရင်ဆုံးgoogle.comမှာ.. how to create blog.လိုရိုက်လိုက်တာနဲ့..အကုန်ကျလာပြီ..
ဒါကအင်္ဂလိပ်လိုပဲရေးတာ မြန်မာလိုကောရှာလို့မရဘူးလား..ရတယ်..
(blog နှင့်)လိုပဲရိုက်လိုက်.အိုကေလိမ့်မယ်..ဒါကဘလော့ကျန်တာ..photoshopနဲ့ဆိုင်တာတွေ..
စသဖြင့်ပေါ့့.. chat ကြီးမနေကြပါနဲ့.ဒီလောက်ပါပဲ...chat တာကောင်းပါတယ်..မိတ်ဖွဲတာ..ဒါပေမယ့်
အချိန်ကုန်ပါတယ်..နောက် ကျူတဲ့အဆင့်ရောက်ရင်..ကျန်မာရေးတောင်ထိလာတယ်..
chat ပါ..အရည်မရစကားတွေပြောပြီးတော့ချက်နေမယ့်အစား..ဗဟုသုတပြိုင်ပြောကြ..နောက်တစ်ယောက်နဲ့တစ်ယောက်အကြံ
ပေးကြပါ..
ဘာမှတော့.မဟုတ်ပါဘူး..ဘာမှမဟုတ်တဲ့လူငယ်လေးတစ်ယောက်အမြင်ပါ..
( က ခ...ဂ..တောင်မသိသေးတဲ့သူကို..သူငယ်တန်းလောက်အောင်တဲ့ကျွန်တော်က... က ခအကြောင်းအပြောတာပါ..
သင်သည်..တကယ်ပညာရှိဆိုရင်..မလှောင်ပါနဲ့...ကျွန်တော်ကိုပါထပ်သင်ပေးပါ....)
0

ကိုယ်ပိုင်စည်းကမ်း


မနက်က..မကွေးတိုင်းထဲမှာ..ရေနံပိုက်ပေါက်ပြီး..မီးလောင်မူဖြစ်တယ်..
ဘာလိုဖြစ်တယ်ဆိုတာတော့မသိကြပေမယ့်...
လူတွေတော့တော်တော်သေကုန်တယ်..
လူတွေကလည်းလူတွေပဲ..ရေနံပိုက်ဖောက်ခိုးတယ်..အော်..
ဘာလို့အဲလိုတွေဖြစ်နေရတာလည်း..
သူတို့မှာတင်လောဘရှိတာလား..
လူတိုင်းမှာကောလောဘမရှိဘူးလား..
ဘာလို့သူတိုပဲသေပြီး..တခြားသူတွေမသေတာလည်း..
အားလုံးကတော့အပြစ်တင်ကြတယ်..အစိုးရမကောင်းလို့...
ဒီလိုဖြစ်နေတာ..လူတွေစီးပွားရေးကြပ်တည်းကြတာ..အစိုးရမကောင်းလို့..
နောက်ဆုံးတော့..အိမ်နားမှာ..ခွေးနှစ်ကောင်ကိုက်တာလည်းအစိုးရမကောင်းလို့..
ဘာလို့ကိုက်တာလည်း...အစာဝအောင်မကြွေးလို့...
အစာဘာလို့ဝအောင်မကြွေးတာလည်း..ခွေးရှင်တွေက.
.စီးပွားရေးကြပ်တည်းနေလို့.နောက်ဆုံးဘယ်ရောက်လည်း..
တကယ်တော့..ဗျာ..ဘယ်လောက်ပဲစီးပွားရေးကြပ်တယ်ပြောပြော..
ကိုယ့်ပတ်ဝန်းကျင်မှာခြောင်လည်နေသူတွေတပုံကြီးပဲ..
ကိုယ်က..ဘာလို့ကြပ်တည်းပြီး..သူတို့က.ခြောင်ခြောင်လည်လည်ဖြစ်နေတာလည်း..
ဒါတွေက..ကျုပ်တို့ အညာတောတွေဖြစ်နေကြ..
လူတွေက..အလောင်းအစားဖက်လာတယ်..နောက်..ရာသီဥတုမကောင်းတော့..ပိုပိုဆိုးလာတယ်..
အသိဥာဏ်ကလည်းပြောလောက်အောင်မရှိ...နောက်..လူတွေကလည်း..တအားပြင်းကြတယ်..
အပျော်အပါးလည်းအရမ်းမက်ကျတော့..ပိုဆိုးကုန်တယ်..
တကယ်တော့..အပျော်အပါးမက်ပါ..သူနေရာနဲ့သူပေါ့..
ကျွန်တော်မှတ်မိသေးတယ်..ကျောင်းမှာတုန်းက..ညမှာ..ညစာစားပွဲလုပ်တယ်..
ကောင်မလေးတွေသီချင်းလာဆိုတယ်..ဘယ်လောက်ပဲပျော်ပျော်ပါးပါးကခုံနေပေမယ့်..မနက်မိုးလင်းတာနဲ့..
PTနောက်ကျလို့မရဘူး..
ဒါသည်..သူ့အချိန်နဲ့..သူပိုင်းခြားပြီးလုပ်ကိုင်တတ်အောင်သင်ပေးလိုက်တာပါပဲ..
(တကယ်တော့..လူတိုင်းမှာ..ကိုယ်ပိုင်အသိ..ကိုယ်ပိုင်စည်းကမ်းလေးတစ်ခုသာရှိမယ်ဆိုရင်.
ကိုယ်နေတဲ့ပတ်ဝန်းကျင်ကတော့..ကိုယ်ကြောင့်ဘယ်တော့မှ..စိတ်အနှောက်အယှက်ဖြစ်မှာမဟုတ်ပါဘူး..)
အဲလိုလေး..အပျော်အပါးနဲ့..စီးပွားရေးပိုင်းခြားတတ်မယ်ဆိုရင်..လူတွေအလောင်းအစားကြောင့်ဘ၀ပျက်တယ်ဆို
တာရှိလာမယ်မထင်တော့ပါဘူး..
ကိုယ်မိသားစုစီပွားရေး..နောက်..ကိုယ်ဒါလုပ်လိုက်လို့..ဘယ်လောက်ပြန်ရမလည်း..ပြန်မရခင်..ကိုယ်ဘယ်လောက်
ကြပ်တည်းမလည်း..ပြန်မရခဲ့ရင်ကော..ကိုယ့်မှာလက်ကျန်နဲ့..အလုပ်လုပ်လို့ရနိုင်သေးလား..ဆိုတာတော့
တွေးမိကြစေချင်တယ်..
လောဘလောဘ..
လောဘဇောတွေတအားများလိုသာအခုလိုဖြစ်တာပါ..
ကိုယ့်ပတ်ဝန်းကျင်ရဲ့တော်တော်ဆိုးရွားတဲ့အဖြစ်တစ်ခုအဖြစ်..

Monday, 25 October 2010

0

လူသားပုံတူ စက်ရုပ် ဂျပန်နိုင်ငံတွင် လူသား အကအဖွဲ့နှင့် အတူ ကခုန်ခဲ့



တိုကျို-October 16, 2010
ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ကျင်းပသည့် ဒစ်ဂျစ်တယ် နည်းပညာပြပွဲ (Digital Content Expo) တွင် အောက်တိုဘာလ ၁၆ ရက်နေ့က HRP-4C ဟုတ် ကုဒ် အမည်ပေးထားသော လူသားပုံတူ စက်ရုပ်သည် လူသားအက အဖွဲ့နှင့် အတူ သီချင်းသီဆို၍ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
http://patheincity.com/news//HLIC/c61be6db3f486e5b7c7db9e84946b914.jpg
http://patheincity.com/news//HLIC/fc0435db8e6de2d3e4b5eb1e66315e10.jpg
http://patheincity.com/news//HLIC/6b1114804b2f61dffb82b9fcb24003ab.jpg
http://patheincity.com/news//HLIC/448320d0529c3826ba0caede0f7c8a9e.jpg



HRP-4C သည် မိန်ကလေး ပုံစံ ဖန်တီးထားသော လူသားပုံတူ စက်ရုပ်ဖြစ်ပြီး ဂျပန်နိုင်ငံ အမျိုးသား အဆင့်မြင့် စက်မှုသိပ္ပံနှင့် နည်းပညာ အသင်း (National Institute of Advanced Industrial Science and Technology) မှ တီထွင်ခဲ့ခြင်း ဖြစ်သည်။
http://patheincity.com/news//HLIC/e734305eea000ad0a8978af8b1360a07.jpg
အဆိုပါ စက်ရုပ်သည် အရုပ်အမြင့် ၅ ပေ ၂ လက်မ နှင့် ဘက်ထရီ အပါအဝင် ကိုယ်အလေးချိန် ၉၅ ပေါင်ရှိပြီး ၂၀၀၉ ခုနှစ် မတ်လ ၁၆ ရက်နေ့က ပထမဆုံး အများပြည်သူ ရှေ့သို့ ထုတ်ဖော်ပြသခဲ့သည်။ HRP-4C စက်ရုပ်သည်ပါတ်ဝန်းကျင်ရှိ အသံများကို သိရှိနားလည် နိုင်စွမ်းရှိပြီး Vocaloid အသံစနစ်ကို အသုံးပြုကာ တေးသီချင်းများလည်း သီဆိုနိုင်ကြောင်း သိရသည်။
(ပုသိမ်သား..ဘလော့မှကူးယူချင်းဖြစ်ပါသည်...)

စက်ရုပ်သာဆိုတာ..တော်တော်ချစ်ဖို့ကောင်းတယ်နော်..ဟဲဟဲ..သဘောရိုးနဲ့တွေးကြပါဗျာ...

0

ပညာသင်တယ်ဆိုတာ...


ဟိုတုန်းကတော့..အညာသူအညာသားရိုးလွန်းတယ်တဲ့..
ရိုးတာလား..အ တာလားဆိုတာငါစဉ်စားတယ်..
တကယ်တော့..ကျွန်တော်တို့အညာသူအညာသားတော်တော်များများမှာ..
"အ"တာကော..ရိုးတာပါ..နှစ်ခုလုံးပါနေမယ်ထင်တယ်..
ရိုးတယ်ဆိုတာ...ကိုယ်တိုင်ဒါတွေလုပ်ရမှာသိတယ်..သိလည်းပဲ..အေးအေးဆေးဆေးနဲ့နေတတ်တယ်..
အနေအထိုင်ကျစ်ကျစ်လစ်လစ်နဲ့..နေထိုင်တယ်..
ရွှေတွဲလွဲငွေတွဲလွဲနဲ့..တောရွာအလှူတွေမှာဆိုတွေနိုင်သေးတယ်.
ဒါတွေကဘာတွေလည်း..သူတို့မှာကြွားနိုင်တာဒါတွေပဲရှိတယ်လေ..
နောက်..သနတ်ခါးပါးကွက်ကြားကြီးတွေနဲ့..
နောက်ပိုင်း..ကျတော့..မိတ်ကပ်တို့နုတ်ခမ်းနီတို့..လီမ်းရင်ပိုလှတယ်ထင်ပြီးတော့..
ပျက်ကုန်ရော..ဘယ်မလည်း..သနတ်ခါး..ပါးကွက်ကြားနဲ့..
အသိမရှိတော့..ရိုးတယ်လို့ပြောတာထင်ပါတယ်..
ညကပဲသူငယ်ချင်းတစ်ယောက်ပြောတယ်..ဒီကောင်ကရန်ကုန်သားဆိုတော့..ဖောတယ်ဗျ..
ဒါကဘာကြောင့်လည်းဆိုတော့..သူ့မှာအသိရှိလို့..ဖောနိုင်တာပါ..
ဘယ်အလုပ်ဆိုရင်..သူကိုယ်တိုင်မတတ်ရင်နေမယ်..ဘာနဲ့လုပ်တယ်ဆိုတာလောက်တော့..နစွံနဖျားထောက်တတ်တယ်..
အဲလိုအချိန်မှာ..အသိမရှိတဲ့.ကောင်ကတော့..သေပေရော့ပဲ...သူလေကြောမှာ..သူကိုအထင်ကြီးနဲ့..မျက်လုံးနဲ့သာကြည့်လိုက်တော့.
တကယ်သိတဲ့သူအတွက်ကျတော့..သူပြောတာကြီးတွေက..ဟာသကြီးတွေပဲ..
အဲတော့..တကယ်တော့..ကိုယ်ကိုတိုင်.တတ်မှ..သူများလူလည်ကျတာမခံရမှာပါ..
သမိုင်းမှာသိခဲ့ယုံနဲ့မရပါဘူး..သမိုင်းမှာတတ်ခဲ့ယုံနဲ့မရပါဘုး..အခုလက်ရှိမှာလည်းသိနေဖို့လည်းလိုပါသေးတယ်..
ဖေဖေပြောခဲ့သလိုပေါ့..မင်းတို့ကိုပညာတွေသင်ပေးတယ်ဆိုတာ..သူများလူလည်မကျအောင်သင်ပေးနေတာတဲ့..

(စိတ်ထဲရှိတာ..ရေးလိုက်တာ..)

Saturday, 23 October 2010

0

ကျွန်တော်နှင့်သတင်းကျွတ်လပြည့်နေ့များ..




ဒီနေ့လပြည်နေ..
ဒီအချိန်မှာဆိုရင်တော့..မကွေးမှာပျော်စရာကြီးပေါ့ဗျာ..
ကိုအောင်သူရဲ့စာသားလေးကိုတောင်  ညှီးနေမိသေးတယ်
“မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ မေ့မရနိုင်ပါပေ
အခွင့်ရယ်သာတဲ့ တစ်နေ့မှာ အရောက်တော့ လာခဲ့ဦးမယ် 
ရွှေညာသူရေ ကိုယ်လာရင် ကြိုမှာလားလို့ အတည်" 
မကွေးမြသလွန်ဆိုတာလူတိုင်းကြားဘူးမယ်ထင်ပါတယ်..သီတင်းကျွတ်လရောက်ပြီဆိုတာနဲ့..
ဘုရားဈေးတန်း တွေ စ ခင်းနေပြီ..နောက်..
လပြည့်နေ့ရောက်ဆိုရင်..ဆီးမီးတစ်ထောင်..ပန်းတစ်ထောင်ပူဇော်ဆပ်ကပ်တယ်..

လပြည်နေ့မတိုင်ခင်ကတိုင် ၀ိုင်းခြင်းပြိုင်ပွဲတွေ..နောက်..ဇာတ်ရုံတွေ...နဲ့..ပေါ့..

မှတ်မိသေးတယ်.ငယ်ငယ်က..အဘိုးနဲ့..ခြင်းဝိုင်းသွားကြည့်တာ..ရေခဲမုန့်စားချင်လို့အဖိုးကိုပူစာခဲ့မိတာတွေ..
နောက်...ခြင်းဝိုင်းဆိုအရမ်းဝါသနာပါတဲ့အဖိုးနဲ့သွားရတာက အရမ်းပြင်းဖို့ကောင်းတယ်ဗျ..သူကခြင်းဝိုင်းကြည့်နေတော့
ကျွန်တော့်မှာပြင်းပြင်းနဲ့..ထိုင်ငိုက်နေမိသေးတယ်ထင်တယ်..ဟဲဟဲ..(ငိုက်တာငယ်ငယ်ကတိုင်အကျင့်.. : ) )
နောက်..ခြောက်တန်းနှစ်လောက်က..ဖေဖေနဲ့မောင်နှမတတွေပေါ့..အဲနေ့မတိုင်ခင်တစ်ရက်..
ဖေဖေနဲ့မေမေရန်ဖြစ်လို့
အမေကအိမ်ပေါ်ကနေဆင်းသွားလေရဲ့..မကြာပါဘူး..သားသမီးများကလွမ်းလို့ပဲလိုက်ပို့သလိုလိုနဲ့.
နောက်တရက်လပြည့်နေမှာပဲ..ဖေဖေရယ်ညီမလေးရယ်မောင်နှမနှစ်ယောက်လက်ဆွဲပြီး..
ဖေဖေကဘုရားလိုက်ပို့တယ်..အပြန်ကျတော့.. ရုပ်ရှင်ကြည့်တယ်..ပြီးတော့မှ..ရုပ်ရှင်ကားမှာလည်းမှတ်မိသေးတယ်..လွင်မိုးကား.
ဟာသကားပဲဗျ..မောင်နှမနှစ်ယေက်ရယ်လိုက်တာ အူခွေ့နေတာပဲ..
အဲတုန်းကညီမလေးကငယ်ငယ်ဆိုတော့ညီမလေးတောင်စမိသေးတယ်..
ညီမလေး..ရုပ်ရှင်စက်ကဘယ်မှာလည်းလို့
သူကပြန်ဖြေတယ်..စက်ကစက်နေရာမှရှိမှာပေါ့..တဲ့..ဟဟဟဟဟ
ဘာထပ်ပြောရမယ်မသိတော့ဘူး..သူဖြေတာနဲ့..အဲလိုဗျ..သူကတော်တော်လည်တာဗျ..
နောက်..ညီမလေးက..အမေ့ကိုလွမ်းလို့လိုက်ပို့တာ ဆိုပြီး..ဟဲဟဲ..အဖေက
အမေ့နောက်လိုက်ပါလေရော..
မောင်နှမနှစ်ယောက်လက်မှာစွဲလို့..
ဟိုရောက်တော့..အမေက မူတာပေါ့.. တန်းမလိုက်ဘူး..အဲဒါနဲ့.အဖေလည်း ဘာမှမပြောပဲနဲ့..သားဖတစ်တွေ
ပြန်လာခဲ့တယ်..လမ်းမှာ..ရွာကားပျက်လို့အကြာကြီးပြင်နေရတာ...
အိမ်ရောက်တော့အမေကကြိုရောက်နေရော့...
သူကအဖေကိုမူပြီးနောက်မှလိုက်လာတာ..ကျွန်တော်တို့စီးလာတဲ့ကားကပျက်နေတော့
သူကအရင်ရောက်နဲ့ကော..
အခုတော့ပြန်တွေးရင်..ဟာသလေးပဲဗျာ..
 နောက်လူမှန်းသိတတ်စမှာ..အကိုတွေနဲ့သွားတယ်..လပြည့်နေပဲ..
အဲတုန်းက..အကို့သူငယ်ချင်းတွေမူးနေကြတာ..အဲဒါနဲ့ကောင်းကောင်တောင်မပျော်လိုက်ရပါဘူးဗျာ..
ဒီလိုနဲ့..ဆယ်တန်းနှစ်ရောက်တော့သူငယ်ချင်းတတွေသွားကြတယ်..
ဆယ်တန်းဆိုတဲ့အသိတစ်ခုကြောင့်ထင်တယ်ကောင်းကောင်းမပျော်ဖြစ်ကြဘူး..အဲတုန်းက..
ဒါပေမယ့်..မြသလွန်ဘုရားကိုတော့လပြည့်နေ့မှမဟုတ်ဘူး..ကျွန်တော်ကခနခနသွားဖြစ်တယ်.
စိတ်ညစ်တိုင်းမှာ..ငယ်ငယ်ကတဲ့ကတိုင်ဘုရားသွားပြီး..တရားထိုင်ဖြစ်တယ်..ဘယ်လိုထိုင်ရမယ်မှန်းမသိတော့
မေမေ သင်ပေးသလို့..လေ၀င်လေထွက်မှတ်တယ်..နောက်..
ဘုရားမြစ်ဘက်အခြမ်းက..ညောင်ပင်ကြီးအောက်မှာနေကြာစေ့ထုတ်ကိုင်ပြီးသွားထိုင်ဖြစ်တယ်..
အဲဒါကတော့အကိုကြီးမင်းအောင်နဲ့စထိုင်ဘူးတာ..
မကွေးမြေကိုနင်းမိတိုင်းမှာ
ရောက်တဲ့နေမှာပဲ..ဧရာဝတီမြစ်ကြီးနဲ့..ဘုရားကိုတော့မရောက်ရောက်အောင်သွားတယ်..
ဘာလို့လည်းဆိုတော့..မကွေးသာရောက်တာ..ဘုရားမရာက်သေးရင်..
မကွေးကိုပြန်မရောက်သေးသလိုခံစားရမှာဆိုးလို့..
ဒါကြောင့်ထင်တယ်..ကျန်တဲ့နေ့တွေတော့မသိသာပေမယ့်..
ကျွန်တော်လပြည့်နေရောက်တိုင်းတော့စိတ်ညစ်ရတယ်.
မြသလွန်ဘုရားသွားချင်တယ်..ဆယ်တန်းပြီးကတဲ့ကတိုင်မရောက်ဖြစ်တာ..အခုဆိုခြောက်နှစ်ပြည့်ပြီဗျာ..
 ဆယ်တန်းပြီးတော့ရန်ကုန်မှာ
ဗိုလ်သင်တန်းသွားဖြေတော့.ညပြည့်နေ့က...မှော်ဘီမှာ ဗိုလ်လောင်းလူတွေစစ်မေးတာ(OTT)
ပေါ့..အဲတုန်းကလည်းလွမ်းမိတာပဲ..အဲတုန်းကညတော်တော်နဲ့အိပ်မပျော်ဘူးမှတ်မိသေးတယ်..
ဘေးကသူငယ်ချင်းက.ဆောဘက်ကသူငယ်ချင်း..
အဲကောင်က ခြင်ထောင်မပါလို့..ကျွန်တော်ခြင်ထောင်ကလည်း.အဒေါ်ကထည့်ပေးလိုက်တာ
လေးယောက်အိပ်ခြင်ထောင်ကြီး..သူငယ်ချင်းတစ်တွေခြင်ထောင်မှာစုပြီးအိပ်တယ်..မှော်ဘီက..ခြင်တအားပေါ
ပါသကောဗျာ..နောက်
ပထမနှစ်က
လပြည့်နေရောက်တော့အိမ်ကိုပြန်ချင်တာရူးနေတာပဲ..
အဲဒါနဲ့ဘာလုပ်ရလည်းဆိုတော့..ရုပ်ပုံလေးထိုင်ဆွဲနေမိတယ်..
ဘုရားစောင်းတန်းလေးကိုမြစ်ဘက်ကနေကြည့်လိုက်ရင်မြင်ရတဲ့ပုံစံလေးနဲ့..ဘုရားခြေကလှေကားထစ်တွေ..
နောက်ဘုရားအောက်ခြေက မန်ကြီးပင်ကြီးရယ်ညောင်ပင်ရယ်...နောက်စောင်းတန်းက အခုတော့လူသွားလို့မရတဲ့စောင်းတန်း..(အဲစောင်းတန်းကမယ်သိလရင်ကျောင်းတွေဘက်ကနေသွားတဲ့စောင်းတန်း..အခုတော့ပိတ်ထားတယ်..)

နောက်ဒုတီယနှစ်မှာတော့..မှတ်မိသေးတယ်..ပြင်ဦးလွင်ကျောက်တောင်ဘုရားဆီမီးသွားထွန်းတာပါသွားတယ်.
နောက်..ဖိုင်နယ်ရီးယား...အဲတုန်းကလည်းမထူးပါဘူး..ပြင်ဦးလွင်မှာပဲ..
နောက်ကျောင်ဆင်းတော့
ပြင်ဦးလွင်မြို့အ၀င် မင်းသုံးပါး နားက..မြက်ခင်းပြင်မှာသူငယ်ချင်းတစ်တွေအရက်ထိုင်
သောက်ပြစ်လိုက်တယ်..
နောက်တော့..မနှစ်ကဒီရောက်ခါစ  နယ်သားတွေကိုတောင်လိုက်စမိသေးတယ်..မနှစ်က.ဘုရားပွဲမှာဒီအချိန်ဆို.စီမီးထွန်းနေပြီပေါ့ကွာလို့.
..ဘာမှတော့မဟုတ်ပေမယ့်..မကွေးကိုတော့လွမ်းတယ်..
မနက်ကဆရာလာသွားတယ်.ဆရာ.
ဘုရားမသွားဘူးလားလို့မေးတော့..သွားမှာပေါ့ကွာတဲ့..ဒီနေ့ဆီးမီတစ်ထောင်ရှိတယ်လေ..တဲ့
ဟုတ်ကဲ့လို့..ညပိုင်းတော့မသွားနဲ့..လူများတယ်ပြောတော့..မိန်းမတော့ခေါ်မသွားဘူးတဲ့
ငါပဲသွားမယ်တဲ့ ရယ်ကြဲကြဲနဲ့......နောက်..စောနက.ညီလေးတစ်ယောက်ကပြောတယ်..
မီးပုံးပြန်တောင်မလွတ်နိုင်တဲ့ဘ၀တဲ့..မင်းလွတ်မလားလို့..အကိုလုပ်ပေးမယ်.လို့
ရဲဖမ်းရင်တော့အကိုနဲ့ဆိုင်ဘူးနော်..လို့..ပြောတော့..ဒီကောင်ကရယ်ပါတယ်..
ဒီနိုင်ငံက..လေတအားတိုက်တော့..လွတ်ဖို့လည်းမလွယ်ပါဘူး...စလိုက်တာပါ..
အော်မေ့လို့..သတင်းကျွတ်မှာဆိုရင်..အညာသူအညာသားတွေဟာ..အိမ်ရှေ့မှာမီးပုန်းတော့မချိတ်ပေမယ့်..
အိမ်ရှေ့မှာ..ဖရောင်တိုင်ကို..၀ရန်တာမှာတန်းစီထွန်းတယ်..နောက်..အိမ်အ၀င်ဝ..တခါးတွေမှာထွန်းတတ်တယ်..
ရွာမှာဆိုရင်..စသလွန်လို့ခေါ်တဲ့..မြသလွန်အရင်ဦးဆုံးဌာပနာတဲ့..ဘုရား(ကျွန်တော်တို့ရွာနားမှာပါ..)
ကိုဆီးမီးတစ်ထောင်သွားထွန်းကြဘူးတယ်...အဲဒါကိုအားကျလို့..အခုပဲထွန်းလိုက်ဦးမယ်ဗျာ..ဘုရားမီး.ဒါတောင်.
မှပဲ..အပေါ်ကမျက်နှက်ကြပ်နဲ့..ဘုရားစင်က..ဘာမှကွာတော့..ထွန်းရတာမလွတ်လပ်ဘူးဗျာ..
ဖရောင်းတိုင်ကိုဖြတ်ထွန်းလိုက်တယ်..အခုအချိန်မှာ..
ဘာမှတော့မဟုတ်ပေမယ့်..မကွေးဘုရားပွဲကိုတော့..ခနဖြစ်ဖြစ်ပြန်ချင်သားလား.ဗျာ...
0

မြန်မာ့လွတ်လပ်ရေးအတွက်တာဝန်ကျေပြွန်ခဲ့ကြတဲ့ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ အကျဉ်း


ဗိုလ်ချုပ်အောင်ဆန်း(ခ)ဗိုလ်တေဇ(၁၉၁၅-၁၉၄၇)

သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့ အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄၀ မတ်လ အတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက် ခဲ့သည်။ သခင် အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့ အစိုးရကို ဆန့်ကျင် ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇဝတ်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄၀ သြဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက် အားဖြင့် မောင်းထုတ် နိုင်ရန် အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စား ထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင် နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ် ဆောင်ရွက် ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ် ရကာ ဂျပန် နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်း တရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်း စီမံကိန်း အရ မြန်မာပြည် အတွင်းမှ မျိုးချစ် လူငယ်များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစုသည် ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ် လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များနှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။
ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ အင်အား ကြီးထွားပြီး ဗရမ်းဗတာ ဖြစ်လာသော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အင်အား လျော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း သည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု၊ စက်တင်ဘာလတွင် သူနာပြု ဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေး သမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံ သဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ သြဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက် ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့ တပ်မတော်ကို ဂန္ဒီ စာချုပ် အရ ဆက်လက် ဖွဲ့စည်း တည်ထောင် ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။
သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် သေနတ်ဒဏ်ရာ ၁၃ ချက်ဖြင့် ကျဆုံးခဲ့ရသည်။ ကျဆုံးချိန်တွင် သား အောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် သမီး အောင်ဆန်းစုကြည်တို့ ကျန်ရစ်သည်။


သခင်မြ(၁၈၉၇-၁၉၄၇)

သခင် မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီး အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။
ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ နှမ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာ ခဲ့သည်။ သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ဗသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသော အခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော 'ကိုယ်မင်း ကိုယ်ချင်း အဖွဲ့' ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်း အဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင် အမတ် တဦးလည်း ဖြစ်သည်။
ပြည်သူ့ အရေးတော်ပုံ ပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ် အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယ ဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသော အခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီစား ဥပဒေ ဋီကာ ကိုလည်း ရေးသား ခဲ့သေးသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာ သူတို့ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် သေနတ်ဒဏ်ရာ ၂ ချက်ဖြင့် ကျဆုံးခဲ့ရသည်။ ကျဆုံးချိန်တွင် ဇနီး ဒေါ်ခင်ညွန့် ကျန်ရစ်သည်။
▪ - ¤ - ▪


ဒီးဒုတ်ဦးဘချို(၁၈၉၃-၁၉၄၇)

ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာ ဆေးဆရာကြီး ဦးဘိုးစာနှင့် အမိ ဒေါ်မြစ် တို့မှ ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁၀ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှု ထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရ ဝန်ထမ်းမှ ထွက်ပြီး အမျိုးသား ကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် 'မြန်မာ့ ရီဗျူးဂျာနယ်' ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် 'ဒီးဒုတ် ဂျာနယ်' ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။
ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိ စာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ ကဗျာ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် 'ဂီတဝိသော ဓနိ' ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ မြန်မာ နိုင်ငံ စာရေး ဆရာ အသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။ စာရေး ဆရာ အသင်း နယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။
၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံခံရကာ၊ သေနတ်ကျည်ဆံ ၅ ချက် ထိမှန်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်လှမေနှင့် သမီး မခင်နု၊ မခင်ပု၊ မေမေခင်၊ ခင်ခင်ဦးတို့ ကျန်ရစ်သည်။


ဦးရာဇတ်(၁၈၉၈-၁၉၄၇)

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျား ကလေး ကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူး တို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။
၁၉၂၁ ခုတွင် မန္တလေး ဗဟို အမျိုးသား အထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ် ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြ ဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည် ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ် ဆရာကြီး အဖြစ် ထမ်းရွက် ခဲ့သည်။ ဗဟို အမျိုးသား အထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာ သင်ပေး ရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ အမျိုးသား ကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ မြန်မာ - မွတ်စလင် အသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီး အဖြစ် တာဝန် ယူနေစဉ် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာသူ တို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် သေနတ်ဒဏ်ရာ ၆ ချက်ဖြင့် ကျဆုံးခဲ့ရသည်။ ကျဆုံးချိန်တွင် ဇနီး ဒေါ်ခင်ခင်နှင့် သား မောင်တင်မြင့်၊ သမီး ခင်ခင်စိန်၊ သား မောင်လှကြည်တို့ ကျန်ရစ်သည်။


မန်းဘခိုင်(၁၉၀၃-၁၉၄၇)

ကရင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတ မြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင် ဘာသာ သင်ကျောင်း တကျောင်းကို ဦးစီး ဖွင့်လှစ် ခဲ့သူ တဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ် တော်လှန်ရေး တွင်လည်း ပါဝင် ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟို အမှုဆောင် လူကြီး တဦး ဖြစ်လာသည်။ ကရင် လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှု လက်မှုနှင့် အလုပ်သမား ဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်အတူ လုပ်ကြံခံရ၍ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် သေနတ်ဒဏ်ရာ ၁၅ ချက်ဖြင့် ကျဆုံးခဲ့ရသည်။


မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း(၁၉၀၇-၁၉၄၇)

မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉၀၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္တလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့်အတူ လုပ်ကြံခံရကာ ပြီး၊ သေနတ်ကျည်ဆံ ၂ ချက် ထိမှန်ခဲ့ပြီး၊ ဇူလိုင်လ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သမီး စဝ်သုနန္ဒာ၊ သား စဝ်ဆေဟုန်၊ သား စဝ်ကိုင်ဖ၊ သမီး စဝ်မြင့်ကြည်တို့ ကျန်ရစ်သည်။


ဦးဘဝင်း(၁၉၀၁-၁၉၄၇)

နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် သေနတ်ဒဏ်ရာ ၈ ချက်ဖြင့် ကျဆုံးခဲ့ရသည်။ ကျဆုံးချိန်တွင် ဇနီး ဒေါ်ခင်စောနှင့် သမီး မတင်လှဝင်း၊ သား မောင်စောဝင်း၊ မောင်အေးဝင်း၊ သမီး မခင်မြဝင်း၊ သား မောင်စိန်ဝင်း၊ မောင်ထွေးဝင်းတို့ ကျန်ရစ်သည်။


ဦးအုန်းမောင်(၁၉၁၃-၁၉၄၇)

ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် သေနတ်ဒဏ်ရာ ၁ ချက်ဖြင့် ကျဆုံးခဲ့ရသည်။ ကျဆုံးချိန်တွင် ဇနီး ဒေါ်သိန့်းကယ်နှင့် သား ကိုတင်မောင်သိန်း၊ ကိုကိုလှ၊ မောင်မင်းမြင့်တို့ ကျန်ရစ်သည်။


ကိုထွေး(၁၉၂၉-၁၉၄၇)

မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ မူဆလင်ဘာသာဝင် တဦး ဖြစ်သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် သေနတ်ဒဏ်ရာ ၄ ချက် ထိမှန်ကာ ကျဆုံးခဲ့ရသည်။

-----------------------------------------
ကိုးကား-
(၁) စစ်ပြန်မဂ္ဂဇင်း။ ၁၉၈၀ ပြည့်နှစ်၊ ဇူလိုင်လ၊ အမှတ် (၂၂) မှ မှူးသက်ရှည်၏ "ဇူလိုင် ၁၉ နှင့် သူတို့ ၉ ဦး" (သမိုင်းတကွေ့ မှတ်တမ်း)။
(၂) ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန် - မြဟန်၊ ၁၉၉၉ တတိယ အကြိမ်ထုတ်၊ တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်း။
(၃) ၁၉၆၀ ခုနှစ်ထုတ်၊ သမဂ္ဂ အိုးဝေ နှစ်လည် စာစောင်။
(၄) အာဇာနည်နေ့ တို့မမေ၊ ကြည်လွင်၊ မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ အမှတ် (၁၅)၊ ဇူလိုင်လ၊ ၂၀၁၀၊ နှာ ၉၆-၉၉။
ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ
(၁၉၁၅-၁၉၄၇)
ဦးဘဝင်း
(၁၉၀၁-၁၉၄၇)
ဒီးဒုတ်ဦးဘချို
(၁၈၉၃-၁၉၄၇)
မန်းဘခိုင်
(၁၉၀၃-၁၉၄၇)
သခင်မြ
(၁၈၉၇-၁၉၄၇)
မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း
(၁၉၀၇-၁၉၄၇)
ဦးရာဇတ်
(၁၈၉၈-၁၉၄၇)
ဦးအုန်းမောင်
(၁၉၁၃-၁၉၄၇)
ကိုထွေး
(၁၉၂၉-၁၉၄၇)
0

တခါကကဗျာလေးတစ်ပုဒ်


ချစ်သူ မရှိတဲ့ည

ကဗျာမဆန်ပုံများ

လမင်းကြီးဘေး ကြယ်လေးတွေမရှိသလို

ကာရံမဲ့နေလိုက်တာ

ပိုပြီးတောင် လွမ်းစရာကောင်းနေတယ်…..

ခွဲခဲ့ကြရပြန်ပြီနော်

ပြန်ဆုံတွေ့ဖို့ မသေချာပေမဲ့

ရင်ထဲက အချစ်တွေက

ဟောင်းမသွားဘူး ဆိုတာတော့

မင်းသိသွားဖို့ ကောင်တယ်…..

မျှော်လင့်ချက်တွေ အများကြီးမထားဖို့

ပြောရက်တဲ့ ချစ်သူရယ်

မင်းမေ့နေပြီလား

လူဆိုတာ မျှော်လင့်ချက်တွေနှင့်

ရှင်သန်နေတဲ့ အကြောင်း…….

ခြွင်းချက် အနေနှင့်

ငါ့ အချစ်စစ်မှန်ခဲ့ရင်

မင်းနှင့် ပြန်ဆုံတွေ့ခွင် ရဖို့လေတော့

ငါ့ကို မျှော်လင့် စောင့်စားခွင့်ပေးပါ…..

အဲဒါကလည်း

မင်းနှင့် ပတ်သက်တဲ့

ရယူလိုမှု ပိုင်ဆိုင်လိုမှု ကင်းတဲ့

ငါ့ အတ္တ အဖြူထည်လေး အတွက်

ဖြေသိမ့်မှုလေး တစ်ခုတော့

ဖြစ်တန်ကောင်းပါရဲ့…..
(ဘယ်သူရေးထားတာလည်းတော့မသိပေမယ့်..ကြိုက်လိုတင်ထားလိုက်တာပါ..)

Wednesday, 20 October 2010

0

တောင်းပန်ပါတယ်..ကွာ..ထပ်ပြီးမလိမ်ပါနဲ့တော့..


သွားပေဦးပေါ့..
တွေးလိုက်တိုင်း
ငါ့နုတ်ခမ်းငါ...
သွေးထွက်အောင်
ကိုက်ပြစ်တယ်...
မင်းလည်းမမှား
ငါလည်းမမှားပဲနဲ့
အမှန်တရားက.
ဘာလို့ဖုန်းကွယ်ထားရလည်း..
တခါတလေကျတော့..
လူတစ်ယောက်အတွက်.
အမှန်တရားတစ်ခုကိုသိချင်တယ်..
သိခွင့်လည်းရချင်တယ်..
ထားလိုက်ပါ..
အခုအချိန်မှအမှန်တရားဆိုရင်လည်း..
ဟန်ဆောင်ဖုန်းကွယ်မူတွေပြည်လျှံနေတဲ့
အမှန်တရားတပုဒ်ပဲဖြစ်မှာပါ..
အဲတော့..ငါဆုံးဖြတ်လိုက်တယ်..
ဘယ်တော့မှလည်းသိခွင့်မရချင်တော့ဘူး..
သူများလိမ်ခံရတာထက်စာရင်တော့..
မသိတာကပိုကောင်းမှာပါ..
တောင်းပန်ပါတယ်ကွာ..
ငါကိုထပ်ပြီးမလိမ်ပါနဲ့တော့.

Sunday, 17 October 2010

0

လူငယ်တိုင်းဖတ်စေချင်သော..ဆောင်းပါးလေးပါ...


မဲပေးနိုင်သူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိသော အသက် ၃၈ နှစ်အောက် လူငယ်များ တွေဝေနေသူ အချို့ရှိသော်လည်း ပထမဆုံးအကြိမ် မဲပေး ဖို့ လေ့လာနေကြပြီ PDF Print E-mail








၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။ ရွေးကောက်ပွဲတွင်
မဲပေးနိုင်သူဦးရေ ၄၀ ရာခိုင်နှုန်းခန့်ရှိသော အသက် ၃၈ နှစ်အောက်
လူငယ်များတွေဝေနေသူ အချို့ရှိသော်လည်း ပထမဆုံးအကြိမ် မဲပေးရန်အတွက်
လေ့လာနေကြပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။


၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလက အသက် ၁၈ နှစ်မပြည့်၍ မဲပေးခွင့်မရခဲ့သော လူငယ်လူရွယ် များအတွက် ယခု ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ၎င်းတို့အတွက်
နှစ်ပေါင်း ၂၀အတွင်း ပထမဆုံးမဲပေး ခွင့်ရမည့် အခွင့်အရေးတစ်ခုပင်ဖြစ်သည်။
ထို့အတွက်ရန်ကုန်၊ မန္တလေး မြို့ကြီးများရှိ လူငယ်များအပါအ၀င်
နယ်မြို့အချို့မှ လူငယ်များအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးရန်
လေ့လာနေကြကြောင်း နယ်ပယ်စုံမှ လူငယ်များ ၏ပြောကြားချက်များအရ သိရသည်။


"ကျွန်တော်ကတော့ အခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေး သွားမှာပါ။ ရွေးကောက်ပွဲပြီးရင် နိုင်ငံရဲ့အနေအထားက ပိုပြီးကောင်းလာမယ် ထင်လို့ပါ။
တစ်ယောက်ထဲ က ဆုံးဖြတ်တာထက်စာရင် အများစု နဲ့ မဲခွဲဆုံးဖြတ်တာက
ပိုကောင်းမယ်လို့ ယုံကြည်တဲ့အတွက်ပါ။ ကျွန်တော်နဲ့ ရွယ်တူတွေကတော့
ရွေးကောက်ပွဲပေါ်မှာ စိတ်ဝင်စားကြပါတယ်။ ဒါပေမယ့်လို့ တချို့ကယုံကြည်မှု
သိပ်မရှိဘူး။ သေသေချာချာ ရှင်းလင်း ပြောပြနိုင်မယ်ဆိုရင်တော့ နားလည်
ယုံကြည်လာကြလိမ့်မယ်လို့ ထင်ပါတယ်" ဟုရန်ကုန်မြို့မှ ကိုမင်းအောင် (၂၈
နှစ်) က ပြောကြားခဲ့သည်။


"ဆန္ဒမဲပေးဖို့ပေးမယ့် ပါတီရဲ့ အဓိကရည်ရွယ်ချက် လုပ်ဆောင်ချက် တွေကို သေချာလေ့လာဖို့လိုသလို ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေရဲ့ နောက်ကြောင်း
ရာဇ၀င်ဆောင်ရွက်ချက်တွေကို လေ့ လာနေပါတယ်"ဟု မုံရွာမြို့ဒေါနခြံရပ်ကွက်တွင်
နေထိုင်သော မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားဟောင်း ကိုရန်နောင်စိုးက
ပြောပါသည်။


လူငယ်တွေမှာ နိုင်ငံရေးနဲ့ ပတ်သက်မိလို့ရှိရင် အလုပ်အကိုင် အခွင့်အလမ်းတွေမှာ ပိတ်နိုင်တယ်ဆိုတဲ့ အတွေးတွေကလည်း ရှိနေတော့ နိုင်ငံရေးနဲ့
ပတ်သက်ပေမယ့်လည်း သူတို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းကို
မထိခိုက်ပါဘူးဆိုတဲ့ အာမခံမှုမျိုးကိုပေးနိုင်ဖို့ အရေးကြီးတယ်။
ဒီလိုသာလုပ်နိုင်မယ်ဆိုရင် ဒီရက်ပိုင်းအတွင်းမှာတောင် အခြေအနေ
ကောင်းသွားနိုင်တယ် ...


"အခုမဲပေးရမယ်ဆိုတော့ ကျွန်တော်တို့အိမ်က ဆုံးဖြတ်တဲ့အတိုင်း ကျွန်တော် ထည့်ဖြစ်လိမ့်မယ်။ ကျွန်တော့်အနေနဲ့လည်း ဒီရွေးကောက်ပွဲက ပထမဦးဆုံး
အတွေ့အကြုံ ဖြစ်သလို ကျွန်တော်တို့တွေ စိတ်ဝင်စားလာအောင်
တွန်းအားပေးတဲ့အရာကလည်း ကိုယ်ကိုယ်တိုင် စာတွေဖတ်လို့သာ အနည်းအကျဉ်းလောက်ပဲ
သိလာရတာပါ"ဟု အသက် ၁၉ နှစ် အရွယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်
ကျောင်းသားတစ်ဦးက ပြောပါသည်။


"ကျွန်တော် မဲထည့်ဖြစ်မှာပါ။ ဘယ်သူ့ကို မဲပေးမှာလည်း ဆိုရင်တော့ အခုထိ မစဉ်းစားရသေးပါဘူး။ ရွေးကောက်ပွဲလုပ်ဖို့ အခုဆိုရက် ၂၀ လောက်ပဲ လိုပါတော့တယ်။
ကျွန်တော်တို့အနေနဲ့ကတော့ ဂျာနယ်တွေဖတ်လို့ သတင်းအချက်အလက် သိရပြီး
ဘယ်မြို့နယ်မှာ ဘယ်အမတ်လောင်း အရွေးခံမလဲဆိုတာ သိပေမယ့် နေရာအများစုမှာတော့
အခုထိ ဘယ်သူ့ကို မဲပေးရမလဲဆိုတာ မသိကြဘူး။ ကျွန်တော်တို့
နိုင်ငံမှာသူများနဲ့ မတူတဲ့ အဓိကပြဿနာက Voter Education Lack
ဖြစ်နေတာပါပဲ။ နိုင်ငံရေးကို စိတ်ဝင်စားလာကြလို့ တော်တော်များများ
လေ့လာလာပြီး မဲပေးဖို့လုပ်နေတဲ့ သူဟာလည်း ဂျာနယ်တွေနဲ့လက်လှမ်းမီပြီး
ဝယ်ဖတ်နိုင်တဲ့ သူမျိုးတွေသာဖြစ်ကြ မှာပါ"ဟု ကိုဇော်မင်းထွန်း
မန်နေးဂျင်းဒါရိုက်တာ Tip-Top Education က ပြောပါသည်။


"ပထမတစ်ခေါက် မဲပေးတုန်း ကမီခဲ့ပါတယ်။ အဲဒီတုန်းက လူတွေ က အခုအချိန်ထက်စာရင် မဲပေးဖို့ရော၊ ရွေးချယ်ဖို့အတွက်ရော
တော်တော်လေးတက်ကြွနေတာကို မြင်ခဲ့ရတယ်။ အခုချိန်မှာတော့ တခြားလူတော့
မပြောတတ်ဘူး။ ကျွန်တော် အနေနဲ့ဆိုရင် မဲပေးရမယ့်လူတွေရဲ့
နိုင်ငံရေးလုပ်ဆောင်ချက်တွေ၊ ပေးထားတဲ့ကတိတွေအပေါ် လုပ်နိုင်မလုပ်နိုင်
လေ့လာနေပါတယ်"ဟု မြန်မာ ဟစ်ဟော့ပ်သမိုင်း၏ ပထမမျိုးဆက် တစ်ဦးဖြစ်သူ အနဂ္ဂက
ပြောပါသည်။


"ကျွန်တော်က သေချာပေါက်ကို သွားပြီး မဲပေးမှာပါ။ ကိုယ်ပေးရမယ့်ပါတီကို စိတ်ထဲမှာရှိပါတယ်။ အခုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း စိတ်ဝင်စားတယ်။ ပြီးရင် ၀ုန်းကနဲကြီး အပြောင်းအလဲမျိုး မဖြစ်ပေမယ့်
တဖြည်းဖြည်းချင်း ပြောင်းလဲမှုကို လုပ်သွားနိုင်မယ် ထင်ပါတယ်"ဟု အသက် ၂၆
နှစ် အရွယ်ရှိလူငယ် ဟစ်ဟော့ပ်အဆိုတော် ရသက ပြောပါသည်။


ရွေးကောက်ပွဲနှင့် မဲပေးရန် စိတ်ဝင်စားသော်လည်း မဲပေးပုံ မဲပေးနည်းစနစ်ကို နားမလည်သူများလည်း ရှိနေကြောင်းသိရသည်။ ယင်းအတွက် ရွေးကောက်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်သွားမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏
မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် မိမိကိုမဲထည့်ရန် စည်းရုံးသည်ထက်
မဲပေးပုံမဲပေးနည်းစနစ်ကို အရင်ဦးဆုံး ရှင်းလင်းပြောပြရကြောင်း
ရွေးကောက်ပွဲဝင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ပြောပြချက်အရ
သိရပါသည်။


ထို့ပြင် မိမိမဲပေးရမည့် မဲဆန္ဒ နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း မည်သူမည်ဝါဖြစ်သည်ကို မသိရှိသေးသည့် မဲဆန္ဒရှင်အများစု ရှိနေသေးသည်ကို တွေ့ရှိရပြီး နိုင်ငံရေး
စိတ်ပါဝင်စားသူအချို့သာ မိမိ ရွေးချယ်မဲပေးရမည့်
လွှတ်တော်ကိုယ်စားလှယ်လောင်းများကို သိရှိကာ မဲပေးနိုင်သူစာရင်းတွင်
မိမိအမည် ပါ၊ မပါ ကြည့်ရှုအရေအတွက်မှာမူ နည်းနေသေးကြောင်း သိရသည်။


"ဖွေးဖွေးက အခုရွေးကောက် ပွဲနဲ့ပတ်သက်လို့တော့ ဘာမှသေချာ နားမလည်ဘူး။ ဒါပေမယ့် ဒါက ဖွေးအတွက် ပထမဆုံးကြုံတွေ့ရတဲ့ ရွေးကောက်ပွဲပါ။ ဒါကြောင့်
အများနည်းတူပဲ မဲပေးဖြစ်မှာပါ"ဟု အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်သရုပ်ဆောင်
ဖွေးဖွေးက ပြောကြားခဲ့ သည်။


"မဲတော့သွားပေးပါမယ်။ အဲဒီအတွက် အခုထုတ်လွှင့်နေတဲ့ မဲဆွယ် အစီအစဉ်တွေကို နားထောင်တယ်။ စာစောင်တွေ ဖတ်ကြည့်နေတယ်။ ရွေးကောက်ပွဲကို စိတ်ဝင်စားတယ်။ ဘာပဲဖြစ်ဖြစ်
ထိုင်နေတာထက်စာရင် ထကြည့်လိုက်တော့ တစ်ခုခုတော့ ဖြစ်လာနိုင်လိမ့်မယ့်လို့
မျှော်လင့်ပါတယ်"ဟု ဟစ်ဟော့ပ်အဆိုရှင် ထိန်ဝင်းက ပြောပါသည်။


ရန်ရန်ချမ်းကလည်း "မဲပေးတာမျိုးကို တစ်ခါမှမကြုံဖူးသေးပါဘူး။ အရမ်းကြီး စိတ်ဝင်စားတယ် မဟုတ်ပေမယ့်လည်း ဘယ်လိုဖြစ်လာမယ်ဆိုတာကို သိချင်တယ်။
ကိုယ်တိုင်မဲထည့်ဖို့နဲ့ ပတ်သက်ပြီး လတ်တလောအနေနဲ့ ဘာမှပြောလို့ မရသေးဘူး။
ဘာလို့လဲဆိုတော့ မဲထည့်ဖို့အတွက် ဘယ်သူကိုယုံရမလဲ၊ ဘယ်သူ့ကိုထည့်ရမလဲဆိုတာ
မသိသေးတဲ့အတွက်ပါ"ဟု ဆိုပါသည်။


အဆိုတော် ဂျောက်ဂျက်ကလည်း "မဲတော့ သွားပေးမှာပါ။ ဘယ်ပါတီကို ပေးရမလဲဆိုတာတော့ မဆုံးဖြတ်ရသေးဘူး"ဟုပြောပါသည်။


"ကျွန်တော်တို့လို့ မဲပေးဖို့ အသက်ပြည့်မီတဲ့ လူငယ်တော်တော် များများက နားမလည်တဲ့သူတွေ များတယ်။ ဒါပေမယ့် အခုတော့လေ့လာဆဲဖြစ်တာမို့ မဲပေးမယ်၊
မပေးဘူးဆိုတာ အတပ်ပြောလို့ မရသေးပါဘူး"ဟု နေပြည်တော်ပျဉ်းမနားမှ
ဥပဒေကျောင်းသား ကိုအောင်ဇော်ထူး က ပြောပြပါသည်။


"ကျွန်တော်ကတော့ မဲပေးဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မဲတစ်မဲကို ဟိုရောက်၊ ဒီရောက် နဲ့ အလဟဿဖြစ်သွားမှာ
ဆိုးတာကြောင့်ပါ" ဟု နေပြည်တော်ရှိ လူငယ်ဆရာဝန် တစ်ဦးကလည်း ပြောပြသည်။


မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ အနက်မှ လူငယ်မဲဆန္ဒရှင် အရေအတွက်၏ ထက်ဝက်ကျော်မှာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် အတွက်
စိတ်ဝင်တစားလေ့လာမှု များ ရှိနေသော်လည်း မဲပေးရန်စိတ်ဝင်စားမှုမရှိသည့်
လူငယ်များလည်း ရှိနေကြောင်းသိရပါသည်။


"ကျွန်တော်တို့ကတော့ ၁၉၉၀ ရွေးကောက်ပွဲကို လည်း မမီဘူး၊ ၈၈ ကိုလည်း ဘာမှ မသိလိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဒီမှာ အလုပ်ကိုင်အခွင့်လမ်းတွေ
ဘယ်လောက်ရရှိလာနိုင်မလဲ ကိုယ်ရထားတဲ့ဘွဲ့နဲ့ ကိုယ်လုပ်ကိုင်ရမယ့် အလုပ်တွေ
ဘယ်လိုဆက်စပ်မှုရှိ အောင်လုပ်ပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။ ဖွဲ့စည်းပုံတွေ၊
မူတွေကို ဘာမှမသိပေမယ့် အပြောနဲ့ လက်တွေ့ဖြစ်မယ့် လူကိုပဲလိုတယ်။
ကိုယ့်အတွက်လုပ်နေပြီး ဒီဒေသအတွက် ဘာတွေလုပ်နေတယ်၊ ဘာတွေစီမံချက်ချထားတယ်၊
အလုပ်ကိုင်တွေ ဖန်တီးပေးမယ်စသဖြင့် ပြောနေတိုင်း မယုံပါဘူး။ ဒါတွေက
အစိုးရတိုင်း လုပ်ပေးမယ့်အရာတွေပဲ။ အဓိကအချက်ကို ပြောနေကြတယ်လို့ မယူဆ
ပါဘူး။ သိပ်ပြီးမရှင်းတဲ့အတွက် စိတ်မ၀င်စားဘူးလို့ပဲ ပြောချင်ပါတယ်"ဟု
မြိတ်မြို့မှ လူငယ်တစ်ဦး က ပြောပါသည်။


"တိုင်းပြည်ကို ဘယ်သူကသာ ဒီလိုအခြေနေကနေ ဆွဲထုတ်သွားနိုင်မယ်ဆိုတာ ကျွန်တော်တို့ ရွေးချယ်ထားပြီးသားပါ။ ကျွန်တော်တို့ကတော့ ရင်ထဲကရှိပြီး သားလူကလွဲပြီး
ဘယ်သူ့ကိုမှအားထားနိုင်မှာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် ရွေးကောက်ပွဲကို
သိပ်ပြီး ထွေထွေထူထူး စဉ်းစားနေဖို့ မလိုအပ်ဘူးလို့ယူဆပါတယ်"ဟု
နိုင်ငံရေးနှင့် စီးပွားရေး စိတ်ဝင်စားသူ လူငယ်တစ်ဦးကပြော ပြသည်။


"ပေး မပေး ဆိုတာကတော့ မသေချာသေးဘူး။ အဓိကကတော့ ရှိနေတဲ့အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး ဆုံးဖြတ်ရမှာပါပဲ။ ရွေးကောက်ပွဲနဲ့
ပတ်သက်တာတွေကတော့ အလုပ်ကလည်း မအားတာနဲ့ ဘာမှ သေချာမလေ့လာဖြစ်ဘူး။ အဓိကတော့
တစ်ဦးချင်းတစ်ယောက်ချင်းနဲ့ပဲ အကောင်းဆုံးဖြစ်အောင် ရွေးချယ်ဖို့လိုမယ်
ထင်တယ်။ အဓိကတော့ လူညီမှဖြစ်မှာလေ။ ဒါကြောင့် တစ်ဦးချင်းက
ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားတာ က နိုင်ငံအရေးကို
စိတ်ပါဝင်စားတာနဲ့ အတူတူပဲလို့ ကျွန်တော့်အနေနဲ့တော့ ယူဆပါတယ်"ဟု
လူငယ်သရုပ်ဆောင် တစ်ဦးဖြစ်သည့်နေတိုး က ဆိုပါသည်။


"အခုလုပ်မယ့် ရွေးကောက်ပွဲ က ကျွန်တော့်အတွက် ပထမဆုံးကြုံ တွေ့ရမယ့် ရွေးကောက်ပွဲပါ။ ကိုယ်ကောင်းမယ်ထင်တာ ကိုယ်ရွေးကြမှာပါပဲ။
ကျွန်တော့်အမြင်ကတော့ ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံရဲ့အရေးကို
စိတ်ဝင်စားရမယ်။ စိတ်မ၀င်စားဘူး ဆိုရင်တောင် အကြမ်းဖျင်းတော့ တီးမိခေါက်မိ
ရှိရမှာပေါ့။ စိတ်မ၀င်စားဘူးဆိုတာကလည်း လူတစ်ဦးချင်းရဲ့
လှုပ်ရှားရုန်းကန်ရတာ တွေ၊ အခက်အခဲတွေ အများကြီး တွေ့ကြုံခံစားနေရတဲ့
အခါကျတော့ နိုင်ငံရေးဆိုတာကို သိပ်စိတ်မ၀င်စားနိုင်ကြတာ သဘာဝကျပါတယ်။
ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်ရဲ့ အပြောင်းအလဲတစ်ခုဖြစ်တဲ့
ရွေးကောက်ပွဲမှာ ရွေးချယ်ခွင့်ဆိုတာ ကိုယ့်လက်ထဲမှာ ရှိနေကြပြီ။
အကောင်းဆုံးတော့ ရွေးချယ်တတ်စေချင်တယ်လို့ပဲ ပြောချင်ပါတယ်"ဟု
ကျော်ကျော်ဗိုလ်က သူ့၏အမြင်အား ပြောကြားခဲ့သည်။
လာမည့်ရွေးကောက်ပွဲတွင် လူ ငယ်များအနေဖြင့် မဲပေးရေး၊ မပေးရေးကို
လေ့လာဆန်းစစ်သူများ၊ စိတ်မ၀င်စားသူများ ရှိနေသော်လည်း အပြောင်းအလဲနှင့်
တိုးတက်မှုကို လိုလားသော လူငယ်အချို့ကမူ မိမိတို့၏သဘောဆန္ဒများကို သက်ဆိုင်ရာ
နယ်ပယ်အသီးသီး၌ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုမှုများ ရှိနေကြပါသည်။


"တိုင်းပြည် အတွက် ကျွန်တော်တို့ လူငယ်တွေရဲ့ဆန္ဒကတော့ ကျွန်တော်တို့ နောက်ထပ် အနှစ် ၂၀ ထပ် မစောင့်ချင်တော့ဘူး။ အပြောင်းအလဲဆိုတာ ဘာလဲ။
မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ်ဆိုတာထက် စမ်းကြည့်ချင်တယ်။ မဲပေးပြီး
စမ်းကြည့်ချင်တယ်"ဟု Eleven Media Group ၏ အကြီးတန်းအယ်ဒီတာ
ကိုနေထွန်းနိုင်က ပြောပါသည်။


"အလုပ်တစ်ခု လုပ်တော့မယ့် အခါ မလုပ်သင့်ဘူးလို့ လူကြီးတွေ က ကျွန်တော်တို့ကိုတားမယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတဲ့ Alternative way တစ်ခုတော့ပေးရမယ်။ ဒီလိုမှ မဟုတ်ရင်
Alternative way မပေး ဘဲနဲ့မလုပ်သင့်ဘူးလို့ ဇွတ်ပြောနေတဲ့လူကြီးတွေကို
ကျွန်တော်တို့ ယုံကြည်မှာ မဟုတ်ဘူး"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။


ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမှာ ယခင်အချိန်များကထက် တိုးတက်မှုရှိလာခဲ့ကြောင်း ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်
လွှတ်တော် ကိုယ်စားလှယ်လောင်း အချို့ကလည်း ပြောဆိုကြပါသည်။ ရွေးကောက်ပွဲသည်
လူကြီးများအကြား ဆွေးနွေးမှုအသွင်အဖြစ် တဖြည်းဖြည်းပြောင်းလဲလာပြီး
လက်တွေ့လုပ်ဆောင်မှုအပိုင်းများတွင်မူ လူငယ်များ ကပါဝင်လာခဲ့ကြောင်း
သိရပါသည်။


"လူငယ်တွေရဲ့ ရွေးကောက်ပွဲ အပေါ် စိတ်ပါဝင်စားမှုကတော့ နည်းနည်းတိုးလာပါပြီ။ ဒါပေမယ့်လို့ လိုချင်တဲ့အနေအထားတော့ မရောက်သေးပါဘူး။ နောက်ပြီး လူကြီးတွေက
စကားပိုပြောနေတာ တွေ့ရပြီး လှုပ်ရှားမှုတွေမှာကျတော့ လူငယ်တွေကိုသာ
ပိုတွေ့ရပါတယ်။ လူငယ်တွေမှာ နိုင်ငံရေးနဲ့ ပတ်သက်မိလို့ရှိရင်
အလုပ်အကိုင်အခွင့်အလမ်းတွေမှာ ပိတ်နိုင်တယ်ဆိုတဲ့ အတွေးတွေကလည်း ရှိနေတော့
နိုင်ငံရေး နဲ့ ပတ်သက်ပေမယ့်လည်း သူတို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို
မထိခိုက်ပါဘူးဆိုတဲ့ အာမခံမှုမျိုးကို ပေးနိုင်ဖို့ အရေးကြီးတယ်။
ဒီလိုသာလုပ်နိုင်မယ်ဆိုရင် ဒီရက်ပိုင်းအတွင်းမှာတောင် အခြေအနေကောင်း
သွားနိုင်တယ်"ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်း ကိုနေမျိုးဝေက
ပြောကြားခဲ့သည်။


"ဒီနှစ်ပတ်၊ သုံးပတ်အတွင်းမှာ လူငယ်တွေရဲ့စိတ်ဝင်စားမှုက သိသာလာတယ်။ သူတို့ဘာလုပ်သင့်တယ် ဆိုတာကို လေ့လာနေကြတယ်"ဟု မန္တလေးမြို့နေ လူငယ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက
ပြောပြခဲ့သည်။


"ဒီရက်ပိုင်းတွေမှာ ပြည်သူတွေကြားထဲဆင်းပြီး မဲဆွယ်စည်းရုံးရေးတွေ လုပ်နေပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ပြည်သူတွေကြားထဲမှာ မဲပေးဖို့ကို စိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်သူ့ကို
ပေးရမလဲဆိုတာကိုတော့ ရွေးချယ်နေရတုန်းပါပဲ။ အနည်းဆုံးတော့ မဲပေးရမယ်ဆိုတဲ့
အသိတော့ ၀င်နေပါပြီ။ လူငယ်ပိုင်းကတော့ အရမ်းကြီး တက်တက်ကြွကြွဖြစ်တာမျိုး
နည်းနေသေးတယ်။ သူတို့က လူကြီးတွေ လောက် သိပ်တက်ကြွတာမျိုး မတွေ့သေးဘူး"ဟု
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ကိုသိန်းတင်အောင်က
ပြောပြပါ သည်။


ယခု ရွေးကောက်ပွဲအတွက် မြန်မာတစ်နိုင်ငံလုံးတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၂၉ သန်း ၀န်းကျင် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ
သိရှိရသည်။ ခန့်မှန်းတွက်ချက်မှုများအရ အဆိုပါ ဆန္ဒမဲပေးခွင့်ရှိသူများ၏ ၄၀
ရာခိုင်နှုန်း ခန့်မှာ ၃၈ နှစ်အောက် လူငယ်များ ဖြစ်နေရာ လူငယ်များ၏
မဲပေးမှုသည် အပြောင်းအလဲတစ်ခုအတွက် People Power အဖြစ် အရေးပါကြောင်းလည်း
လေ့လာသူများက သုံးသပ်ခဲ့သည်။



"တိုင်းပြည် အတွက် ကျွန်တော်တို့ လူငယ်တွေရဲ့ဆန္ဒက တော့ ကျွန်တော်တို့ နောက်ထပ် အနှစ် ၂၀ ထပ် မစောင့်ချင်တော့ ဘူး။ အပြောင်းအလဲဆိုတာ ဘာလဲ။ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ်ဆို တာထက် စမ်းကြည့်ချင်တယ်။ မဲပေးပြီး စမ်းကြည့်ချင်တယ်"ဟု Eleven Media Group ၏ အကြီးတန်းအယ်ဒီတာ ကိုနေထွန်းနိုင် က ပြောပါသည်။


ကျွန်တော်EMGကနေဖတ်လိုက်ရတဲ့ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ဆောင်းပါလေးပါ..
အဲအထဲမှာတော့..ကိုနေ၀င်းထွန်းပြောသွားတာ..ကြိုက်တယ်ဗျာ...သူပြောတဲ့စကားလေးကိုပြန်
ဖော်ပြလိုက်ပါတယ်...
"အလုပ်တစ်ခု လုပ်တော့မယ့် အခါ မလုပ်သင့်ဘူးလို့  လူကြီးတွေ က ကျွန်တော်တို့ကိုတားမယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတဲ့  Alternative way တစ်ခုတော့ပေးရမယ်။ ဒီလိုမှ မဟုတ်ရင် Alternative way မပေး ဘဲနဲ့မလုပ်သင့်ဘူးလို့  ဇွတ်ပြောနေတဲ့လူ ကြီးတွေကို ကျွန်တော်တို့ ယုံကြည်မှာ မဟုတ်ဘူး"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Good Idea အကိုပြောတာမိုက် တယ်ဗျာ...လန်းတယ်...
ဟုတ်တယ်...ကျွန်တော်လည်းလူ ငယ်တစ်ယောက်ပဲ.
ကျွန်တော်တို့လူ ငယ်တိုင်းမှာလည်းဒီလိုအတွေးလေးေ တွရှိလာနိုင်ရင်
အရမ်းကောင်းမယ်...နော်..
(အောက်ကကောင်က...forverfriends.ning.comမှာရေးတုန်းကွန့်တွေတက်လာတာ...ပြန်ထုထားတာပါ..ဟဲဟဲ..)
"မဲကတော့ ပေးပေး မပေးပေး အရေးမကြီးပါဘူးလေ.... အားရင်တော့သွားပေးလိုက်ကြပေါ့
လန်းတယ်တောင် စာလုံးပေါင်းမှန်အောင် မပေါင်းနိုင်တဲ့ကောင်က လူငယ်တိုင်းမှာဒီလိုအတွေးတဲ့ ဟဟ
.!#$%&*()@#! :-( "




ဟုတ်ကဲ့အရင်ဆုံးကျွန်တော်စာလုံးပေါင်းမှားတာကိုထောက်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်..
ဒါကတပိုင်းပေါ့..
နောက်..အကိုပြောပုံအရဆိုရင်...အားရင်သွားပေးလိုက်မယ်...မအားရင်မပေးနိုင်ဘူးဆိုတဲ့သဘောပေါ့..
ပေးတာမပေးတာကို..ကျွန်တော်မပြောချင်ပေမယ့်....နိုင်ငံသားတစ်ယောက်ဖြစ်ပြီး...နိုင်ငံရေးအပေါ်စိတ်ဝင်စားမူမရှိတဲ့သူတစ်
ယောက်လို့ပဲ..ပြန်သုံးသပ်ပါရစေ...
ကျွန်တော်ပြောတာလူငယ်တိုင်းဖတ်စေချင်တယ်...လူငယ်တိုင်းအဲလိုအတွေးမျိုးဖြစ်စေချင်တယ်..ဆိုတာ..
လူငယ်တိုင်းနိုင်ငံအရေးကိစ္စမှာတက်တက်ကြွကြွပါဝင်စေချင်တယ်...လုပ်ဆောင်ကြစေချင်တာပါ..
..တကယ်တော့..ဗိုလ်ချုပ်သည်လည်းလူငယ်ဘ၀ကတိုင်နိုင်ငံရေးစိတ်ဝင်တစားနဲ့..
လုပ်ခဲ့တာပဲ...
နောက်..၀န်ကြီးချုပ်ဟောင်းဦးနု...
စသဖြင့်...နိုင်ငံရေးကို..လူငယ်ကျောင်းသားဘ၀ကတဲ့က...တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့တယ်ဆိုတာ..
စာအုပ်တွေမှာဖတ်ဖူးတယ်
သူတို့လက်ထက်ကလူငယ်တွေနိုင်ငံရေးစိတ်ဝင်စားသလို့တက်တက်ကြွကြွလည်းပါဝင်လှုပ်ရှားတယ်..အကိုသည်လည်း
လူငယ်တစ်ယောက်...နိုင်ငံသားတစ်ယောက်...ဖြစ်ခဲ့ရင်..နိုင်ငံရဲ့အရေးကိစ္စမှာ..သက်ဆိုင်မယ်ဆိုတာကိုတော့ပြောချင်ပါတယ်..
လူငယ်တိုင်းဒီလိုတွေးစေချင်တယ်ဆိုတာ...ကျွန်တော်ဆန္ဒလေးပါ...ဘာမှမဟုတ်သေးတဲ့လူငယ်တစ်ယောက်ဆန္ဒလေးတစ်ခုပါ


နောက်..အောက်မှာတွေ့မိသေးတယ်..ဘာလည်း..ဘယ်သူ့ကိုပေးရမယ်မှန်းမသိလို့..ဆိုတာ.
ကျွန်တော်သည်လည်းမသိပါဘူး..ဘယ်သူဘယ်ဝါပေးရမယ်မှန်း....အဲလိုပဲ...နိုင်ငံတစ်နိုင်ငံလုံးက..
ပြည်သူတိုင်းလည်းမသိခဲ့သေးပါဘူး...ဒါပေမယ့်...စာစောင်တွေ...၀တ်ဆိုဒ်တွေမှာ...ရှာကြည့်ကြပါလို့ပဲပြောချင်တယ်.
အများကြီးရှိပါတယ်....ကျွန်တော်နိုင်ငံရေးဟီးရိုးကတော့..PDPပါတီက ကိုနေမျိုးဝေပါ...သူ့အတွေးတွေကြိုက်တယ်..
သူပြောတဲ့စကားတွေကိုလည်းစိတ်ဝင်တစားလိုက်ဖတ်လေ့..နားထောင်လေ့ရှိပါတယ်....

Popular Posts