• အပျံသင်စငှက်ငယ်လေး

    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...

  • ကော်ဖီခါးခါး

    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။

  • ကျနော်နှင့် နတ်စိမ်းများ

    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။

  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး

    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..

Tuesday, 31 August 2010

ကျွန်တော်နားလည်တဲ့ကျွန်တော်


-တကယ်လို့..သူတို့မကောင်းဘူးဆိုရင်..သူတို့နေရာရောက်အောင်လုပ်ပါ..
သူတို့လိုမလုပ်နဲ့ပေါ့...


-တကယ်လို့.. ကိုယ်မကောင်းဘူးဆိုရင်.ကောင်းအောင်ကြိုးစား..
မလုပ်နိုင်ရင်...ကိုယ့်နေရာကိုသူများပေးလိုက်..ကိုထက်ကောင်းအောင်လုပ်စေပေါ့..

-ဘေးကနေ ဘေးထိုင်- ဘုပြော တတ်တဲ့သူတော့မဖြစ်စေနဲ့....


-ဝေဖန်ပါ..ကောင်းတဲ့ဘက်ကလည်းဝေဖန်ပါ..ဆိုးတဲ့ဘက်ကလည်းဝေဖန်ပါ..တဘက်သပ်မပြောမိပါစေနဲ့...


-အမှားပါရင်ထောက်ပြ..အမှန်ပါရင်ချီကျူးလိုက်..နားမလည်ရင် ရှင်းပြခိုင်း...ရှင်းပြတာကိုသေချာနားလည်အောင်လုပ်ပေါ့..

-မိမိသမိုင်းကိုမိမိကိုယ်တိုင်ရေးသားကြတယ်..ကိုယ်သမိုင်းကိုမရိုင်းမိပါစေနဲ့...

-ကိုယ်တယောက်ကောင်းစားဖို့ အများကိုချမနင်းမိပါစေနဲ့..ကိုယ်လုပ်တဲ့အလုပ်က အများအတွက်လည်းအကျိုးရှိပါစေ..

-နောက်ကြောင်းရာဇ၀င်ထက်..လက်တွေ့ကို ကြည့်...နောင်ဖြစ်လာမယ့်အနာဂါတ်ကိုရှေ့ရှူ ပါ..

-မှားရင်ပြင်လိုက်..အမှန်ကိုရှေ့ရှူ ..ရောက်အောင်သွား...

-ဘယ်လောက်ဆိုးဆိုး တနေ့တော့ အမှန်တရားတစ်ခုဖြစ်အောင်လုပ်ပြနိုင်ရင် အမှားတွေကြီးလုပ်နေတဲ့သူထက်သာပါတယ်..
အမြဲမှန်တယ်ဆိုတာမရှိသလို့ အမြဲလည်းမမှားနိုင်ကြပါဘူး..

-ကိုယ်မှန်တယ်ဆိုတဲ့ကိုယ်အယူအဆက အများမကောင်းကြိုးအတွက်ရှေရှူနိုင်ရင် စွန့်လွတ်လိုက်ပါ....

-ဖြစ်သလိုနေလို့ တော့ရတယ်..ဖြစ်သလိုတော့မလုပ်မိစေနဲ့...အကောင်းဆုံးဖြစ်အောင်လုပ်ပါ...

-အသက်တိုတယ်..ရှည်တယ်ဆိုတာ ထက်..မိမိနေနိုင်တဲ့သက်တမ်းလေးမှာတင်...မိမိပတ်ဝန်းကျင်ကိုကောင်းမွန်အောင်လုပ်နိုင်ပါစေ..

-

(ဘာမှတော့မဟုတ်ပါဘူး..ကျွန်တော် နားလည်ထားတဲ့အယူအဆလေးတွေပါ..)

0 comments:

Post a Comment

Popular Posts