• အပျံသင်စငှက်ငယ်လေး

    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...

  • ကော်ဖီခါးခါး

    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။

  • ကျနော်နှင့် နတ်စိမ်းများ

    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။

  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး

    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..

Saturday, 26 June 2010

0

ဖလက်သီချင်းဖိုင်တွေကိုဘယ်လိုMailပို့မလည်း


ဟိုတစ်နေကအဆက်ပါ..ဘာလည်းဆိုတော့..ကျွန်တော်..ပြောပြထားတဲ့..SWiSHလုပ်နည်းလေး ဖွ လိုက်တယ်...
နားမလည်တဲ့သူလည်းရှိပါရဲ့  ကျွန်တော်လည်းတတ်နိုင်သလောက်..အကောင်းဆုံးရှင်းပြထားတာပါ..တကယ်ပြောတာပါ..
ကဲ..မရသေးသူများအတွက်..ကျွန်တော်နောက်မှအေးအေးဆေးဆေးရှင်းပြပါ့မယ်(ဈေးကိုင်တယ်လို့မထင်ပါနဲ့နော်..:P)
.အခု..ကျွန်တော်ပြောပြမှာက သူငယ်ချင်းတွေဆီ
ဘယ်လိုပို့မလည်း..ဘယ်လို့ မိမိစာမျက်နှာမှာထည့်မလည်း အဲကောင်ကိုရှင်းပြပေးပ့ါမယ်နော်..
ပထမနည်း
SWF နဲ့ EXE(projector)တို့ နဲ့..ထုတ်ပြီးတော့.. Email ကနေပို့ပါ့မယ်.. Emailကနေပို့တဲ့ကောင်ကိုဟိုဘက်မှာ GOM player
နဲဖွင့်လို့ရပါ့မယ်... Firefoxနဲ့ဖွင့်လို့ရပါ့မယ်..GOM player နဲ့ဖွင့်ဖို့အတွက်.. GOM player မိမိစက်မှာရှိရပါ့မယ်..
GOM ကိုဒေါင်းလို့ရနိုင်တဲ့နေရာကတော့..အောက်မှာကျွန်တော်ပေးထားပါ့မယ်..
GOMPLAYERENSETUP.EXE

တကယ်လို့ Firefoxနဲ့ဖွင့်မယ်ဆိုရင်တော့..
အောက်မှာပေးထားတဲ့..Adobe Shockwave Player လေးကိုရမ်းလိုက်ပါဦးနော်..တော့..Firefoxကိုပိတ်ပြီးပြန်ဖွင့်လိုက်
http://get.adobe.com/shockwave/


ဒုတိယပိုင်း

အိုကေ..တကယ်လို့..အပေါ်ကကျွန်တော်ပြောပြသလို့ မေးကနေမပို့ချင်ဘူး..လင့်တစ်ခုခုမှာတင်ပြီးတော့..အဲလင့်ကလေးကိုပဲ
လှမ်းပေးချင်တယ်...ဘယ်လိုတင်မလည်းဆိုတာကိုပြောပြပ့ါမယ်..

http://www.fileden.com/ ; မှာတင်လို့ရပါတယ်..ဒါပေမယ်..အဲကောင်က..အခုမြန်မာပြည်မှာဖွင့်လို့မရဘူးပြောတယ်...
အဲတော့.ning ဆိုဒ်တွေမှာတင်မယ်.. အဲလိုတင်တဲ့အခါမှာ..မိမိထုတ်လိုက်တဲ့ဖိုင်က.. SWFနဲ့ဖြစ်ရပါ့မယ်...
ပြီးတော့..
မိမိစိတ်ကြိုက်ning.comတစ်ခုမှာပို့စ်တင်၇န်မှာပို့စ်တင်မလိုလိုနဲ့..
ဖိုင်တင်ပြီးsave draft နဲ့save ပြီးကုဒ်ယူလိုက်ဗျာ.(.ကဲ..တောင်းပန်ပါတယ်နော်..)
add post ကိုကလစ်ရင်အောက်ကbox ပေါ်လာမယ်ဟုတ်တယ်ဟုတ်


အဲဘာက်မှာကျွန်တော်ဝိုင်းပြထားတဲ့စာရွက်ပုံလေးမှာဖိုင်တင်တဲ့နေရာပါ..
ကလစ်ပေးရင်box တစ်ခုတက်လာမယ်..အဲဘောက်မှာဖိုင်ကိုရွေးတင်လိုက်...
ဖိုင်တင်လိုက်.ဖိုင်တင်ပြီးရင်..HTMLဆိုတာကိုကလစ်ပေးလိုက်ရင်..ဖိုင်လင့်ကလေးထွက်မယ်..ဟုတ်တယ်
ဟုတ်...အောက်ကပုံမှာကြည့်လိုက်ပါ...


အပေါ်မှာပြထားပါတယ်...
အစိမ်းရောင်မျဉ်းတားထာတာ...ဖိုင်လင့်ပါ..အိုကေ..
(http://api.ning.com/files/ExcBFTeG0plaEIX9abYbCDUPoV7yiFaTJiQSMVvQg...*SqWIgsGgDC575eY1Az5HAicGtDKlQdk/sample.swf)(ဖိုင်လင့်နမူနာ)

အဲဖိုင့်လင့်ကို firefox adress box မှာထည့်ပြီး ဖွင့်ကြည်လိုက်ပါ..ဒါဆို..သဘောက်ပေါက်လောက်ပါပြီ..

တတိယပိုင်း

နောက်တစ်ပိုင်း မိမိတို့စာမျက်နှာတို့ ကျွန်တော်အပေါ်မှာပြထားသလို့ ပို့စ်တွေမှာအစားသွင်းချင်တယ်ဆိုရင်....
အောက်ကကုဒ်တွေမှာ....ဖိုင်လင့်ကိုlinkURLနေရာမှာအစားသွင်းလိုက်..အိုကေလိမ့်မယ်..
ကဲ..

linkURL" quality="high" bgcolor="#FFFFFF" width="550" height="350" type="application/x-shockwave-flash"
allowscriptaccess="never">

ဒါကိုသူငယ်ချင်းများစာမျက်နှာ
မှာtext box ကလေးတွေ့ပေးထားပါတယ်..
အဲမှာသွားထည့်လိုက်ပါ.နော်.
ပိုစ်မှာထည့်ချင်တယ်ဆိုရင်..
html မှာထည့်လိုက်ပါ..
အပေါ်မှာကျွန်တော်တို့လင့်သွားယူတဲ့ HTML ဆိုတာကိုလူတိုင်းမှတ်မိမှာပါ..အိုကေ...အဲမှာ အပေးက
ကုဒ်တွေကိုသွားထည့်လိုက်ပါ အိုကေပါလိမ့်မယ်နော်...
အားလုံးကိုလေးစားလျှက်...
(သိပြီးသားသူများမဖတ်ရှူပါနှင့်...မှတ်ချက်ပဲပေးသွားပါ...)

Tuesday, 22 June 2010

0

ကားလ်မာက်စ်ရေးခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း ဆောင်းပါး


၁၈ ရာစုမှာ စက်မှုထွန်းကား လာမှုနဲ့အတူ ပေါ်ပေါက် လာ ခဲ့တဲ့ အရင်းရှင်စနစ်ဟာ ၁၉ ရာစုအတွင်း မှာ အရှိန်အဟုန် နဲ့ တိုးတက်လာခဲ့ပါ တယ်။ စက်မှုထွန်းကား တဲ့အရင်းရှင် နိုင်ငံကြီးတွေဟာ သူတို့ရဲ့ ဈေးကွက် နဲ့ စား ကျက်မြေ တွေကို အပြိုင် အဆိုင် တစ်စတစ်စ ချဲ့ထွင်ခဲ့ကြ ရာမှာ ကမ္ဘာ့ နေရာ အနှံ့ အပြား က နယ်မြေတွေကို အလု အယက် နယ်ချဲ့သိမ်းပိုက်ခဲ့ကြပါတယ်။ နယ် ချဲ့ အရင်းရှင် စနစ်နဲ့ ပတ်သက်ပြီး လီနင်က အရင်းရှင်စနစ်ရဲ့ အမြင့် ဆုံးနဲ့ နောက်ဆုံး အဆင့်ဖြစ်တယ်လို့ ဆိုခဲ့သလိုပါပဲ။ အရင်းရှင် စနစ်ဟာ အရှိန်နဲ့ ဖွံ့ဖြိုးလာရာက လက်ဝါး ကြီးအုပ် အရင်း ရှင် စနစ်ဆီ ကူး ပြောင်းပြီး ကမ္ဘာ ကြီးကို အလု အယက် ခွဲဝေ သိမ်းပိုက်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖွံ့ဖြိုးမှု နည်းပါး တဲ့၊ သယံဇာတ အရင်း အမြစ်တွေ ပေါကြွယ်လှတဲ့ နယ်မြေ အများ အပြားဟာ နယ်ချဲ့အရင်းရှင်နိုင်ငံ ကြီးတွေရဲ့ ကိုလို နီ နယ်တွေ ဖြစ် ကုန်ကြပါတယ်။ ဒီကမ္ဘာ့နယ်ချဲ့ စနစ် ရဲ့လှိုင်းကို မြန်မာနိုင်ငံဟာ လည်း ရှောင်လွှဲ မရနိုင် ခဲ့ပါဘူး။ မြန်မာနိုင်ငံဟာ ဗြိတိသျှရဲ့ သုံးကြိမ်တိုင် စစ်ပြုတာကို ခံခဲ့ရပြီး ၁၈၈၅ မှာ ဗြိတိသျှ ကိုလိုနီ ဘဝ ကို ကျရောက်ခဲ့ပါတယ်။ ဗြိတိသျှတွေ ဟာ ၁၈၂၆ မှာ ပထမအကြိမ်၊ ၁၈၅၂ မှာ ဒုတိယအကြိမ်နဲ့ ၁၈၈၅ မှာတတိယနဲ့ နောက်ဆုံးအကြိမ်စစ်ပြုခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက် ကိုလိုနီ ပြု ခဲ့ကြ ပါတယ်။ ဒါဟာ ကမ္ဘာ့အရင်းရှင်စနစ် အထိန်း အကွပ်မဲ့ ဖွံ့ဖြိုးလာမှုရဲ့ အကျိုးဆက် တွေပဲဖြစ်ပါတယ်။ ဒီလို အင်္ဂလိပ် – မြန်မာတတိယ စစ်ပွဲ ဆက်ဖြစ်ပြီး မြန်မာနိုင်ငံကို ကိုလိုနီပြုမယ့်အခြေ အနေကို ကမ္ဘာ ကျော်တွေးခေါ်ရှင် ကြီး ကားလ်မာ့က်စ်က ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ပြီးဆုံး စဉ်ကတည်းက နောက်ခံအခြေ အနေအရပ်ရပ်ကို သုံးသပ်ပြီး အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲဟာ ရှောင်လွဲ မရနိုင် တော့ဘူး လို့ ဟော ကိန်း ထုတ်ခဲ့ပါတယ်။ဒီသုံးသပ်ချက်ကို ကားလ် မာ့ခ်စ်က ၁၈၅၃ ဇူလိုင်လ ၁၅ ရက်နေ့မှာ ရေးသားခဲ့ပြီး ၁၈၅၃ ဇူလိုင် ၂၅ ရက်နေ့ ထုတ် New York Daily Tribune မှာ ပထမ အကြိမ်အဖြစ် ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ဂျာမန်တွေးခေါ်ရှင် ကားလ်မာ့ခ်စ် ဟာ ၁၈၁၈ မေလ ၅ ရက်နေ့မှာ ဂျာမနီနိုင်ငံ တရိယာ (Trie) မှာ မွေး ဖွားခဲ့ပြီး အဲဒီမှာပဲ ကျောင်းတက်ခဲ့ပါ တယ်။ နောက် ဘွန်းတက္ကသိုလ်နဲ့ ဘာလင်တက္ကသိုလ်တို့ကို တက်ခဲ့ပြီး ဘာလင် တက္ကသိုလ်က ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။ ၁၈၄၂ မှာ Rheini-sehe Zeiturg သတင်းစဉ်ရဲ့ အယ် ဒီတာချုပ်အဖြစ် ဆောင်ရွက် ခဲ့ပြီး ၁၈၄၃ မှာ အဲဒီစာစောင်ဟာ အပိတ် ခံရပါတယ်။ အဲဒီနှစ်မှာပဲ အိန်ဂျယ်နဲ့တွေ့ဆုံခဲ့ပြီး ပါရီကို ပြောင်းရွှေ့ခဲ့ပါ တယ်။ အဲဒီနောက် ဘရပ်ဆဲလ် မှာ နေထိုင်ခဲ့ပြီး ဘရပ်ဆဲလ် မှာပဲ မာက်စ် ဝါဒရဲ့ အခြေခံအကျဆုံးတွေ ဖြစ်ကြ တဲ့ The Germen Ideology နဲ့ Theses on Feuerbach တို့ကို သူတို့နှစ်ဦး ရေးသားခဲ့ကြတယ်။ ၁၈၄၈ မှာ ဥရောပတစ်ခွင် ဖြစ်ပွား ခဲ့တဲ့ တော်လှန်ရေးတွေကို လေ့လာ ရုံတင်မက ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့် ဘယ်လ်ဂျီယံ အစိုးရက နှင်ထုတ်ခဲ့ပြီး ဂျာမန်ကို ပြန်ရောက် ခဲ့ပါတယ်။ ဂျာမနီတော်လှန်ရေးမှာ လည်း ပါဝင်ခဲ့လို့ ၁၈၄၉ မှာ ပြည် နှင်ဒဏ် ပေးခံခဲ့ရ ပြန် ပါတယ်။ ၁၈၄၉ မှာ ပါရီ၊အဲဒီနောက် လန်ဒန်မှာ နေထိုင်ခဲ့ပါတယ်။ မာ့ခ်စ်ဟာ ၁၈၈၅ မှာ လန်ဒန်မှာပဲ
ကွယ်လွန်ခဲ့ပါ တယ်။ မာ့ခ်စ်ဟာ လန်ဒန်မှာ ရှိနေ စဉ် New York Daily Tribuneမှာ ဆောင်းပါးတွေ ရေးသားခဲ့ရာမှာWar in Burma – The Russian Question Curious Diplomatic Correspondence လည်း ပါဝင် ပါတယ်။ အဲဒီဆောင်းပါးဟာ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး မကွေးမင်းကြီး ဦးဆောင်တဲ့ သံ အဖွဲ့က စစ်ပြေ ငြိမ်းစာချုပ်ကို လက်မခံဘဲ ပြန်သွားတဲ့သတင်း ရောက်လာတဲ့အချိန်မှာ ရေးသားခဲ့ တာပါ။ မာ့ခ်စ် ဒီဆောင်းပါးရေးတဲ့ နေ့စွဲက ၁၈၅၃ ဇူလိုင် ၁၅ ရက်နေ့ ဖြစ်ပြီး ဇူလိုင် ၃ဝ နေ့ထုတ် New York Daily Tribune မှာ ပထမ အကြိမ် ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ အခု အဲဒီ ဆောင်းပါးထဲက မြန်မာနိုင်ငံ နဲ့
ပတ်သက်တဲ့အပိုင်းကိုထုတ်နုတ်တင်ပြလိုက်ပါတယ်။ရှားရှားပါးပါးဆောင်းပါးတစ်ပုဒ်လည်ုးဖြစ်တာကြောင့်ပါ။
x x x
အိန္ဒိယကနေ ကုန်းလမ်းက နောက်ဆုံးဝင်လာတဲ့စာအရ ဗမာ သံအဖွဲ့ဟာ ဗိုလ်ချုပ်ကြီး ဂေါ့ဒ်ဝင် အဆိုပြုထားတဲ့ စစ်ပြေငြိမ်းရေး စာချုပ်ကို လက်မခံဘဲ ငြင်းပယ်ခဲ့တယ်လို့ သိခဲ့ရပါတယ်။ ဗိုလ်ချုပ် ကြီးဟာ သူတို့ကို ပြန်လည်သုံးသပ် ဖို့ ၂၄ နာရီကျော်ကြာ အချိန်ပေးခဲ့ ပါတယ်။ ဒါပေမဲ့ ဗမာတွေက ၁ဝ နာရီအတွင်းမှာပဲ ထွက်ခွာသွားခဲ့ပါ တယ်။ ရှည်လျားလှတဲ့ ဗမာပြည်စစ်ပွဲကြီးရဲ့တတိယပိုင်းဟာရှောင်လွှဲမရတော့တဲ့ပုံပါပဲ။ အရှေ့ဘက်မှာ ဗြိတိသျှရဲ့ စစ်လိုလားတဲ့ စူးစမ်းရှာဖွေရေးအဖွဲ့ ဝင်တွေထဲက ဘယ်သူမှ ဗမာပြည် ကို တိုက်ခိုက်တာလောက် အကြောင်းပြချက် သိပ်မခိုင်လုံတဲ့ အခြေခံတွေအပေါ်မှာ တစ်ကြိမ် တစ်ခါမှ တာဝန်မယူခဲ့ဖူးပါဘူး။ အဲဒီ ဘက်ခြမ်းကနေ ကျူးကျော်မယ့် အန္တရာယ်ဆိုတာဖြစ်နိုင်ခြေ မရှိပါ ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ နေရာဟာ အနောက်မြောက်ဘက် ဘင်္ဂလားနယ်ဖြစ်ပြီး တောင်စဉ် တောင်တန်းတွေက ဗမာပြည် နဲ့ ပိုင်းခြား ထားလို့ခြေလျင်တပ်တွေ ဖြတ်ကျော်ဝင်ရောက်နိုင်ခြင်းမရှိလို့ ပါပဲ။ ဗမာပြည်နဲ့ စစ်ဆင်ဖို့ဆိုရင် အိန္ဒိယအစိုးရဟာ ပင်လယ်ကို မလွဲမသွေ ဖြတ်ဖို့ လိုပါတယ်။ ဗမာ တွေက ရေကြောင်းကနေ ကျူး ကျော်ရန်စမှုတွေအကြောင်း ပြောရ တာ ရယ်စရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကုမ္ပဏီ (အရှေ့အိန္ဒိယ ကုမ္ပဏီ)ရဲ့ စစ်သင်္ဘောတွေနဲ့ သူတို့ ရဲ့ ကမ်းခြေသွားလှေငယ်တွေကို ရင်ဆိုင်စေတဲ့စိတ်ကူးဟာ လုံးဝမဖြစ် နိုင်လို့ပါပဲ။ ယန်းကီး တွေ(အမေရိကန် တွေ)မှာ ပဲခူးကိုအသုံးချဖို့ သိမ်းယူ လိုစိတ်တွေ အပြင်းအထန်ရှိနေခဲ့ တယ်ဆိုတဲ့ ပြောဆိုမှုဟာ တကယ့် အခြေအနေ
မှန်တွေ အပေါ် အခြေပြု မထားပါဘူး။ ဒါကြောင့် ဆင်းရဲချို့တဲ့ နေတဲ့ မှူးမတ်အနွှယ်(အထက်တန်း လွှာ)အတွက် အလုပ်အကိုင်လိုချင် မှု၊ ရာထူး အဆင့် အတန်းလိုအပ်မှု ကလွဲလို့ တခြားအကြောင်းအချက် မရှိတော့ပါဘူး။ အင်္ဂလိပ်စာရေး ဆရာတစ်ဦး ပြောသလို သမား ရိုးကျအရည်အချင်းရှိ အလုပ် ပေးတဲ့ ဂေဟာ၊ ဒါမှမဟုတ်အရှေ့က Hampton Court မျိုးပါပဲ။ Hampton Court ဟာ လန်ဒန် အနီးသိမ်းမြစ်ကမ်းနဖူးမှာရှိတဲ့ နန်းတော် တစ်ခုပါပဲ။ ၁၆ ရာစုကနေ ၁၈ ရာစုအထိ အင်္ဂလိပ်ဘုရင်တွေ နေထိုင်ခဲ့တဲ့နေရာပါပဲ။ မာ့ခ်စ်တို့ ခေတ် ရောက်တော့ အငြိမ်းစား တော်ဝင် မျိုးနွယ်တို့ နေထိုင်ရာ နေရာဖြစ်ခဲ့ပါတယ်။ ပထမ ဗမာ ပြည်စစ်ပွဲ(၁၈၂၄-၂၆)ဟာ လေထဲ တိုက်အိမ်ဆောက်နေတဲ့ လော့ဒ် အမ်းဟာ့စ်တ် ရဲ့ အစိုးရ လက် ထက် မှာ ဖြစ်ပွားခဲ့တာပါ။ ဒီစစ်ပွဲဟာ ၂ နှစ်ကျော်လောက်ပဲ ကြာခဲ့ပေမယ့် အိန္ဒိယကြွေးမြီတွေထဲ ပေါင် ၁၃ သန်း ထပ်တိုးသွား စေခဲ့ပါတယ်။ စင်ကာပူ၊ ပီနန်နဲ့ မလက္ကာတို့မှာ အခြေချနေထိုင်မှုတွေကို ဆက်ထိန်း ထားတာဟာ (တပ်ဖွဲ့ဝင်တွေကို ပေးတဲ့လစာမပါဘဲ) နှစ်စဉ် အသုံး စရိတ် ဝင်ငွေပမာဏထက် ပေါင် တစ်သိန်းအထိ ကျော်လွန်နေစေပါ တယ်။ ၁၈၂၆ ခုနှစ်က ဗမာတွေ ဆီက သိမ်းယူခဲ့တဲ့နယ်မြေတွေဟာ အများကြီး ကုန်ကျပါတယ်။ ပဲခူး နယ်မြေဟာ ပိုမိုပျက်စီးနေဆဲရှိပါ တယ်။ အခုတော့ ဒါဟာ အင်္ဂလန် က ဥရောပမှာ အလိုအပ်ဆုံးစစ်ပွဲကို (အခု ရုရှကို ရင်ဆိုင်နေ သလို) လက် တွန့်နေပြီး တစ်ချိန်တည်းမှာပဲ အင်္ဂလန်ဟာ တစ်နှစ်ပြီးတစ်နှစ် အာရှမှာ အဆင်အခြင်အမဲ့ဆုံးစစ်ပွဲ တွေထဲ ဘာကြောင့် လှိမ့်ဝင်နေ သလဲဆိုတဲ့ အကြောင်းပါပဲ။ တိုင်း ပြည်ရဲ့ကြွေးမြီဟာ အင်္ဂလန်ကို ဥရောပမှာ စိုးရိမ်တုန်လှုပ်လာစေခဲ့ ပါတယ်။ အာရှမှာ ဆင်နွှဲနေတဲ့ စစ်ပွဲတွေရဲ့ ကုန်ကျစရိတ်ကို ဟိန္ဒူ တွေနဲ့ ပခုံးတွေပေါ် တင်ပေးထား ပါတယ်။ ဒါပေမဲ့ နောက်ထပ် ဗမာ စစ်ပွဲရဲ့ကုန်ကျစရိတ်တွေ ပေါင်း ထည့် ထားပြီး ဘင်္ဂလားရဲ့ ဘိန်းနှစ် စဉ်ဝင်ငွေတွေ အခု ပျောက်ကွယ် လုနီးပါးဖြစ်မှုကနေ ကျွန်တော်တို့ မျှော်မှန်းနိုင်တာက အဲဒီအသုံးစရိတ် တွေဟာ အိန္ဒိယဘဏ္ဍာရေးထဲ အကျပ်အတည်းလိုမျိုးကို ဖြစ်ပေါ် စေမှာဖြစ်ပြီး အင်္ဂလန်က ပါလီမန် ပြုပြင်ပြောင်းလဲရေးသမားတွေရဲ့ ဟောပြော ချက်တွေ၊ စာတမ်းတွေ အားလုံးထက် အိန္ဒိယအင်ပါယာကြီး ရဲ့ လုံးဝပြောင်းလဲမှုကို ဖြစ်ပေါ်စေ လိမ့်မယ်ဆိုတာပါပဲ။




ဘုန်းသက်ပိုင်


(ဘုန်းသက်ပိုင် ယခုအပတ်ထုတ် ပေါ်ပြူလာဂျာနယ် မှ ကူးယူဖော်ပြပါသည်။)
0

ဆိုဒ်တွေကနေဖိုတိုကိုကိုယ်စက်မှာသူများသုံးရင်မမြင်ရအောင်ဖြောက်ထားမယ်


ကဲလက်ကမြင်းကြဆို့...ကျွန်တော်တို့နက်ဆိုင်မှာအသုံးပြုတဲ့သူငယ်ချင်းများ..မိမိသုံးပြီးတော့..နောက်မသိတဲ့သူတွေကိုလက်ကမြင်း
ပြီးဒုက္ခပေးခဲ့မယ်..ရိုးရိုးလေးပါ..ဘာမှမဟုတ်ဘူး..ဥပမာ..ဒီနိုင်ကွန်ကနေ့ဓါတ်ပုံတွေကိုဖြောက်ထားခဲ့မယ်...
ကဲ့..ဘယ်လိုဖြောက်မလည်း..ဖိုတိုပေါ်ကိုRight Click ပေးလိုက်တော့...Block Images from api.ning.comဆိုတာတွေတယ်ဟုတ်

.
Block Images လုပ်လိုက်တော့..ဓါတ်ပုံတွေအကုန်ပြောက်သွားပါပြီ.ning.comကဖိုတိုတွေ..အိုကေ...
အခြားgoogle.com,yahoo.com..စသဖြင့်အကုန်လုံးကိုလိုက်ဖြောက်ပြစ်လို့ရပါတယ်...နောက်...ဖြောက်လိုက်တဲ့ဖိုတိုတွေကို
ဘယ်လိုပြန်ဖေါ်မလည်း...လွယ်ပါတယ်..မခတ်ပါဘူး..
tool>>>Option >>content >>exceptions>>exception images boxမှာ api.ning.comဆိုတာကို
အောက်ကremove this sites ကနေထုတ်လိုက်..ဒါမှမဟုတ်အခြားဆိုဒ်တွေကောဘလော့ထားတယ်ဆိုရင်..
remove all ပေးလိုက်ပေါ့
အောက်ကပုံမှာကြည့်ုလိက်နော်..၀ိုင်းပြထားတယ်..ကဲ..

ကဲ နောက်လူများအားပျော်ပျော်ကြီးလက်ကမြင်းနိုင်ပါစေ...
0

SWiSHနဲ့ဖလက်သီချင်းလုပ်မယ်


ကျွန်တော်သိသလောက်နဲ့ကျွန်တော်ဆွေးနွေးပါမယ်..ကျွန်တော်စရေးတော့မယ်ဆိုကတဲ့ကဆွေးနွေးမယ်လို့စပြောခဲ့တာပါ..
ဘာလိုလည်းဆိုတော့ကျွန်တော်ကိုယ်တိုင်ကိုယ်ကကျွမ်းကျင်လို့မဟုတ်ပါဘူး.
.ပြီးတော့..ကျွန်တော်flashသိချင်းတွေကြည့်ကြည့်ပါ.
မသပ်ရပ်ပါဘူး..ဘာလိုလည်းဆိုတော့ကျွန်တော်မကျွမ်းကျင်လို့ပါ..
တတ်အောင်လည်းကျွန်တော်မသင်တော့ပါဘူး..စာအုပ်တွေတော့ဖတ်
ပါတယ်..တခါတရံကောင်မလေးနဲ့အဆင်မပြေရင်..ဖလက်သီချင်းလေးတွေလုပ်ပို့ပေးတယ်..
ကဲကျွန်တော်ပြောတာရှည်သွားပြီလား..
အရမ်းများလွန်းရင်လည်းစိတ်ဝင်စားမှာမဟုတ်တော့လို့..စိတ်ဝင်စားအောင်အလွယ်ပဲပြောတော့မယ်..နော်..
အရင်ဆုံးကျွန်တော်တင်ပေးတဲ့ဆော့ဝဲကိုဒေါင်းလိုက်ပါ..နက်ဆိုင်မှာသုံးတဲ့သူငယ်ချင်းများလည်း
လိုက်လုပ်လို့ရပါတယ်..ဘာလို့လည်းဆိုတော့.ကျွန်တော်တင်ပေးထားတာportableဖြစ်နေလို့ပါ.
.သီချင်းလောက်ကတော့..SWiSH Max3 portable ကောင်းကောင်းနိုင်ပါတယ်...
အိုကေ..
SWiSH Max3.exe

ကျွန်တော်အပေါ်မှာပေးတဲ့ဆော့ဝဲလေးကိုဒေါင်းလိုက်ပါ...။။ပြီးတော့..rught click ပေး Run as လုပ်ပါ..အိုကေ
SWiSH boxတက်လာပါလိမ့်မယ်.............New Movies Project ဆိုတဲ့ဘောက်တက်လာမယ်ဟုတ်တယ်ဟုတ်.
.အဲမှာdefault နဲ့ပဲ ၀င်လိုက်နော်.....အောက်ကပုံမှာ..ကျွန်တော်ပြထားသလိုပေါ်လာမယ်..




အပေါ်ကပုံမှာကျွန်တော်အနီရောင်နဲ့ဝိုင်းပြထားတဲ့..moviespropertiesကိုကလစ်ပေးလိုက်..အိုကေ..အစိမ်းရောင်နဲ့ဝိုင်းပြထားတဲ့..
properties box တက်လာမယ်....proper boxမှာ..moves size ,background color ,heightရယ်..သုံးမျိုးပြင်မယ်..
အဲသုံးမျိုးမှာမိမိစိတ်ကြိုက်..ရွေးမယ်..ကျွန်တော်ကတော့..အနက်ရောင်ကိုbackground color ကိုအဖြူပဲပေးမယ်..width ကို
1300 pix ပေးမယ်..heightကို600ပေးမယ်..အိုကေ...အဲတော့...
အရမ်းဆိုဒ်ကြီးသွားတော့.လုပ်ရတာအဆင်မပြေတော့ဘူး....အဆင်မပြေရင်..ညာဘက်အောက်မှာ..view ဆိုတာရှိတယ်..
အဲမှာ..zoon ကို50%လောက်ရှော့ချပြစ်လိုက်....နောက်..ပုံထည့်မယ်..background image လေးတွေထည့်မယ်..
သီချင်းထည့်မယ်..သီချင်းစာသားထည့်မည်...
အရင်ဆုံးသီချင်းနဲ့ပုံထည့်မယ်.


ကျွန်တော်အနီရောင်ဝိုင်းပြထားတဲ့လေးမျိုးကိုအဓိကထားပြောပ့ါမယ်..ဒါဆိုရင်သီချင်းတစ်ပုဒ်ကောင်းကောင်းရပါပြီ..ကဲ..
သီချင်းထည့်ချင်ရင်..import sound,ဓါတ်ပုံထည့်အမယ်.ဆိုရင်..import image ,
movies ဖိုင်ထည့်မယ်ဆိုရင်..import video , glitter တို့ဘာတို့ကနေယူထားတဲ့
aninmationပုံတွေကိုထည့်မယ်ဆိုရင်.import animationကိုထည့်မယ်.နောက်..
swiနဲ့ဆေ့ပေးထားတဲ့ effect တွေ..ဥပမာ
mouseheart effect တို့လိုမျိုးတွေကိုထည့်မယ်ဆိုရင်.
.ininmation ကနေသွားထည့်လိုက်ပါ...နောက်..အပိုင်း
သီချင်းထည့်ပြီးပြီ..ဓါတ်ပုံတွေကိုလည်းမိမိစိတ်ကြိုက်ထည့်ပြီးပြီး...
နောက်..animationပုံတွေကိုလည်းမိမိစိတ်ကြိုက်ထည့်ပြီးပြီ
ဆိုရင်..သီချင်းစာသားထည့်မယ်...သီချင်းစာသားကိုဘယ်လိုထည့်မလည်းဆိုတာကြည့်လိုက်..ပါ

အရင်ဆုံးစာရေးမယ်နော်.



အပေါ်ကပုံကိုကြည့်လိုက်ပါ...ဘေးမှာ tool bar မှာအညိုနဲ့ဝိုင်းပြထားတဲ့ " T "ဆိုတဲ့စာလုံးလေးကိုကလစ်ပေးလိုက်..
ပြီးတော့..အလည်ကapplication boxမှာသွားလိုက်တော့..ကာဆာလေးကပုံစံပြောင်းသွားပြီ..
အိုကေ..အဲကာဆာလေးကိုထောက်လိုက်တာနဲ့...
စာရေးဖို့အကွက်ကလေးတွေကျလာပြီ..ဟုတ်လားပဲ...စာရေးတော့မယ်.ဆိုရင်...font type/size/color
က..ဘယ်မှာပြောင်းမလည်း..ကျွန်တော်အနီရောင်နဲ့ဝိုင်းပြထားတဲ့..properties မှာသွားပြောင်းလိုက်...
..စာရေးပြီးပြီး...စာကြောင်း လေး ကြောင်းရေးထားပါရဲ့..အဲစာ လေး ကြောင်းက..ဒီအတိုင်းထားရင်ပုံသေကြီးပေါ်နေမှာပဲ
ဒါကို..အ၀င်နဲ့..အထွက်ကလေးတွေ..ဘယ်လို့ထည့်ပေးမလည်း...သီချင်နားထောင်ကြည့်လိုက်..
အပေါ်မှာအစိမ်းနဲ့ဝိုင်းပြထားတယ်နော်.
အဲကောင်လေးကို နိပ်ပြီး..play လုပ်လိုက်တော့.အောက်ကကျွန်တော်အ၀ါရောင်နဲ့ဝိုင်းပြထားတဲ့time line မှာ..
အနီရောင်အတုံးလေးပြေးနေပါလိမ့်မယ်...စက်ပေါ်မူတည်ပါတယ်..play လိုက်ရင်...သူဘာသာအလုပ်လုပ်နေတာကိုခန
စောင့်ပါ..စိတ်ရှည်ပါနော်....ဒီသီချင်းလုပ်တာက..စိတ်ရှည်ပါ..လို့ပဲပြောချင်တယ်..အိုကေ..time line မှာကိုယ့်စာသားက..
အသံဘယ်နားမှာဝင်သလည်း...(စာသားကဥပမာ.."မ..မချစ်လို့သေနိုင်တယ်" ဆိုရင်.အနီရောင်အတုန်းလေးက..
အဲစာသားအတွက်..နံပါတ်ဘယ်လောက်မှာဖြတ်သွားလည်းမှတ်ထားလိုက်..အဲနံပတ်မှာ..အောက်က
ကျွန်တော်ရှင်းပြမယ်..effect ကလေးတွေကိုလိုက်ထည့်လိုက်တော့..
EFFECT ထည့်မယ်...


effect ထည့်မယ်..ကိုယ်ရေးတဲ့စာကို..သီချင်းအသံကဘယ်နံပါတ်မှာဝင်ပြီး.
.ဘယ်နံပါတ်မှာထွက်သွားတယ်လို့မှတ်ခိုင်းထားတယ်နော်..
ကိုယ်ရေးတဲ့စာကိုကလစ်ပေးလိုက်..ကျွန်တော်အညိုရောင်နဲ့ဝိုင်းပြထားတယ်..တွေ့လားပဲ...
အဲဒါက..ကျွန်တော်ရေးထားတဲ..မ..မချစ်လို့သေနိုင်တယ်ဆိုတဲ့စာတန်းရဲ့...lineကလေးးးပဲ..အဲlineကလေးမှာ..
နံပါတ်90မှာဝင်တယ်ဆိုရင်..အဲနံပါတ်90မှာ..right click ပေးလိုက်.ကျွန်တော်နီနဲ့ဝိုင်းပြထားတာကအ၀င်..အ၀ါနဲ့
ဝိုင်းပြထားတာက..အထွက်ဆိုပါစို့...အ၀ါနဲ့ဝိုင်းပြထားတဲ့နေရာမှာ..right click ပေးလိုက်တော့..ကျွန်တော်အစိမ်းနဲ့
ဝိုင်းပြထားတဲ့.box ကလေးကျလာမယ်..အဲbox မှာ..appear into position/ Disappear from position/looping continously
ရယ်..သုံးမျိုးတွေ့လိမ့်မယ်..အဲသုံးမျိုးမှတ်ထားပါ..အဲသုံးမျိုးမှာ..appear into....ဆိုတာက..စ၀င်တာ..
disppear from.....ဆိုတာက..ပြောက်သွားမှာ..အထွက်အတွက်../
နောက်..looping continouslyဆိုတာက..loopingပေးဖို့အတွက်..ပါ..အိုကေ
အဲလောက်ဆိုရင်..တော်တော်အဆင်ပြေနေပြီဗျ..ဒီထက်..ထပ်ပြီးတော့..တတ်ချင်သေးတယ်ဆိုရင်..တော်..စာအုပ်တွေပေးလိုက်
ပါမယ်....သူတို့ရှင်းပြထားတာက..ပို့ရှင်းပါမယ်..ကျွန်တော်ကတော့..ပိန်းတော့..လူပိန်းအတွေးနဲ့.ှရှင်းပြထားတာ..ပါ..
ကျွန်တော်နားလည်ခဲ့သလို့..နားလည်အောင်ရှည်းပြထားတာပါ...နားမလည်ရင်..ပြောပါ..အောက်ကကွန်းမင့်ကနေ..
နားမလည်တဲ့အပိုင်းအလိုက်ထပ်ရှင်းပေးပါ့မယ်..အိုကေလားပဲ..ကဲ့..အားလုံးကိုလေးစားလျှက်..(
အော်မေ့တော့မလို့.mousehaert efffect (mousectheart.swi)ထည့်ပေးလိုက်ပါတယ်..အဲကောင်ကို..ဒေါင်းပြီးတော့..
Insert>import aninmation ကနေထည့်လိုက်ပါ...ရပါတယ်..
ဒါကသာမန်သီချင်းတစ်ပုဒ်လောက်တော့..ကျွန်တော်ရှင်းပြထားတာနဲ့တင်ရလောက်မယ်ထင်ပါတယ်...
ကျွန်တော်ပေးတဲ့ဖိုင်တိုင်းကိုဇစ်ချုပ်မထားပါဘူး။.နက်ဆိုင်မှာသုံးတဲ့သူငယ်ချင်းများအတွက်.အခက်အခဲဖြစ်မှာစိုးရိမ်လို့ပါ..
အားလုံးကိုလေးစားလျှက်..


ကိုdouble tun ရေးထားတဲ့စာအုပ်ကလေးပါ..
swish max book.pdf

 တကယ်လို့..FULLသုံးချင်တယ်ဆိုရင်တော့...အောက်မှာကျွန်တော်လင့်ပေးထားပါတယ်..အသုံပြုရတာ
ကောင်းပါတယ်...
ဘယ်လိုRUNမယ်ဆိုတာကိုပြောပြပါ့မယ်...
ပထမဆုံး..ဇစ်ဖိုင်ကိုဖြည်လိုက်ပါ..ပြီးတော့..အထဲမှာပါတဲ့...setupကိုအရင်ရမ်းလိုက်ပါ...setup run ပြီး
တော့..FINISHမပေးခင်မှာပဲ..PATCHဖိုင်Runလိုက်ပါ..Patchဖိုင်RUNတော့..သူက..နေရာညွန်းခိုင်းပါ
လိမ့်မယ်..C/program files/SWiSH Max3/swishMax3.exeဖိုင်ကိုညွန်းလိုက်..ပါ..ပြီးတော့မှ..Patch လုပ်
လိုက်ပါ..အိုကေပါလိမ့်မယ်နော်..အားလုံးကိုလေးစားလျှက်..
0

SWF ဖိုင်တွေကိုဘယ်လိုSave မလည်း


မတစ်ယောက်ထဲသာ
အိဒြေ္ဒရှင်မလေး

နင်စေရင်(တေးဆို-ပူဆူး)

တခေါင်ယံတစ္စေ

myloveeverendforyou.swf

တစ်ယောက်ထဲသာ

လမ်းမခွဲကြေး(အေသင်ချိုဆွေ)

လမင်းသစ်ပင်(ရိန်မိုး)

မောင့်ရွှေမင်းသမီး(စိုင်းထီးဆိုင်)



ဟုတ်ကဲ့..အပေါ်ကswf ဖိုင်တွေနဲ့ပတ်သပ်ပြီးတော့..တစ်ခုထပ်ပြောချင်ပါတယ်..
သိပြီးသားဖြစ်ရင်ဖြစ်မယ်ပေါ့နော်...မသိသေးသူများအတွက်ရည်ရွယ်ပါ..
အချို့သောswfဖိုင်များကိုဘယ်လိုဒေါင်းလုတ်ချသိမ်းမလည်းဆိုတာကိုကျွန်တော်သိသလောက်ဖြန့်ချင်တာ.ပါ..
ဘာမှတော့မဟုတ်ပေမယ့်....စာဖတ်သူများစိတ်ဝင်စားမယ်ထင်ပါတယ်..ဟုတ်တယ်ဟုတ်...အိုကေ..
swf fileတစ်ခုကိုဖွင့်လိုက်ပါ...အိုကေ...firefox သုံးတဲ့သူငယ်ချင်းများအတွက်
အောက်ကပုံလေးမှာ ကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးတွေကိုကြည့်လိုက်ပါနော်..
.

toolsထဲက page info ကိုသွားလိုက်ပါ..အိုကေ နောက်တစ်ပုံထပ်ကြည့်ပါ..


အပေါ်menu ဘားမှာ general , media ,permi.....
စသဖြင့်လေးခုရှိတယ်..ကျွန်တော်တို့media ကိုကလစ်ပေးလိုက်ပါ..
အောက်ကဘောက်ထဲမှာကျွန်တော်ဝိုင်းပြထားတယ်..တစ်ခုကaddress နဲ့type
ကျွန်တော်တို့လို့ချင်တာက swf ဖိုင်နော်.ဟုတ်ပြီ. အချို့ဆိုဒ်တွေမှာဆို ဘေးကheader တို့ဘာတို့ကပုံတွေပါ..address ဘားမှာ
လာပေါ်နေတတ်တော့..သေချာကြည့်ပါ..ကျွန်တော်တို့လို့ချင်တာဟုတ်မဟုတ်ကိုလင့်ကလေးကော်ပီကူးပြီးfirefox မှားရိုက်ပြီးစစ်ကြည့်လိုက်..အိုကေကျွန်တော်တို့လိုချင်တာဟုတ်တယ်ဆို..အဲကောင်လေးကိုကလစ်ပေးပြီး..Save as တိုတာလေး.ကို..ကလစ်ပေးကလစ်ပေးလိုက်..အဲနောက်မှာတော့save box တက်လာပြီး..မိမိသိမ်းချင်တဲ့နေရာမှာသိမ်းလိုက်ပါ..အိုကေ...ဒါဆိုရပါပြီ..အားလုံးပဲကျေးဇူးတင်ပါသည်...
အဲဖိုင်တွေကို movies ဖိုင်ပြောင်းလို့ရလားလို့မေးဘူးတယ်...ရပါတယ်..screeen capture နဲ့ပြောင်းတာပါ..တကယ်တော့..
ဒါပေမယ့်..mouse effect တွေကတော့..ကျွန်တော်တို့ပြေးနေတဲ့အတိုင်းပဲသူကရိုက်ပေးသွားပါတယ်..အသံကတော့..
ရောနေပါ..မကောင်းပါဘူး..အဲတော့..တကယ်လို့ Ulead ပါ၇ရင်ulead နဲ့အသံပြန်ထည့်ပေါ့..အိုကေ..ဒါပါပဲ..
တကယ်လို့ screen capture ဆော့ဝဲလိုချင်ရင်ကျွန်တော်တင်ပေးပါ့မယ်.ပေါပါတယ်..ဖရီးပေးထားတာတွေ..
အိုကေ..အားလုံးကိုကျေးဇူးတင်ပါတယ်..

Monday, 21 June 2010

0

Aneesoft 3D Flash Galleryအသုံးပြုပုံ




အပေါ်က3Dဖိုင်လေးကိုကြိုက်လားမသိဘူးနော်..
အဲလိုမျိုးဆော့ဝဲတွေကတော့အမျိုးမျိုးရှိပေမယ်....ကျွန်တော်
သုံးတဲ့ဆော့ဝဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်..
သိပြီးသားသူများကတော့ကျော်ဖတ်ပေးပါနော်...
ဘယ်လိုသုံးလည်းဆိုတာကျွန်န်တော်နားလည်သလိုရေးကြည့်မယ်နော်...
အဲလိုပြောလိုခက်ခဲ့မယ်လို့မထင်ပါနဲ့..လုံးဝလွယ်ကူရိုးရှင်းပါတယ်..အသုံးပြုရတာ..
အင်တာနက်ဆိုင်မှာအသုံးပြုသူများအတွက်လည်းအဆင်ပြေအောင်portable(သူရဲ့သဘောတရား
ကိုတော့နားလည်အောင်နောက်မရှင်းပြတော့ဘူး..
သုံးကြည့်ရင်ပေါ့တေလ်ဘဲအကြောင်းကိုနားလည်လိမ့်မယ်)
တင်ပေးထားတယ်..
သူကိုဒေါင်းလုတ်ချလိုက်...ရိုက်ကလစ်ပေး
run at administrator ကိုလစ်ပေးလိုက်..Portableကစက်မှာအပြီးအပိုင်run တာမဟုတ်တော့
နက်ဆိုင်မှာသုံးတွေအတွက်အဆင်ပြေပါတယ်..
runလိုက်တော့..အောက်ကပုံလေးပေါ်လာပြီ..



add photo မှာကလစ်ပေးလိုက်တော့..
open box တက်လာပါလိမ့်မယ်..အဲopen box မှာဖိုတိုရွေးပြီးတော့photo ပေါင်းထည့်ပါ..ဖိုတိုပေါင်းထည့်.ပြီးရင်..
အပေါ်ဘားadd photo ဘေးမှာ template ဆိုတဲ့Menuတွေ့လားမသိဘူး
်တွေရင်
နံပါတ် 2.Template ကိုကလစ်ပေးလိုက်ပါ.
Templateမှာ




Effect သုံးမျိုးရှိပါတယ် Coolရယ် 3D shape ရယ်..3D wall ရယ်သုံးမျိုးရှိပါတယ်..အဲသုံးမျိုးမှာ
မိမိစိတ်ကြိုက်ရွေးပါပြီးတော့setting မှာမိမိစိတ်ကြိုက်backgroud color or photo change လိုရပါတယ်..
နောက် သိချင်းထည့်ထားရင်looping(repeatပေးတာ)ပေးတာတို့နောက်မိမိစိတ်ကြိုက်သွားပြင်လို့ရပါတယ်..
နောက်အဲဘေးမှာadd music ဆိုတာပါတယ်နော်..သူကိုကလစ်ပေးလိုက်ရင open box တစ်ခုတက်လာပြီးတော့
Open box မှာသီချင်းပေါင်းထည့်လိုက်ပါ..အဲသိချင်းကိုဘယ်ကစပြီးဘယ်မှာဖြတ်မယ်ဆိုတဲ့
audio cutter ပါထည့်ထားပါတယ်..နောက်..အကုန်ပြီးပြီဆိုရင်
နံပတ် 3 .Publish ကိုကလစ်ပေးပြီးတော့..အောက်ကပုံအတိုင်းတွေရပါလိမ့်မယ်..

SWF နဲ့ထုတ်လိုက်ပါ..အော်မေလို SWFထုတ်တော့width ကို550လောက်ပဲပေးပါနော်..အကိုတို့အမတို့စာမျက်နှာနဲ့ကိုက်အောင်လို့ပါ..ကဲဘယ်လိုလည်းဆိုတာကျွန်တော်
စာမျက်နှာကိုလာကြည်ပါ..ကျွန်တော်လုပ်ထားတဲ့နမူနာဖိုင်လေး
http://forverfriends.ning.com/profile/yinkhonethannn
ကျွန်တော်စာမျက်နှာပါ

ပြီးတော့..
မိမိစိတ်ကြိုက်ning.comတစ်ခုမှာပိုတင်၇န်မှာပို့တင်မလိုလိုနဲ့..
ဖိုင်တင်ပြီးsave draft နဲ့save ပြီးကုဒ်ယူလိုက်ဗျာ.(.ကဲ..တောင်းပန်ပါတယ်နော်..)
add post ကိုကလစ်ရင်အောက်ကbox ပေါ်လာမယ်ဟုတ်တယ်ဟုတ်

အဲဘာက်မှာကျွန်တော်ဝိုးပြထားတဲ့စာရွက်ပုံလေးမှာဖိုတင်တဲ့နေရာပါ..
ကလစ်ပေးရင်box တစ်ခုတက်လာမယ်..အဲဘောက်မှာဖိုင်ကိုရွေးတင်လိုက်...
ဖိုင်တင်လိုက်.ဖိုင်တင်ပြီးရင်..HTMLဆိုတာကိုကလစ်ပေးလိုက်ရင်..ဖိုင်လင့်ကလေးထွက်မယ်..ဟုတ်တယ်
ဟုတ်...
(http://api.ning.com/files/ExcBFTeG0plaEIX9abYbCDUPoV7yiFaTJiQSMVvQg1QJnJWM11oQyhuR3k58dn0m*SqWIgsGgDC575eY1Az5HAicGtDKlQdk/sample.swf)(ဖိုင်လင့်နမူနာ)
ဖိုင်လင့်ကိုအောက်ကုဒ်မှာနေရာမှlinkURLနေရာမှာအစားသွင်းလိုက်..အိုကေလိမ့်မယ်..
ကဲ..

<embed wmode="opaque" src="linkURL" quality="high" bgcolor="#FFFFFF" width="550" height="350" type="application/x-shockwave-flash" allowscriptaccess="never"></embed>

ဒါကိုသူငယ်ချင်းများစာမျက်နှာ
မှာtext box ကလေးတွေ့ပေးထားပါတယ်..
အဲမှာသွားထည့်လိုက်ပါ.နော်..သူငယ်ချင်းတို့စာမျက်နှာကိုလှသွားအောင်လို့ပါ..နောက်
ဘယ်လိုအသုံးပြုမလည်းမိမိဘာသာလိုအပ်တဲ့နေရာမှာအသုံးပြုနိုင်ပါတယ်..ဆော့ဝဲကလည်းfreewareပါ..ပိုက်ဆံမပေးရပါဘူး..မပူနဲ့.
နမူနာလုပ်ထားတဲ့ပုံလေးကိုကြည့်ချင်ရင်အောက်မှာပေးထားပါတယ်..ကျွန်တော်တို့ဘာသာစကားသင်တုန်းကဆရာနဲ့လေ့လာရေးထွက်
တုန်းကပုံများဖြစ်ပါတယ်.အဆင်ပြေမယ်ထင်ပါတယ်..
အောက်ကဆော့ဝဲကိုဒေါင်းလိုက်ပါ...

DOWNLOAD


သိလိုတတ်လိုဆရာလုပ်တာမဟုတ်ပါဘူး.မသိသေးတဲ့သူငယ်ချင်းအတွက်တင်တာပါ..တစ်ယောက်ယောက်ဖတ်လို့သဘော
ကြရင်အောက်မှာကွန်းမင့်ရေးပေးပါ....

Friday, 18 June 2010

0

window logon screen ပြောင်းခြင်း


window7 logon screen ကိုအောက်ပါဆော့ဝဲနှစ်ခုနဲ့ပြောင်းပေးလို့ရပါတယ်...
နှစ်ခုလုံးကfreewareတွေဆိုတော့....အဆင်ပြေတာပေါ့...သိမခက်လိုပြောမနေတော့ပါဘူး..
တစ်ခုကတwindow7 logon changerနဲ့
tweaks window7 logon changerပါ..နှစ်ခုံးလုံးအသုံးပြုရအဆင်ပြေပါတယ်..



အပေါ်ပုံကwindow7logon changer နဲ့ကိုဖွင့်လိုက်တဲ့ပုံပါ..
အောက်ကပုံကတော့..tweaksနဲ့ဖွင့်လိုက်တဲ့ပုံပါ..
ပြီးတော့..မိမိကြိုက်နှဟ်သက်ရာကိုပြောင်းလည်းနိုင်ပါတယ်.


xp မှာလည်းရပါတယ်..အခုကျွန်တော်ပေးတဲ့logon studio နေဲ့ပြောင်းလိုက်ပါ.အဆင်ပြေမှာပါ.....မခတ်ပါဘူး...







ဆော့ဝဲလင့်ကဒီမှပါ= Download Here



မူရင်းဆိုဒ်ကဒီမှာပါ http://www.stardock.com/products/logonstudio/မူရင်းဆိုဒ်ကဒီမှာပါ http://www.stardock.com/products/logonstudio/

Saturday, 12 June 2010

0

ExpressBurner 4.36_Portabler






ကဲအဆင်ပြေမှာပါ.. ExpressBurn Portableလေးပါ..အသုံးဝင်မယ်ထင်တယ်…ပေါ့လည်းတော်တော်ပေါ့တယ်ဗျ…
မီဂါဗိုက်.1.2 တဲ့..ကဲ့..သီချင်းတစ်ပုဒ်စာတောင်မရှိဘုးဗျာ…..
အဆင်ပြေမှာပါ..အသုံးပြုတဲ့သူတွေအတွက်…

သူအသုံးဝင်ပုံကိုအောက်ကပုံလေးကိုကြည့်လိုက်ရင် ကိုသိမှာပါ..အဆင်လည်းပြေမှာပါ….


Burnhttp://www.mediafire.com/file/lone2jljnjg/ExpressBurn_4.36_Portable.rar

Thursday, 10 June 2010

0

အကခုနှစ်ဖြာ(ဖိုးချစ်)


တကယ်တော်တယ်ဗျာ..တကယ်လေးစားဖို့ကောင်းတဲ့သဘင်သည်တစ်ယောက်ဆိုရင်မငြင်းလောက်ပါ
ဘူးနော်....လေးစားပါတယ်ကိုဖိုးချစ်ရယ်.....နောက်ကဆက်လက်ဖတ်ရှူရန်ကနေသွားကြည့်လိုက်ပါနော်...
ဖိုးချစ်ပြောတာနဲ့..ကျွန်တော်လည်းငယ်ငယ်ကအညာမြေကိုသတိရတယ်ဗျာ...ကျွန်တော်မွေးရပ်မြေ..အညာ
မြေ...ဖုန်တထောင်းထောင်းထနေပေမယ်..အညာလေဟာသန့်စင်မြဲသန်စင်လျှက်ပါ...
မကွေးမြို့ဆိုတဲ့ဆိုးဘုဒ်ကိုမတွေခင်ကပင်မကွေးရဲ့ရနံ့တွေဖြစ်တဲ့...တမာမြေပင်အကြီးကြီးတွေ.ရဲ့တမာရနံ့
ကိုအောင်သူဆိုထားတဲ့.တမာရနံ့လေးသင့်သင့်မွှေးတဲ့..အညာမြေပေါ့ဗျာ...နောက်.ကုက္ကိုပင်
ညောင်ပင်..မန်ကျီးပင် စတဲ့အပင်တွေရဲ့အရိပ်ကိုစရနေရပါပြီ..တမာရနံနဲ့အပြိုင်..နွားချီးနံ့လေးတွေကလည်း
သင်းပံျ့နေပေဦးမယ်....
အဲလိုအညာမြေရဲ့ရနံ့တွေကို..အဖော်ကျူနိုင်ဆုံးက.. လေရူးတွေတိုက်တဲ့..နွေဦးရာသီပဲဖြစ်လေ..သည်..
အဲလိုရာသီမှာ...လက်ပံပင်တွေကလည်းတပင်လုံးရဲရဲနီနေတတ်တယ်....ဆက်ရက်ငှက်တွေအသံတွေနဲ့ကျွက်
ကျွက်ညံနေတတ်တဲ့..နွေဦးပေါက်ရာသီပဲဖြစ်လေသည်..
ကျွန်တော်တို့ငယ်ငယ်ကတော့..ဥသြငှက်သံပါကြားဘူးသေးတယ်..
အခုတော့..မရှိလောက်တော့ပါဘူး....အဲလိုနွေဦးပေါက်မှာမှ...
ကျွန်တော်တို့ရွာဦးစေတီဘုရားပွဲကျင်းပနေတတ်တယ်..နောက်...ရွာနီးချုတ်စပ်  အလှူတွေ..နဲ့.
ပွဲလမ်းသဘင် စီကားနေတတ်တယ်..အဲလိုအချိန်မှာ..ကျွန်တော်ပြောချင်တဲ့ကိုဖိုးချစ်တို့..လိုအငြိမ့်တွေ...
ဇာတ်သဘင်တွေကြည့်ရတတ်တယ်ပေါ့ဗျာ....
မှတ်မှတ်ရရပေါ့...
အဲလိုအချိန်မှာဆိုရင်..တရွာနဲ့တရွာကူးနေတတ်ကြတယ်....ဟိုအမျိုးဒီအမျီုးတွေ..နဲ့..အိမ်မှာဆိုလည်းလူမပြတ်
တမ်းပဲ.....အဖွားအိမ်ဆိုပိုဆိုးသေးတယ်.....
အလှူရှိတယ်..ပွဲရှိမလား..အဲနေကတော့..ညလုံးပေါက်ကြည့်ကြတယ်..နေလည်းနေနိုင်ကြတယ်..ပွဲသုံးရက်ဆို..
သုံးရက်လုံးမအိပ်ပဲနဲ့..အဲ..သုံးရက်သာပြီးလို့ကတော့...အိပ်ရေးပျက်တာက..စတော့ပေါ်တော့တာပဲ...
အဲတော့..ပြောကြပြန်      ပွဲကိုက်တယ်လို့......(ခေါင်းတွေလေးလာတာကိုပြောတာ...အိမ်ရေးပျက်လို့.ကိုယ်လက်မအိမသာဖြစ်နေတာကိုပြောခြင်းဖြစ်ပါတယ်..)
အဲလိုအညာမြေရဲ့..နွေဦးပေါက်..လွမ်းမောဖွယ်လေးတွေပါ.....


0

စာမေးပွဲဖြေပြီးရင်..



ဘာလုပ်ရမလည်း..............?
သူငယ်ချင်းကဖလက်ဘယ်လိုလုပ်လည်းတဲ့
ငါလည်းသိဘူးလို့...အ..........ီးတစ်ယောက်ပြီးတစ်ယောက်လာမေးကြတယ်..
ကျွန်တော်တတ်တာကသီချင်းလုပ်တာပဲတတ်တာ..
သီချင်းတောင်လုပ်တတ်တယ်ဆိုရုံလေးပဲတတ်တာပါ..ကျွမ်းကျွမ်းကျင်ကျင်မတတ်ပါဘူး..တကယ်
သူတို့ကတစ်ယေက်ပြီးတစ်ယောက်လာမေးတော့..စာအုပ်တွေရှာပေးလိုက်တယ်..SwisHနဲ့ဆိုင်တဲ့စာအုပ်တွေ
အဲတော့မှ..ငါလည်းSWiH ကိုတတ်အောင်လုပ်ရမလားပေါ့..နောက်မှ..အကိုတစ်ယောက်ပြောဘူးတာသတိရ
တယ်..ကွန်ပျူတာပညာဆိုတာအကျယ်ကြီးပဲတဲ့..အဲမှာမှ..နက်ဝတ်ပိုင်းကတိုးလာတော့..လိုက်လိုမမှိတော့ဘူး
တစ်ခုပြီးတစ်တိုးတက်နေတာပေါ့..အဲလိုအထဲမှာမှ....ကိုယ်ဝါသနာပါတဲ့တစ်ခုခုကို..တတ်ထားတဲ့
ပညာတစ်ခုခုတတ်အောင် ကျွမ်းကျင်အောင်လုပ်တဲ့..
အဲတော့..ဒီနွေမှာတစ်ခုခုကိုစလိုက်မယ်ပေါ့...
ကျွန်တော်လည်းတွေးတယ်..ငါတတ်တာကဘာလည်းလို..ပေါ့..အဲတော့မှ..ငါတတ်တာကနက်ဝတ်ကင်း
ပိုင်းတစ်ခုမှမတတ်တာ..နောက်အထဲကဆိုဒ်ပိုင်းဆိုင်ရာကော..အင်း
HTMLတတ်လား..သိတော့သိတယ်..နည်းနည်းပဲသိတာ..တတ်ဘူး...
အဲတော့နက်ဝတ်ပိုင်းက..တော့မတတ်တာကျိန်းသေပြီ......ကွန်ပိုင်းကဟတ်ဝဲလား..
ဆော့ဖ်ဝဲပိုင်းလား..စဉ်စားတော့..ဖိုတိုရှော့ကတော့..လက်ရှော့လိုက်..Paint တောင်ကောင်းကောင်းမရတာ..
ဖလက်နဲ့တန်းပလိတ်တွေဆောက်မလား.ဟဟဟ သီချင်းတောင်ကောင်းကောင်မရတာ..အဲတော့...
c လား
c# လားc++လားjava လား...ဆိုးနေပြီးတစ်ခုမှကောင်းကောင်းနားမလည်းဖော့ရွှိးတော့ရမယ်ထင်တယ်..
ဟဲဟဲ..
နောက်တော့..ဟတ်ဝဲပိုင်း  ဖြုတ်တာတတ်တာတောင်းကောင်းကောင်းမကျွမ်းကျင်တာ..အဲတော့.
ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်..ဒီနွေမှာ...ကောင်းကောင်းနားပြီးကောင်းကောင်းစားပါတော့.မယ်.လို့
တစ်ခုမှမလုပ်တော့ဘူး....ဟီးဟီး..စတာပါ..ဒီနွေမှာ..ကျွန်တော်တစ်ခုခုကိုရအောင်စသင်မယ်ဗျာ..
ဘာလည်းဆိုတာတော့..မပြောချင်သေးဘူး....
တကယ်တော့..ကျွန်တော်ပြောချင်တာက..ကျွန်တော်တို့လိုမဖြစ်အောင်လို့ပါ..ညီငယ်တွေကို..
ကိုယ်လုပ်ချင်တာကိုတစ်ခုပဲတတ်အောင်သင်...အဲတစ်ခုမှာမင်းတော်ရင်..ကျန်တဲ့အပိုင်းက.သူ
များကိုယ်ခိုင်းလိုက်..ကိုယ်ကနားလည်ရင်ရပြီး.အပိုင်းတစ်ခုကိုကျွမ်းကျင်စေချင်တယ်...
နောင်လာမယ်..မြန်မာနိုင်ငံအနာဂတ်မှာကွန်ပျူတာပညာရှင်များပေါ်ပေါက်ပါစေ.....
အားလုံးကိုကျေးဇူးတင်လျှက်..
အခုတော့စာကျက်လိုက်ဦးမယ်ဗျာ..အရေးကြီးနေပြီ စာမေးပွဲက...အီးးးးးးးးးးးးးးးးးးးးးးးအီးးးးးးးးးးးးးးးးအီးးးးးးးးးးးးး
စိတ်ညစ်တယ်.....................

Wednesday, 9 June 2010

0

Portable Jasc Paint Shop Pro v7.04 Anniversary Edition





Photo Enhancement

· Automatically adjust colour balance, contrast, and saturation.

· Remove red-eye on people and animals.

· Restore damaged photos with Scratch Removal tool.

· Adjustable Histogram enhances details without loss of information.

· Automatically improve video, scanned, and overly compressed images.

· Automatically remove noise, scratches, dust, or specks and improve crispness and impact.

Business/Home Graphics

· Vector shapes, lines, and text now support gradients, textures, and patterns on the stroke and fill.

· Brushes now support gradients, textures, and patterns.

· Align, distribute, arrange, group and resize vector objects.

· Create and save custom-styled lines with dots, dashes, and end-caps.

· Create and save custom shapes for reuse.

· Position more precisely with snap-to grid and guides.

· Experiment with over 25 new artistic and lighting special effects.

Web Design

· Create professional-quality GIF animations with Animation Shop 3.

· Preview graphics in various Web file formats in up to three browsers.

· New PNG optimizer for high Web performance.

· An Image Mapper and Image Slicer with javascript rollover creation support.

Productivity & Ease of Use

· Save and retrieve workspace arrangements to manage projects.

· Quickly identify and select with thumbnail previews of Picture Tubes, Gradients, Textures, and Preset

Shapes.

· Navigate more easily while in Zoom mode with the Overview window.

· Protect critical work with customizable Autosave.

· Repeat last command feature.

· Easily view your adjustments with proofing, autoproofing, and reset options on most dialogs.




DOWNLOAD

http://www.fileserve.com/
http://www.mediafire.com/
0

window7 genius ဖြစ်နေသူများအတွက်




ဝင်းဒိုး7မှာကခနခနပြသနာဖြစ်နေကြတယ်ဗျ..၀င်းဒိုးကိုအပ်ဒိတ်ပေးလိုက်တဲ့သူတွေမှာအများဆုံးဖြစ်လေရှိတယ်
geniusကြီးပေါ်ပေါ်လာတယ်နော်.အခုကျွန်တော်ပေးတဲ့ဆော့ဖ်ဝဲလေးနဲ့သုံးကြည့်လိုက်ပါ..အသုံးဝင်လောက်ပါ
တယ်နော်....

http://www.mediafire.com

Tuesday, 8 June 2010

0

Change default font type & text size of browser


1.  Mozilla Firefoxကိုဖွင့်လိုက်ပါနော်
2. Menu bar မှာ Tools ထဲက Optionsကိုလစ်ပေးလိုက်ပါ
3. အဲနောက်မှာoptions box ထဲမှာ  Content Tab ကိုကလစ်ပေးလိုက်ပါပြီးတော့ Advanced option ထဲမှာ Font and Colors sectionတွေပါလိမ့်မယ်..အဲမှာမှ မိမိကြိုက်နှစ်သက်ရာfont ကိုသွင်းနိုင်ပါတယ်.


Text Settings in Internet Explorer

1. Internet Explorerကိုဖွင့်လိုက်ပါ
2.  Tools > Internet Optionsကိုကလစ်ပေးလိုက်တော့
3.   General tab ရဲ့အောက်မှာ Font bottom လေးကိုကလစ်ပေးလိုက်ပါ
မိမိကြိုက်နှစ်သက်ရာဖောင့်ကိုပြောင်းနိုင်ပါပြီ

Text Settings in Google Chrome

1.  Google Chromeကိုဖွင့်
2.  wrench icon > Optionsကိုသွား
3. Go the Under the Hood tab ကိုသွားပြီးတော့
အဲထဲမှာမှChange Font and Language setting.ကိုကလစ်ပေးလိုက်ပါ...
အဆင်ပြေပါပြီ...မိမိလိုချင်တဲ့ဖောင့်ကိုပြောင်းလိုက်တော့......

0

မြန်မာ-အင်္ဂလိပ် /အင်္ဂလိပ်-မြန်မာ Distionary



ဘာတုန်းဘာလည်းဆိုတော့
ဘာမှလည်းမတုံးသေးသလို့ဘာမှလည်းမလဲသေးပါဘူးနော်..
ကဲ အခုပြောမှာကလဲလားတုံးလားတော့မသိဘူး….အသုံးလိုမယ်ထင်လို့မျှပေးလိုက်တာပါ
မြန်မာ-အင်္ဂလိပ် /အင်္ဂလိပ်-မြန်မာ အဘိဓါန်စာအုပ်ကလေးပါ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ…နော်..
ကဲ
Feature တွေကတော့
+ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော အသုံးပြုပြီး ရှာဖွေနိုင်သည်။ အင်္ဂလိပ်-မြန်မာ (Ornagai), မြန်မာ-အင်္ဂလိပ် (စိုင်း မြန်မာ-အင်္ဂလိပ်), ကိုညီလင်းဆက် ပြုစုထားသော မြန်မာကျေးရွာနာမည်များအဘိဓာန် ကို အသုံးပြုထားသည်။
+ မြန်မာစာ၏ ဝဏ္ဏဖြတ်စနစ်ကို အသုံးပြုပြီး ရှာဖွေခြင်းကို ပိုမိုတိကျအောင် ပြုလုပ်ထားသည်။ ဥပမာ - ကံ ကိုရှာစဉ်တွင် ကြံ ကို ရှာဖွေမိခြင်းမရှိစေရ။
+ စာလုံးပေါင်း အတိုင်းအတာတစ်ခု အထိပြင်ပေးနိုင်သော အလိုအလျှောက် စစ်စတမ် တစ်ခုပါရှိသည်။ ဥပမာ - ကခြော်ကခြွတ် လို့ရိုက်ပြီး Enter ကီးသုံးပေးပါက အလိုအလျောက် ကချော်ကချွတ် သို့ပြောင်းပေးသွားမည်။

ဒီထက်ပိုပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်

အဲမှာသွားကြည့်လိုပါနော်..အားလုံးလည်းအဆင်ပြေပါစေ…
Dowloadအတွက်ကတော့ အောက်မှာပါ…

Popular Posts