• အပျံသင်စငှက်ငယ်လေး

    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...

  • ကော်ဖီခါးခါး

    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။

  • ကျနော်နှင့် နတ်စိမ်းများ

    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။

  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး

    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..

Thursday, 27 May 2010

ရွာကအဖြစ်လေးတစ်ခု




ဒီနေ့....
စိတ်ထဲမှာတစ်ခုခုဖြစ်နေတယ်ဗျာ..ဘာလုပ်လို့ဘာကိုင်ရမှန်းမသိနဲ့.လူလည်း
သူငယ်ချင်းကပြောတယ်စိတ်ညစ်ရင်သောက်မလားတဲ့..ကျွန်တော်ကဖြတ်ထားတာဆိုတော့မသောက်ချင်ဘူး..
အဲတော့..ကျွန်တော်လည်း  ကြံရာမရတာနဲ့.. အစားတွေကြီးလိမ့်စားပြစ်တယ်ဗျာ...
နောက်တော့အဲအကြံကမဆိုးဘူး..ကျွန်တော်လို့ငပိန်တစ်ကောင်အတွက်တော့..စိတ်ညစ်ရင်..အစားစားတာက
အကောင်းဆုံးဖြစ်မယ်ဗျ.......
တကယ်ပါဗျာ...စိတ်ကလေးနည်းနည်းလောက်ပျော်မယ်စိတ်ကူးလိုက်...လူကလေသွားလိုက်နဲ့....ကြံရာကိုမရ
တော့ဘူး....ဟဟ...
လူကလည်းအရက်ဆေးလိပ်ဖြတ်ထားတာတောင်ရင်ဘတ်ကခနခနအောင့်အောင့်နေတတ်တယ်..တော်တော်
ဆိုးတာပဲ...
စားမေးပွဲတွေကဖြေ..ဖြေတိုင်းမှာမကွဲအောင်မနည်းထိန်းနေရတယ်.....အိမ်ကိုလည်းလွမ်းနေတယ်...တော်သေး
တယ်..အိမ်ကလာပေလို့...ညီမတွေက..အလိုက်တော့သိတယ်...ဗျ...ကျွန်တော်စိတ်ညစ်ရင်ပေါ်ပေါ်လာတတ်
တယ်...သူတို့တစ်တွေက....
အော်..ဒါနဲ့..ပြောရဦးမယ်...ကျွန်တော်အဖေက..အရက်တော့နည်းနည်းသောက်တတ်တယ်..သူက...
အရက်သမားအခေါ်ဆို..တပြားစာပေါ့..ညနေတိုင်းမှာ..သူကအရက်တပြားနဲ့..ငြိမ်နေတော့တာပဲ...
ဖေဖေကိုအရက်ဖြတ်စေချင်ပြီ...ဗျ..ကျွန်တော်ဖြတ်လိုက်တာလည်းအဲဒါလည်းပါတာပေါ့..ဖေဖေကိုပါဖြတ်စေချင်
လို့..သူကမွေးတဲ့သူသားတောင်လိမ္မာနေပါ့လားဆိုတာကိုသိစေချင်လို့ပါ...အဲမှာ..ညီမလုပ်တဲ့သူကပြောတယ်ဗျ...

ဖေဖေအရက်ပြတ်စေချင်ရင်...ဖေဖေကိုကြာကန်သွားဖို့ပြောစမ်းပါဟာတဲ့.....
ကျွန်တော်က..စဉ်စားတယ်..ဘာလို့လည်းပေါ့...
ဖေဖေတို့ဇာတိကြာကန်ဆိုတာက  အရက်တအားပေါတဲ့ဒေသဗျ...ရွာလို့သာပြောတ..အိမ်ခြေက..နှစ်ထောင်လောက်ရှိတယ်...
အဲဒေသကထန်းလျက်ကလည်းတအားထွက်.....ဆိုတော့..ထန်းလျက်ကနေချက်တဲ့အရက်ဖိုကလည်း
တော်တော်များပဲလား..
အဲလိုနေရာကိုအရက်ဖြတ်ဖိုအတွက်သွားခိုင်းတယ်ဆိုတော့..သိပ်ရပ်တိမတန်ဘူးပေါ့ဗျာ...
ကျွန်တော်လည်းသေချာမေးကြည့်တော့..အဲမှာဘုန်းကြီးတစ်ပါးရောက်နေတယ်တဲ့..သူကဂူ တွေမှာ
တရားထိုင်တယ်တဲ့....သူရှေ့ရောက်ရင်..အကုန်အရက်ဖြတ်ကုန်တယ်တဲ့..အော်.တော်တော်ကြည်ညိုသွား
တာပေါ့...
အဲဒါနဲ့မေးကြည့်တော့..အခုအဲကိုဘာလို့ရောက်နေတာလည်းလို့မေးကြည့်တော်..သူပေးတဲ့  ချဲဂဏန်းကို..
ရွာကလူတွေတအားပေါက်လို့ရွာကိုပင့်ထားတာကြာပြီတဲ့..အော်..အော်..တော်တော်ကြည်ညိုမိပါရဲ့ဗျာ...
ချဲဂဏန်းပေးတဲ့ဘုန်းကြီးဆို ကျွန်တော်ကြည့်ကိုမကြည့်ညိုတတ်တာ...

ကဲစာဖတ်တဲ့သူများသွားတောင်းချင်သွားတောင်ကျဗျီု...
မကြာပါဘူး...အဲဘုန်းကြီးကဆေးလဲကုတတ်တယ်တဲ့..အဲမှာတကာမတစ်ယောက်ကနို့မှာအကြိတ်ပေါက်လို့
သွားအကု မှာ  ညားကြလေသတည်းပေါ့.........

(ကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်ပါ..ဆိုတာတော့..ပြောပါရစေ..ကျွန်တော်မှာ..ဘာရည်ရွယ်
ချက်နဲ့မှ..အခုလိုပြောခြင်းမဟုတ်ပါ...မှတ်မှတ်ရရလေးကိုသတိရလို..ချရေးလိုက်တာပါ.....
အမှားပါရင်တောင်းပန်ပါတယ်ခင်ဗျာ...)

0 comments:

Post a Comment

Popular Posts