• အပျံသင်စငှက်ငယ်လေး

    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...

  • ကော်ဖီခါးခါး

    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။

  • ကျနော်နှင့် နတ်စိမ်းများ

    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။

  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး

    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..

Thursday, 4 March 2010

အလွမ်းများနှင့်ရူးသွပ်ခြင်း.....



ချစ်သူရေ..
ငါတို့ချစ်ခဲ့ကြတာအပြစ်လား...
ဘာလို့ငါတို့ကဝေးနေကြတာလည်း....
ကံကြမ္မာရဲ့လှည့်စားမူတစ်ခုပဲလား...
ဘယ်လိုပဲဖြစ်ဖြစ်ပါ..
      
ငါတို့အသည်းနင့်အောင်ချစ်ခဲ့ဘူးတယ်ဆိုတာတော့..
ဘယ်သူမှမသိပေမယ့်..
ငါတိုသိတယ်....။
ငါတိုအချစ်တွေကို
ဘယ်သူမှမမြင့်နိုင်ပေမယ့်..
ငါတို့နှစ်ယောက်မြင့်နိုင်တယ်...ချစ်သူ..။
ငါတို့ဆုံနိုင်ခွင့်ကဘယ်တော့လည်း...
တကယ်တော့မဆုံဆည်းနိုင်တဲ့ဘ၀နှစ်ခုမှာ..
အလွမ်းဆိုတာက..ငါတို့အတွက်အကောင်းဆုံးမိတ်ဆွေကြီးပါ...။
ချစ်သူရယ်...
ကောင်းကင်မှာရှိနေတဲ့ကြယ်ပွင့်လေးကို
မရနိုင်မှန်းသိပေမယ့်..
ကြယ်ကြွေချိန်ကြမှရနိုင့်မယ့်ငါအတွက်တော့...
ကြယ်ပွင့်လေးကိုမကြွေစေချင်တော့ပါဘူး....
မျှော်လည်းမမျှော်လင့်ရဲတော့ပါဘူး..ကွယ်...။
ချစ်သူရယ်...
အလွမ်းတွေကိုလူမသိနိုင်ပေမယ့်...
ငါမျက်ရည်တွေကိုတော့လူတွေမြင်နိုင်ကြတယ်လေ....
သူတို့ကမေးတယ်...ဘာလို့ကျတာလည်းတဲ့..
ငါပြောတော့သူတိုရယ်ကြတယ်..
မင်းကရူးနေတာတဲ့...
ငါလည်းပြန်ပြောလိုက်ပါတယ်...
ရူးခြင်းရူးတောင်..ငါကအချစ်ရူးပါလို့...
 ချစ်သူရယ်....မင်းကိုရူးလို့ချစ်တာလား..
ချစ်လို့ရူးတာလားဆိုတာငါမသိပေမယ့်...
သေချာတာတစ်ခုကတော့...
ရူးလောက်အောင်ချစ်တယ်ဆိုတာပါပဲချစ်သူရယ်......

0 comments:

Post a Comment

Popular Posts