• အပျံသင်စငှက်ငယ်လေး

    အမွေးကမစုံ တောင်ပံ တစ်စုံ အားမာန်ပြုပါလို့ ဘယ်လေအဟုန်မှာ ဖြစ်ပါစေ အတင်းထိုးလို့ ပျံသန်းမယ်။ သို့ပေသော်လည်း...

  • ကော်ဖီခါးခါး

    အစိုးမရတဲ့ မင်းစိတ် အစိုးမရတဲ့ မင်းအပြုံးတွေနဲ့ အစိုးမရခဲ့တဲ့ ငါတို့အချစ်တွေကလည်း အစိုးမရတဲ့ မင်းမာနတွေကြောင့် တိုးတိတ်ခဲ့ရလေပြီ။ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစိတ်တွေနဲ့ ရိုးသားမူ့မရှိခဲ့တဲ့ မင်းစကားသံတွေကြားမှာ ရိုးသားမူ့ဆိုတဲ့ စကားတွေအထပ်ထပ်နှောပြီး ရိုးသားမူ့မရှိတဲ့ မင်းမာယာတွေကြောင့် မသိမသာလေးနဲ့ ငါကျရှုံးခဲ့ရပြီ။

  • ကျနော်နှင့် နတ်စိမ်းများ

    ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပေါ့.. ကျနော်ဆိုတဲ့ ငတိကလည်း နတ် တို့ သရဲ တစ္ဆေတို့ ဆိုရင် သိပ် မယုံချင်ဘူး။ ရှိခဲ့မယ်ဆိုရင်တောင် သူတို့ က လူ ဆိုတဲ့ သတ္တ၀ါထက် နိမ့်တယ် ။ ငါတို့ ထက် နိမ့်တယ် လို့ပဲ သတ်မှတ်တဲ့ ကောင်။ သရဲ တစ္ဆေ ကတော့ အခုအထိကို တခါမှ မတွေ့ဘူးဘူး။ တမင် တကာ တော့ မဟုတ်ပေမယ့် ည ကြီးအချိန်မတော်တွေမှာလည်း သရဲ တစ္ဆေ ရှိတယ် ဆိုတဲ့ နေရာတွေ၊ နောက် မြေ ပုံအလောင်းတွေပေါ်လည်း ကျော်ခွပြီး ည အချိန်မတော် သွားခဲ့ဘူးတာပဲ။ ဘာမှ မဖြစ်ပါဘူး။ နတ်နဲ့တော့ ကျနော် ထိပ်တိုက်တွေ့တာလား ဒါမှ မဟုတ် ကျနော်တို့ ရဲ့ ပေါ့ဆ မူ့ကြောင့် လားဆိုတာ ကို အခုအထိ မတွေးခဲ့နိုင်ခဲ့ဘူး။

  • ကျနော် သင်ခဲ့ရတဲ့ မျိုးချစ် စိတ် ရှင် သန် ထက် မြက်ရေး

    ဒီနိုင်ငံမှာ အားကျ စရာ တစ်ခု ရှိတယ်ဗျ.. ဘာလည်းဆိုတော့ ဘယ်ပြ တိုက် ပဲ သွားသွား ကလေးတွေနဲ့ အမြဲ တမ်း တိုးနေရတာ အဲ့ဒါက ဘာပြောချင်တာလည်းဆိုတော့ ကျနော်တို့ တိုင်းပြည် က မိဘသည် သော်လည်းကောင် ဆရာ/ဆရာမသည် သော်လည်းကောင်း လေ့လာရေးအတွက် ခရီးထွက်တယ် ပြ တိုက်တွေ လိုက်ပို့တယ် ရှင်းပြ တယ်ဆိုတာ ရှားတယ်.. ဥပမာ ကျနော်တို့ ကိုးတန်းနှစ်လောက်က ပုဂံ ကို သွားတာလောက်ပဲ တွေ့ကြုံခဲ့ဘူးတာ..

Friday, 11 February 2011

ဖေဖေါ်ဝါရီဆယ့်သုံးမှာ...



ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖါသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား
မိခင်ဒေါ်စုသား။
ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား..။

ငယ်စဉ်အရွယ် ကလေးဘ၀ထဲက အလွတ်ရလာတဲ့ ကဗျာ တစ်ပုဒ်..
မြန်မာ့သမိုင်းဝင် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာ တစ်ပုဒ်..
ဘယ်ခေတ် ဘယ်အခြေအနေပဲရောက်ရောက်ပါလေ..
မြန်မာဆိုပြီးရှိနေသမျှ အောင်ဆန်းဆိုတာ လည်းတည်နေမှာပါ..ဘယ်တော့မှ မေ့ပြောက်လို့မရတဲ့ သမိုင်းတစ်ခု..
ဒီနေ့ က ပြည်ထောင်စုနေ..နောက် မနက်ဖြန်က ဗိုလ်ချုပ်မွေးနေ့...နောက်တစ်ရက်ကျတော့ ချစ်သူများနေ့..
ဗိုလ်ချုပ်မွေးနေမှာ ဗိုလ်ချုပ်အုတ်ဂူ ပန်းစည်းတစ်ခတ် ရောက်ချင်မှ ရောက်လိမ့်မယ်..
နောက်တစ်ရက်မှာတော့ ...........
တရားပါပေ့..တရားပါပေ့...
သူအနစ်နာခံခဲ့တာကြောင့် ငါတို့ လူဖြစ်နေရ ဒီကာလမှာ မြန်မာ ဟေ့ ဆိုပြီး ကမ္ဘာအလည်မှာ ဂုဏ်ဝင့်နိုင်တာမလား..
သူစွန့်လွတ်ခဲ့မူတွေကိုတော့ ပြော၍ ကုန်မည်မထင်..ဒါပေမယ့်..ဒါပေမယ့်..
ဖေဖေ ဖေဖေနဲ့ သာလူတိုင်းက ပြောနေပြီး သူမွေးနေ့မှာ ဘာကောင်းမူတစ်ခု လုပ်ပေးကြသလည်း..
ကဲ..ကဲ..
အမှတ်တရ ဘာလုပ်ကြမှာလည်း ကြည့်ချင်စမ်းပါဘိ.....
မဝေးကွာသေးတဲ့ သမိုင်းမှာတောင်မှ ဒီလောက်ဖြစ်နေရင်..နောင်...နောင်..နှစ်လေးငါးဆယ်မှာ ဆိုရင်ဖြင့်..
မတွေး ၀ံ့ စရာပဲ..အောင်ဆန်းဆိုတာတောင် ကြားဘူးတော့ မှာမဟုတ်တော့ဘူး..နော်...

0 comments:

Post a Comment

Popular Posts