ဒီခေါင်းစဉ်နဲ့ ရေးချင်နေတာကြာပါပြီ..ဘာလိုလိုနဲ့..ကျွန်တော် တို့ကျောင်းတော်ကြီး ရင်ခွင်က နေ ခွဲခွာ
ခဲ့ရတာ အခု ဆိုရင်လေးနှစ်ထဲရောက်နေပြီ..ဒါပေမယ့် ကျောင်းတော်ကြီးက သတိရစရာ အတိတ်ဟောင်းလေး
တွေကိုတော့ မှတ်မိနေဆဲပါပဲ..
ဒီအထဲ က အခု ကျွန်တော် ရေးမယ့် ဟာသလေးများကတော့ ခေတ်အဆက်ဆက် ဗိုလ်လောင်းတွေ နည်းပြတွေ
ရဲ့ ဟာသလေးတွေပါပဲ..
ပထမဦးဆုံးအနေနဲ့ ကျွန်တော် သူငယ်ချင်းတစ်ယောက်က စရမယ်..
ဒီကောင် မှားပုံ က..
တစ်နေ့ စီနီယာ အကိုကြီးတစ်ယောက်က
" ညီလေး အကို့ ကို အကြော်စုံ ပူပူလေး တစ်ရာဖိုးလောက် ညီလေး ရိပ်သာ က အပြန်ဝယ်ခဲ့ပေးပါ့လား
ရော့ညီလေး နှစ်ရာ ၊ပိုတဲ့ တစ်ရာ ကိုညီလေး စားလိုက်တော့"
ဒီလိုပါပဲ ကျွန်တော် တို့ကျောင်းမှာက အကြီးကိုကြောက်လည်းကြောက် ရိုလဲရိုသေရ သကိုးဗျ..
ဒါပေမယ့် ချစ်စရာကောင်းတာတစ်ခု က အကြီးတွေက ဘာပဲခိုင်းခိုင်း အငယ်တွေအတွက် ပါ..မုန့် ၀ယ်ကြွေးတတ်တယ်..
ဒီကောင်လုပ်လာပုံ ကတော့..
" အကို...ဆိုင်မှာအကြော်တွေ ကုန်နေတယ်အကို..အဲဒါကြောင့်အကိုမှာ တာပါမလာဘူး..ရော့အကိုတစ်ရာ..ပိုတဲ့ တစ်ရာက ညီမုန့် ၀ယ်စားခဲ့တယ်.."
အကိုကြီးခမျာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့..
အဲလိုကောင်မျိုးပါပဲ..
နောက် ထပ်ဟာသ တွေအများသားလား..ကျောင်းရောက်ခါစ OTS ကျောင်းဆင်းတွေ ဖြစ်လေ့ဖြစ်ထပဲ
နည်းပြ ဗိုလ်ကြီးတွေပေါ့..သူတို့ က ကျောင်း အစဉ်အလာလည်းမသိသေးဘူးဆိုတော့ ဗိုလ်လောင်းတွေ လိမ့်သမျှ ခံနေရတော့တာပဲ..
ဒီထဲက ကျွန်တော် တို့ ဇာတ်လိုက်ကျော် ဗိုလ်ကြီး ရဲထွဋ် (နာမည်လွဲထားတယ်နော်) ကတော့ ကျောင်းတော်ရဲ
ဟာသမင်းသားကြီး ဇာတ်လိုက်ကျော်ကြီးပါပဲ..
ဆရာဆွေမင်း ရဲ့ မြိုင်ရာဇာရွာ က ကိုတွက်ပီကြီးလိုပဲ..သူကတော့ ချယ်ရီတော က မောင်ဖားကြီးပေါ့..
(သူက ၀ တော့ သူ့ကို ကျွန်တော်တို့ ကနာမည်ပေးထားတာ ဖားကြီးလို့)..သူကျောင်းရောက်ခါစက စတာပဲ
ကျောင်းမှာ က စီနီယာ ဂျူ နီယာ စနစ်နဲ့သွားတာဆိုတော့ ဗိုလ်လောင်းအချင်းချင်းတာဝန်ကျတွေ ရှိသကိုးဗျ..
သူတို့ အခန်းရှေ့တွေမှာကလည်း သူတို့ ရာထူးအလိုက် စာတန်းတွေရှိသကိုး..
ဗိုလ်လောင်းတပ်ရင်းမှူး(နောက်ဆုံးနှစ်ကျောင်းသား) အခန်း က ဗိုလ်လောင်းတပ်ရင်းမှူး ဆိုတဲ့ အခန်း ၀ စာတန်းကြီးကို တပ်ရင်မှူး( ဒုတီယဗိုလ်မှူးကြီး) အခန်းနဲ့ မှားပြီ ကျွန်တော် တို့ ဇာတ်လိုက်ကျော်ကြီး အလေးပြုပြီး ၀င်ခွင့်တောင်းတော့တာပဲ.
အခန်းဝမှာ အလေးပြုပြီး "အဘ ၀င်ခွင့်ပြုပါ" ဆိုပဲ..
နောက်
မကြာပါဘူး သူတပ်ခွဲမှူးကိုင်ရတော့ ဗိုလ်လောင်းတွေ ကိုမေးတော့ တာပဲ...ဘာလည်းဆိုတော့ ကျွန်တော် တို့
ဗိုလ်လောင်းတွေ လော်ကာ(ဗီဒို ) ကစ်မှာ ကျောင်းဆင်းယူနီဖောင်းဖြူဖြူလေး တွေတွေ့ပြီး မေးသတဲ့..
မင်းတို့ က ရေတပ်လျှောက်ထားတာလားတဲ့..သူပြောတာလည်းဟုတ်နေတာပဲ တပ်မတော်ရေ ယူနီဖောင်းကလည်း အဖြူကိုး..
နောက် ဇာတ်လိုက်ကျော်ကြီး ထပ်ဖြစ်တဲ့ အမှားကတော့ တစ်နေ့ ညမီးပိတ်ချိန် နောက်ဆုံးနှစ်အခန်းတွေ
လိုက် စစ်တော့ ခြင်ထောင် ထဲမှာ က မှာ က ဖဲ သမားတွေ က ဖဲရိုက်နေချိန် သူလာမှန်းသိတော့ ငြိမ်နေကြ
တာပေါ့ သူက ခြင်ထောင်ထဲက ဖဲဝိုင်းကို မသိရှာပဲ အပြင် က ပေါ့အိုး လေးကို လျှပ်စစ်ပစ္စည်းသုံးတယ်ဆိုပြီး
ရိုက်ခွဲ လိုက် ပြီး ကျေနပ်ပြီး ပြန်သွားလေရဲ့..
နောက် အရာရှိ တပ်ရင်းမှူး က သူကို သူ့ တပ်ခွဲ ကနောက် ဆုံးနှစ်တွေ အပြစ်ပေးဖို့ပြောတာပေါ့ ..ပြောတော့
သူက နောက်ဆုံးနှစ်တွေ ကို တန်းစီပြီး ဖားခုန် အပြစ်ပေးပါလေရော့ ..ကျွန်တော် တို့ လစ်မစ်က 500 ဆိုတာ အနည်းဆုံးပါ..အဲလို ပွဲမျိုးမှာ ..သူ ဘာမှ မသိမှန်းသိတော့ ဗိုလ်လောင်းတွေက 18 ခါလောက်ပဲရှိ
သေး..အီး အား ..အီး အား ..အော်ပါလေရော့.. သူက အဲဒီအချိန်မှာပဲ တန်းထအော်ပြီ. ..ဖြုတ်ပေးလိုက်တာပါပဲ ..သူက ပြောလိုက်သေးတယ်.. ရဲ ထွဋ်ကို ဘာမှတ်နေလည်း ရဲ ထွဋန်ကို လာစမ်းရင်
မျက်ရည်ဘူးသီးလုံးလောက်ကျသွားမယ် ဆိုပဲ..
ဒီလိုပါပဲ.. နောက် အဆောင်စစ် စစ်တော့ သူက တာဝန်ကျတွေနဲ့ ဗိုလ်လောင်းတွေ သင်တန်းသွားချိန်မှာ အဆောင်ကို လိုက်စစ်မယ်ပေါ့ လိုက်စစ်တာမှာ နောက်ဆုံးနှစ်ဗိုလ်လောင်းတစ်ယောက် က သင်တန်း
လစ်ပြီး အခန်းမှာ အိပ်နေတာပေါ့ အဲဒီမှာ သူက တာ ၀န် ကျ ဗိုလ်လောင်းကိုအဆောင်စစ်စာအုပ်ထဲ မှတ်တဲ့..
ခုတင်ပေါ် လူကျန် ဆိုပဲ.. အဲလိုမျိုးပါပဲ ကျွန်တော် တို့ ဇာတ်လိုက်ကျော်ကြီးက
ကျန်တာနောက်မှ ဆက်တော့မယ်ဗျာ......