Window ကို မြန်မြန်လေး သုံးကြည့်မယ်
အစ်ကို ကိုကိုရဲ ရေ အကြွေးစဆပ်ပြီနော် …………..
ကျနော် အခု ပြောမဲ့ အကြောင်းအရာကို တော်တော် များများသိကြပြီးဖြစ်ချင် ဖြစ်ပါလိမ့်မယ် ..။ မသိသေးတဲ့ လူအတွက်ပေါ့ဗျာ .. ။ တစ်ချို့ အသုံးနည်းတဲ့ ကီးတွေ ပြောပြမလို့ပါ .. ။ Ctrl ကီးကို ကိုင်ပြီး Select လုပ်တာ ဘာညာက တော်တော် များများသိကြပါတယ် .. ။ အခု ကီးနဲ့ mouse နဲ့တွဲသုံးတာတွေ ပြောပြပါ့မယ် . ။
ပုံမှန်အတိုင်း folder option မပြောင်းထားပဲ folder တစ်ခုကို Double Click နိုပ်ရင် same window မှာပဲ open အနေနဲ့ ပွင့်ပါတယ်။ တစ်ကယ်လို့ တစ်ခါတစ်လေလိုအပ်လို့ နောက်ထပ် window တစ်ခု အနေနဲ့ ပွင့်စေချင်ရင် .. ..
Shift ကီးကို ဖိထားပြီး D-Click ပေးလိုက်ရင် new window မှာ explorer အနေနဲ့ ပွင့်ပေးနိုင်ပါတယ် .. ။
ဘယ် folder ဘယ် file ကိုပဲ ဖြစ်ဖြစ် R-Click လုပ်ပြီး မှ Properties ကြည့်နေရတာ ကြာပါတယ် .. ။
Alt ကီးလေး ဖိထားပြီး D-Click လေး နိုပ်လိုက်ပါ ..။ သူ့ရဲ့ properties ပေါ်လာပါတယ် .. ။
copy ယူပြီး paste လုပ်တာ ၊ Drag ဆွဲတာတော့ အားလုံးသိပြီးသားပါ .. ။ ဖိုင်တစ်ခုခုရဲ့ shortcut ကိုလိုချင်ရင် R-Click လုပ်ပြီး Creat shortcut ပေးလို့ရတယ်။ ကြာတယ်လို့ ထင်လား ဒါဆို .. shortcut လုပ်ချင်တဲ့ ဖိုင်ကို click တစ်ချက်နိုပ် ..
Alt ကီးလေး ဖိထားပြီး shortcut ထားချင်တဲ့ နေရာကို Drag လုပ်ပေးလိုက်ပါ .. ။
folder တစ်ခုထဲမှာ ရှိတဲ့ ဖိုင်ကို copy ထပ်လုပ်ဖို့အတွက် copy ယူပြီး paste ချနေဦးမှာလား .. ။ Ctrl ကီးလေး ဖိထားပြီး Drag ဆွဲပေးလိုက်ပေါ့ ။
ကွန်ပျူတာ အကြောင်းတစ်စုံ တစ်ရာကြောင့် Hang သွားပြီ ဆိုရင် Task Manager ကိုခေါ်ပြီး ပိတ်လို့ ရပါတယ်။ ဒါက လူတိုင်းသိပါတယ် ။ Task Manager ခေါ်တဲ့ နည်း ၃ နည်း ရှိပါတယ် .. ။
Ctrl+Atl+Del ကို နိုပ်တာရယ် ..
Task bar မှာ R-Click လုပ်ပြီး Task Manager ဆိုတာကို click တာရယ်
Ctrl+Shift+Esc ကို နိုပ်တာရယ် ဖြစ်ပါတယ် ။
သိပြီးသားတွေကို ဖတ်ပေးကြလို့ ကျေးဇူးပါနော် …….. ။
0 comments:
Post a Comment